iMyanmarHouse.com - Best Property Website for Myanmar
×

ညဳိ႕ခ်က္ (၁) တစ္ခ်ိဳ႕ မိန္းမေတြက မ်က္ႏွာကို ခ်ိဳခ်ိဳေလး လုပ္ထားတတ္တယ္။ အဲ့ဒါ ေယာကၤ်ားေတြကို စြဲေဆာင္တဲ့ နံပါတ္တစ္ "သိတံ" လုိ႕ ေခၚတယ္။ (မ်က္ႏွာျမင္ ခ်စ္ခင္ပါေစဆိုတဲ့ ရုပ္ေလးေတြေပါ့ဗ်ာ)

ညဳိ႕ခ်က္ (၂) တစ္ခ်ိဳ႕က်ေတာ့ အသံတုိးတိုးေလးေတြနဲ႕ ရီျပတတ္တယ္။ အဲ့ဒါက ညိွဳ႕ခ်က္ နံပါတ္ႏွစ္ "ဟာသ" လုိ႕ေခၚတယ္။ (မၾကားတၾကားနဲ႔ သတိထားရမယ့္ ဆည္းလည္းသံေလးေတြေပါ့)

 ညဳိ႕ခ်က္ (၃) တစ္ခ်ိဳ႕ မိန္းကေလးေလးေတြက်ေတာ့ ေယာကၤ်ားေလးတစ္ေယာက္ရဲ႕ ေရွ႕ကိုေရာက္ရင္ေၾကာက္ျပ၊ စိုးထိတ္ျပတတ္ တယ္။ အဲ့ဒါက ညွိဳ႕ခ်က္ နံပါတ္သံုး "ဘယ"တဲ့။ (အားကိုးခံခ်င္တဲ့ ေယာက်္ားေလးေတြအၾကိဳက္ေပါ့ဗ်ာ ေနာက္မွ(ညားျပီးမွ) မိန္းမၾကမ္းၾကီးျဖစ္ေနတတ္မို႔ သတိရွိ ဟိဟိ)

 ညဳိ႕ခ်က္ (၄) တစ္ခ်ိဳ႕မိန္းကေလးေတြက ရွက္ကိုးရွက္ကန္းဟန္ လုပ္ျပတတ္တယ္။ လွ်ာတစ္လစ္ထုတ္ျပတတ္တယ္။ အဲ့ဒါက ညွိဳ႕ခ်က္ နံပါတ္ေလး "လဇၨ" လုိ႕ေခၚတယ္။ (ကေလးဆန္တယ္ ခ်စ္စရာေကာင္းတယ္ဆိုျပီး အသည္းယားရင္း ယားရင္း ခ်စ္သြားတတ္တဲ့ ပံုစံမ်ိဳးေပါ့။ သတိထားၾကေနာ္ လွ်ာတစ္လစ္ ထုတ္တုန္းက ခ်စ္စရာေကာင္းခဲ့ျပီး ညားျပီးမွ အဲဒီလွ်ာကပဲ ဗ်စ္ေတာက္ ဗ်စ္ေတာက္ ျမည္တြန္တတ္တယ္ဆိုတာ …..အဟဲဟဲ)

ညဳိ႕ခ်က္ (၅) တစ္ခ်ိဳ႕မိန္းကေလးေတြက်ေတာ့ စကားကိုမၾကားတစ္ၾကားျဖစ္ေအာင္ လုပ္ေျပာတတ္တယ္။ အဲ့ဒါကေတာ့ ညွိဳ႕ခ်က္ နံပါတ္ငါး"မႏၶ၀ါစာ" လုိ႕ေခၚတယ္။ (ခ်စ္တယ္ဆိုတဲ့ အေျဖကို မေပးခ်င္ေပးခ်င္ ေပးရတဲ့ ေလသံမ်ိဳးေပါ့ ေနာက္ေတာ့လည္း အတင္းအဖ်င္းေျပာရင္ အသံုး၀င္လာ တတ္တဲ့ ညိဳ႕နည္းေလးေပါ့)

ညဳိ႕ခ်က္ (၆) မ်က္လံုးေထာင့္ကပ္ၾကည့္တာ ညွိဳ႕ခ်က္ နံပါတ္ေျခာက္ "အေဒကၡဏာ"တဲ့။ (ရုပ္ရွင္ေတြထဲမွာ အေႏွးရိုက္ျပရင္ သိပ္ကိုၾကည့္ေကာင္းတဲ့ ပံုစံမ်ိဳးေပါ့ ညားျပီးတဲ့အခါမွ ေထာင့္ကပ္ၾကည့္တာမဟုတ္ဘဲ မ်က္ေစာင္းေတြခ်ည္း တဒိုင္းဒိုင္းအထိုးခံရေနႏိုင္တဲ့ အၾကည့္မ်ိဳးပါ ဟဲ ဟဲ)

 ညဳိ႕ခ်က္ (၇) မ်က္ရည္က်ျပတာက ညိဳ႕ခ်က္ခုႏွစ္ "ရုဒါ"တဲ့။ (သနားရာကေန ဟင္း ဟင္း ဟင္း ခ်စ္မိသြားတယ္ဆိုတာမ်ိဳးေပါ့ မ်က္ရည္ဆိုတာက မိန္းမေတြရဲ႕ လက္နက္ေလ အဲဒီလက္နက္နဲ႔လည္း ကိုယ္ေတြကို ေျခြသြားတတ္တယ္ေနာ္)

ညဳိ႕ခ်က္ (၈) မခံခ်င္ေအာင္ စကားနာထုိးတာက ညိဳ႕ခ်က္ရွစ္ "ဤကံကလဟ"လုိ႕ ေခၚတယ္။ (စကားနာထိုးစဥ္က မနာဘဲ ပိုပိုခ်စ္တတ္တဲ့လူေတြ အိမ္ေထာင္က်ျပီးေတာ့ အရမ္းနာတတ္တဲ့ ညိဳ႕ခ်က္ေလးပါ အဟိ) အခုေဖာ္ျပခဲ့တာကေတာ့ ေယာက်္ားေလးေတြကို က်ေအာင္ညိဳ ့ႏိုင္တဲ့ မိန္းကေလးေတြရဲ႕ ညိဳ႕နည္း ၈ မ်ိဳးပါ။

Credit : original writer

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 Unicode Version
ညို့ချက် (၁) တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂) တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

 ညို့ချက် (၃) တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောကျ်ားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

 ညို့ချက် (၄) တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅) တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင် လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓဝါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာ တတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆) မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

 ညို့ချက် (၇) မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈) မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ) အခုဖော်ပြခဲ့တာကတော့ ယောကျ်ားလေးတွေကို ကျအောင်ညို့နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

Credit : original writer



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top