iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေပၚမွာ ကိုယ့္ရဲ႕ အလွအပကို အေႏွာက္အယွက္ ျဖစ္ေစတာကေတာ့ တင္းတိတ္ အမဲကြက္ေလးေတြျဖစ္ပါတယ္။ ျပင္းထန္တဲ့ ေနေရာင္ျခည္ဒဏ္၊ ကိုယ္ဝန္ေဆာင္ေနစဥ္ႏွင့္ အသက္အ႐ြယ္ေၾကာင့္လဲ တင္းတိတ္ဟာ အနည္းနဲ႕အမ်ား ျဖစ္တတ္ပါတယ္။

အမ်ိဳးသမီးေရာ အမ်ိဳးသားေတြမွာပါ  ျဖစ္တတ္ၿပီး အသားအေရရဲ႕ အျပင္ကေနျဖစ္တဲ့ တင္းတိတ္နဲ႕ အတြင္းကျဖစ္တဲ့ တင္းတိတ္ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အျပင္ဘက္က ျဖစ္တာကေတာ့ အမ်ားအားျဖင့္ ပူျပင္းတဲ့ ေနရာင္ျခည္ဒဏ္ခံရျခင္း၊ ဓာတုေဗဒအခိုးအေငြေတြနဲ႕ အၿမဲထိစပ္ေနရျခင္း၊ အသက္အ႐ြယ္ရလာျခင္းတို႔ေၾကာင့္ ျဖစ္တတ္ပါတယ္။
အတြင္းဘက္ တင္းတိတ္ကေတာ့ ေမြးရာပါလို႔ပဲ ဆိုရပါမယ္။ အသားအေရ ညိုတဲ့သူေတြမွာ ျဖစ္တတ္တာမ်ားပါတယ္။

တင္းတိတ္အမဲကြက္ေတြ အျမန္ေပ်ာက္ကင္းေအာင္ သဘာဝအတိုင္း အေကာင္းဆုံးကုသနည္းကေတာ့ မထင္ထားေလာက္ေအာင္ကို လြယ္ကူပါတယ္။

>>လိုေသာပစၥည္းမ်ား<<

၁။ နႏြင္းမႈန႔္ ၂။ လီမြန္သီး(အဝါေရာင္) တို႔ပဲျဖစ္ပါတယ္။

 

>>ကုသနည္း<<

- နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း (၁)ဇြန္း ႏွင့္ ညွစ္ထားေသာ လီမြန္သီးအရည္ လက္ဖက္ရည္ဇြန္း (၁)ဇြန္းတို႔ကို ခြက္သန႔္သန႔္ထဲတြင္ သမေအာင္ ေရာေမႊပါ။

 

- တင္းတိတ္ရွိေသာေနရာကို ဝါဂြမ္းအသုံးျပဳ၍ လိမ္းက်ံပါ။

 

- ၁၅ မိနစ္ခန႔္ ေျခာက္ေအာင္ထားၿပီး ေနာက္ဆုံးမွာ ေရေအးႏွင့္ ေဆးပစ္ပါ။

အထက္ပါအတိုင္း ျပဳလုပ္ၿပီးေနာက္ ေနပူျပင္းျပင္းထဲသို႔ အေဆာင္းအကာ မပါပဲႏွင့္ ခ်က္ျခင္းသြားတာမ်ိဳးကို ေရွာင္က်ဥ္ပါ။
တစ္ေန႕ကို အနည္းဆုံး ႏွစ္ႀကိမ္ခန႔္ ေရခ်ိဳးခါနီးတြင္ ျပဳလုပ္ျခင္းက အေကာင္းဆုံးျဖစ္သည္။ လီမြန္အရည္က အသားအရည္ေပၚက အညစ္အမဲေတြကို ဖယ္ရွားေစၿပီး နႏြင္းကေတာ့ အသားအေရကို ပိုမိုညီၫြတ္ေဖ်ာ့ေတာ့ေအာင္ စြမ္းေဆာင္ေပးနိုင္တဲ့အတြက္ ယင္းတို႔ႏွစ္ခုကို သမေအာင္ ေရာစပ္ အသုံးျပဳရျခင္းျဖစ္သည္။

