iMyanmarHouse.com - Best Property Website for Myanmar
×

၀ါးတီးတို႔တစ္ေတြမ်ား စားေကာင္းေသာက္ဖြယ္ေတြရွိတယ္ေဟ့ ဆိုတာနဲ႔ ေရဆံုးေျမဆံုးလိုက္ရွာၿပီး စားေနခ်ိန္မွာ ဆိုးဆိုးရႊားရႊား ၀ိတ္ေလွ်ာ့ေနရတဲ့သူေတြလဲရွိတာေပါ့ေနာ္…. ဒီအထဲမွာမွ အလွအပနဲ႔ပတ္သက္ၿပီး နာမည္ႀကီးလွတဲ့ ကိုရီးယားႏိုင္ငံရဲ႕ ေက်ာ္ၾကားသူေတြ ဘယ္လိုစားေနရရွာလဲဆိုတာ ေျပာျပခ်င္ပါတယ္…။

တစ္မ်ိဳးတည္းစား ၀ိတ္ခ်နည္း

ရွင္းပါတယ္…။ ကိုယ္စားခ်င္တဲ့ ကယ္လိုရီနည္းတဲ့ အစားအစာ တစ္မ်ိဳးကိုေရြးလိုက္ပါ။ ၿပီးရင္ေတာ့ တစ္ေန႔ကုန္ အဲ့ဒီ့တစ္မ်ိဳးတည္းကို စားရမွာပါ။ ဒီတစ္မ်ိဳးတည္းကိုပဲ ေန႔စဥ္ရက္ဆက္စားေနရလို႔ ဖ်ားခ်င္သလိုလိုေတြဘာေတြ ျဖစ္ခ်င္ျဖစ္လာလိမ့္မယ္။ ဒါေပမယ့္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္လာတာေၾကာင့္ ၀ိတ္က်သြားပါလိမ့္မယ္။ နာမည္ႀကီးကိုရီးယားအႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ား ဒီနည္းကို သံုးၾကပါတယ္။

Taiklipymhtyqetq0oqz
 
ဖရဲသီး ၀ိတ္ခ်နည္း

2NE1 အဖြဲ႔က Park Bom လုပ္ေလ့ရွိပါတယ္။ ဖရဲသီးက လိုအပ္တဲ့ ေရဓါတ္အျပင္ ဗီတာမင္ေတြလဲပါလို႔ ၀ိတ္ခ်ရာမွာ အစြမ္းထက္လွပါတယ္။

ဆလတ္ရြက္ ၀ိတ္ခ်နည္း

ဒါလဲ Park Bom ၀ိတ္ခ်တဲ့အခ်ိန္ သံုးခဲ့ရတာပဲ…။ တစ္ေနကုန္ ဆလတ္ရြက္ပဲ စားၿပီးေနရတာပါ။ ဆလတ္ရြက္မွာပါတဲ့ အမွ်င္ဓါတ္က ဗိုက္ျပည့္ၿပီဆိုၿပီး ထင္မွတ္ေစမွာပါ။

Igfrtclnonsrfvqijxia
သခြားသီး ၀ိတ္ခ်နည္း

သူလဲ ဖရဲသီးလိုပါပဲ။ Sister အဖြဲ႔၀င္ Dasom က အသီးအရြက္ေတြခ်ည္းစားၿပီး ၀ိတ္ခ်ဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ ရလဒ္ကေတာ့ အံ့မခန္းပဲ… ၃ ပါတ္အတြင္းမွာ 10 Kg ေတာင္ က်သြားေလရဲ႕…။

ဒိန္းမတ္၀ိတ္ခ်နည္း

ပရိုတင္းမ်ားမ်ား ကယ္လိုရီနည္းနည္းကို သတ္မွတ္ထားတဲ့ ကာလအတြင္း တိတိက်က် စားရတာပါ။ Kara က Nicole သံုးခဲ့ၿပီး 3 Kg ေက်ာ္ က်သြားခဲ့ပါတယ္။


၁၅၀၀ ကယ္လိုရီ ၀ိတ္ခ်နည္း

နာမည္ႀကီး SNSD ရဲ႕ အဖြဲ႔၀င္ေတြ ဘာလို႔မ်ား ဒီေလာက္လွေနၾကလဲဆိုတဲ့ အေျဖပါပဲ။ သူတို႔ကေတာ့ တစ္ေန႔ကို အရြက္ ၅၀ ဂရမ္၊ ဘရိုကိုလီ ၅ တံုး၊ ဆန္လံုးညိဳ ၁၅၀ ဂရမ္ နဲ႔ ၾကက္ရင္ပံုသား ၁၀၀ ဂရမ္ စားႏိုင္ပါတယ္။

အေသအေၾက ၀ိတ္ခ်နည္း

ေတာင္ကိုရီးယား R&B အဆိုေတာ္ Wheesung ကေတာ့ သူ႔၀ိတ္ခ်နည္းကို အေသအေၾက၀ိတ္ခ်နည္း လို႔ေခၚပါတယ္တဲ့။ ၾကက္ရင္ပံုသားနဲ႔ ဆလတ္ရြက္ေတြပဲ စားရၿပီး ဗိုက္ဆာရင္ Almond အေစ့ေလးေတြစားရပါတယ္။ ဗီတာမင္ေဆး၀ါးေတြလဲမွီ၀ဲခဲ့ရၿပီး ေရပိုေသာက္ဖို႔လိုတယ္လို႔ ဆိုပါတယ္။

Bfnvrhnzx6xzweqpecuo
လီမြန္ Detox ၀ိတ္ခ်နည္း

အဆိုးဆံုး ၀ိတ္ခ်နည္းေတြ ေတြးၾကည့္လိုက္ပါ။ ဒီနည္းက အဆိုးဆံုးျဖစ္ေစပါလိမ့္မယ္။ ၀ိတ္က်ေစမယ့္အျပင္ကိုယ္တြင္းကလီစာေတြကိုအဆိပ္ထုတ္ပစ္လိုက္မွာပါ။ ေဆးဖက္၀င္အရြက္ေတြကို လီမြန္အရည္နဲ႔ေရာၿပီး လက္ဖက္ရည္ပံုစံ ေသာက္ေပးရတာေတြပါပါတယ္။ အဆိုေတာ္ လီဟိုရီကေတာ့ ၃ ရက္နဲ႔ လက္ေလွ်ာ့ခဲ့ရပါတယ္တဲ့။

ေရခဲေသတၱာထဲက မုန္႔ေတြကိုပစ္ၿပီး သူမ်ားေတြ ၾကက္ေၾကာ္ကိုက္ေနခ်ိန္မွာ ဆလတ္ရြက္စားႏိုင္ဖို႔ဆိုတာ ၀ါးတီးတို႔အတြက္ေတာ့ ဆိုး၀ါးလြန္းလွပါတယ္။ ဒါေပမယ့္ လွပက်န္းမာေစဖို႔အတြက္ ဆိုးဆိုး၀ါး၀ါး မလုပ္ႏိုင္ရင္ေတာင္ နည္းနည္းေလးကစၿပီး ထိန္းသိမ္းၾကည့္ၾကတာေပါ့ေနာ္!

Credit:ပန္းပြင့္ေလး (မိုမိုေလး)


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version



ဝါးတီးတို့တစ်တွေများ စားကောင်းသောက်ဖွယ်တွေရှိတယ်ဟေ့ ဆိုတာနဲ့ ရေဆုံးမြေဆုံးလိုက်ရှာပြီး စားနေချိန်မှာ ဆိုးဆိုးရွှားရွှား ဝိတ်လျှော့နေရတဲ့သူတွေလဲရှိတာပေါ့နော်…. ဒီအထဲမှာမှ အလှအပနဲ့ပတ်သက်ပြီး နာမည်ကြီးလှတဲ့ ကိုရီးယားနိုင်ငံရဲ့ ကျော်ကြားသူတွေ ဘယ်လိုစားနေရရှာလဲဆိုတာ ပြောပြချင်ပါတယ်…။

တစ်မျိုးတည်းစား ဝိတ်ချနည်း

ရှင်းပါတယ်…။ ကိုယ်စားချင်တဲ့ ကယ်လိုရီနည်းတဲ့ အစားအစာ တစ်မျိုးကိုရွေးလိုက်ပါ။ ပြီးရင်တော့ တစ်နေ့ကုန် အဲ့ဒီ့တစ်မျိုးတည်းကို စားရမှာပါ။ ဒီတစ်မျိုးတည်းကိုပဲ နေ့စဉ်ရက်ဆက်စားနေရလို့ ဖျားချင်သလိုလိုတွေဘာတွေ ဖြစ်ချင်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်လာတာကြောင့် ဝိတ်ကျသွားပါလိမ့်မယ်။ နာမည်ကြီးကိုရီးယားအနုပညာရှင် တော်တော်များများ ဒီနည်းကို သုံးကြပါတယ်။

Taiklipymhtyqetq0oqz

ဖရဲသီး ဝိတ်ချနည်း

2NE1 အဖွဲ့က Park Bom လုပ်လေ့ရှိပါတယ်။ ဖရဲသီးက လိုအပ်တဲ့ ရေဓါတ်အပြင် ဗီတာမင်တွေလဲပါလို့ ဝိတ်ချရာမှာ အစွမ်းထက်လှပါတယ်။