အကယ္၍ အသားအေရ ႏူးညံ့လြန္းၿပီး အထိခိုက္မခံနိုင္ေသာ အသားအေရ (sensitive skin) ျဖစ္ခဲ့ပါက လီမြန္အရည္ထဲကို ေရအနည္းငယ္ (သို႔) ႏြားနို႔အနည္းငယ္ ေရာစပ္ၿပီး အသုံးျပဳနိုင္ပါတယ္။ တစ္ပတ္ ႏွစ္ပတ္အတြင္း ထူးျခားမႈကို ကိုယ္တိုင္ေတြ႕ျမင္ရပါလိမ့္မည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Popolay

#Unicode Version
 မျက်နှာပေါ်မှာ ကိုယ့်ရဲ့ အလှအပကို အနှောက်အယှက် ဖြစ်စေတာကတော့ တင်းတိတ် အမဲကွက်လေးတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်၊ ကိုယ်ဝန်ဆောင်နေစဉ်နှင့် အသက်အရွယ်ကြောင့်လဲ တင်းတိတ်ဟာ အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။

အမျိုးသမီးရော အမျိုးသားတွေမှာပါ  ဖြစ်တတ်ပြီး အသားအရေရဲ့ အပြင်ကနေဖြစ်တဲ့ တင်းတိတ်နဲ့ အတွင်းကဖြစ်တဲ့ တင်းတိတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ဘက်က ဖြစ်တာကတော့ အများအားဖြင့် ပူပြင်းတဲ့ နေရာင်ခြည်ဒဏ်ခံရခြင်း၊ ဓာတုဗေဒအခိုးအငွေတွေနဲ့ အမြဲထိစပ်နေရခြင်း၊ အသက်အရွယ်ရလာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
အတွင်းဘက် တင်းတိတ်ကတော့ မွေးရာပါလို့ပဲ ဆိုရပါမယ်။ အသားအရေ ညိုတဲ့သူတွေမှာ ဖြစ်တတ်တာများပါတယ်။

တင်းတိတ်အမဲကွက်တွေ အမြန်ပျောက်ကင်းအောင် သဘာဝအတိုင်း အကောင်းဆုံးကုသနည်းကတော့ မထင်ထားလောက်အောင်ကို လွယ်ကူပါတယ်။

>>လိုသောပစ္စည်းများ<<

၁။ နနွင်းမှုန့် ၂။ လီမွန်သီး(အဝါရောင်) တို့ပဲဖြစ်ပါတယ်။


>>ကုသနည်း<<

- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း နှင့် ညှစ်ထားသော လီမွန်သီးအရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်းတို့ကို ခွက်သန့်သန့်ထဲတွင် သမအောင် ရောမွှေပါ။


- တင်းတိတ်ရှိသောနေရာကို ဝါဂွမ်းအသုံးပြု၍ လိမ်းကျံပါ။


- ၁၅ မိနစ်ခန့် ခြောက်အောင်ထားပြီး နောက်ဆုံးမှာ ရေအေးနှင့် ဆေးပစ်ပါ။

အထက်ပါအတိုင်း ပြုလုပ်ပြီးနောက် နေပူပြင်းပြင်းထဲသို့ အဆောင်းအကာ မပါပဲနှင့် ချက်ခြင်းသွားတာမျိုးကို ရှောင်ကျဉ်ပါ။
တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ခန့် ရေချိုးခါနီးတွင် ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်။ လီမွန်အရည်က အသားအရည်ပေါ်က အညစ်အမဲတွေကို ဖယ်ရှားစေပြီး နနွင်းကတော့ အသားအရေကို ပိုမိုညီညွတ်ဖျော့တော့အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် ယင်းတို့နှစ်ခုကို သမအောင် ရောစပ် အသုံးပြုရခြင်းဖြစ်သည်။

အကယ်၍ အသားအရေ နူးညံ့လွန်းပြီး အထိခိုက်မခံနိုင်သော အသားအရေ (sensitive skin) ဖြစ်ခဲ့ပါက လီမွန်အရည်ထဲကို ရေအနည်းငယ် (သို့) နွားနို့အနည်းငယ် ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ တစ်ပတ် နှစ်ပတ်အတွင်း ထူးခြားမှုကို ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Popolay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top