ဆလတ်ရွက် ဝိတ်ချနည်း

ဒါလဲ Park Bom ဝိတ်ချတဲ့အချိန် သုံးခဲ့ရတာပဲ…။ တစ်နေကုန် ဆလတ်ရွက်ပဲ စားပြီးနေရတာပါ။ ဆလတ်ရွက်မှာပါတဲ့ အမျှင်ဓါတ်က ဗိုက်ပြည့်ပြီဆိုပြီး ထင်မှတ်စေမှာပါ။

Igfrtclnonsrfvqijxia
သခွားသီး ဝိတ်ချနည်း

သူလဲ ဖရဲသီးလိုပါပဲ။ Sister အဖွဲ့ဝင် Dasom က အသီးအရွက်တွေချည်းစားပြီး ဝိတ်ချဖို့ ရွေးချယ်ခဲ့ပါတယ်။ ရလဒ်ကတော့ အံ့မခန်းပဲ… ၃ ပါတ်အတွင်းမှာ 10 Kg တောင် ကျသွားလေရဲ့…။

ဒိန်းမတ်ဝိတ်ချနည်း

ပရိုတင်းများများ ကယ်လိုရီနည်းနည်းကို သတ်မှတ်ထားတဲ့ ကာလအတွင်း တိတိကျကျ စားရတာပါ။ Kara က Nicole သုံးခဲ့ပြီး 3 Kg ကျော် ကျသွားခဲ့ပါတယ်။


၁၅၀၀ ကယ်လိုရီ ဝိတ်ချနည်း

နာမည်ကြီး SNSD ရဲ့ အဖွဲ့ဝင်တွေ ဘာလို့များ ဒီလောက်လှနေကြလဲဆိုတဲ့ အဖြေပါပဲ။ သူတို့ကတော့ တစ်နေ့ကို အရွက် ၅၀ ဂရမ်၊ ဘရိုကိုလီ ၅ တုံး၊ ဆန်လုံးညို ၁၅၀ ဂရမ် နဲ့ ကြက်ရင်ပုံသား ၁၀၀ ဂရမ် စားနိုင်ပါတယ်။

အသေအကြေ ဝိတ်ချနည်း

တောင်ကိုရီးယား R&B အဆိုတော် Wheesung ကတော့ သူ့ဝိတ်ချနည်းကို အသေအကြေဝိတ်ချနည်း လို့ခေါ်ပါတယ်တဲ့။ ကြက်ရင်ပုံသားနဲ့ ဆလတ်ရွက်တွေပဲ စားရပြီး ဗိုက်ဆာရင် Almond အစေ့လေးတွေစားရပါတယ်။ ဗီတာမင်ဆေးဝါးတွေလဲမှီဝဲခဲ့ရပြီး ရေပိုသောက်ဖို့လိုတယ်လို့ ဆိုပါတယ်။

Bfnvrhnzx6xzweqpecuo
လီမွန် Detox ဝိတ်ချနည်း

အဆိုးဆုံး ဝိတ်ချနည်းတွေ တွေးကြည့်လိုက်ပါ။ ဒီနည်းက အဆိုးဆုံးဖြစ်စေပါလိမ့်မယ်။ ဝိတ်ကျစေမယ့်အပြင်ကိုယ်တွင်းကလီစာတွေကိုအဆိပ်ထုတ်ပစ်လိုက်မှာပါ။ ဆေးဖက်ဝင်အရွက်တွေကို လီမွန်အရည်နဲ့ရောပြီး လက်ဖက်ရည်ပုံစံ သောက်ပေးရတာတွေပါပါတယ်။ အဆိုတော် လီဟိုရီကတော့ ၃ ရက်နဲ့ လက်လျှော့ခဲ့ရပါတယ်တဲ့။

ရေခဲသေတ္တာထဲက မုန့်တွေကိုပစ်ပြီး သူများတွေ ကြက်ကြော်ကိုက်နေချိန်မှာ ဆလတ်ရွက်စားနိုင်ဖို့ဆိုတာ ဝါးတီးတို့အတွက်တော့ ဆိုးဝါးလွန်းလှပါတယ်။ ဒါပေမယ့် လှပကျန်းမာစေဖို့အတွက် ဆိုးဆိုးဝါးဝါး မလုပ်နိုင်ရင်တောင် နည်းနည်းလေးကစပြီး ထိန်းသိမ်းကြည့်ကြတာပေါ့နော်!

Credit:ပန်းပွင့်လေး (မိုမိုလေး)




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top