iMyanmarHouse.com - Best Property Website for Myanmar
×

နည္းပညာက ကြ်ႏု္ပ္တုိ႔ကို ေရျခားေျမျခားကေန တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္စကားေျပာလုိ႔ ရေစႏုိင္ေပမယ့္ အနီးကပ္ထိေတြ႔မႈ မေပးႏုိင္ပါဘူး။ တယုတယထိေတြ႔စရာ တစ္ေယာက္မွ မရိွသူေတြဟာ အထီးက်န္မႈ ခံစားျပီး တျဖည္းျဖည္း စိတ္က်ေရာဂါရရိွႏုိင္ဖြယ္ ရိွပါတယ္။ အျမတ္တႏုိးထိေတြ႔ျခင္းဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္မႈျပဳရာမွာ ေခတ္မမီေတာ့တဲ့ နည္းလမ္းလို႕ သတ္မွတ္ရင္လံုး၀မွားသြားပါလိမ့္မယ္။

ေပြ႔႕ဖက္ျခင္းဟာ စကားလုံးထက္ ပိုအစြမ္းထက္ျပီး ေဆးဝါးထက္လည္း ပိုမိုထိေရာက္ပါတယ္။ အၾကင္နာေပးထိေတြ႔မႈက လူသားေတြ ေတြ႔ၾကဳံခံစားႏုိင္တဲ့ ႏွစ္လုိဖြယ္အေကာင္းဆုံးအရာေတြထဲက တစ္ခု ျဖစ္ပါတယ္။

၁။ အထိအေတြ႔က စကားလုံးေတြထက္ ခံစားခ်က္ေတြ ပိုမိုေဖာ္ျပေပးႏုိင္ပါတယ္။ "ခ်စ္တယ္" ဆိုတဲ့ မက္ေဆ့ခ်္ အေဆာင္ (၁၀၀) ေပးပို႔လဲ တစ္ခ်က္ေလး ေပြ႔ဖက္တာေလာက္ မထိေရာက္ပါဘူး။

၂။ မၾကာခဏ ရန္ျဖစ္စကားမ်ားတဲ့ စုံတြဲ ၇၀ ရာခုိင္ႏႈန္းဟာ တစ္ေယာက္ကုိတစ္ေယာက္ ထိေတြ႔မႈ အလြန္နည္းၾကတယ္လုိ႔ စစ္တမ္းေကာက္ေလ့လာမႈေတြက အခုိင္အမာဆုိပါတယ္။ အခ်စ္ေရးတစ္ခုမွာ ၾကင္နာယုတတဲ့ အထိအေတြ႔ ကင္းမဲ့တဲ့အခါ အခ်စ္ေရး အဆင္မေျပ ပိုျဖစ္ၾကပါတယ္။

၃။ ထိေတြ႔မႈက ခ်စ္ခင္ရင္းႏွီးမႈ ျဖစ္ပြားေစဖုိ႔ အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။

၄။ မိမိခ်စ္ရသူနဲ႔ ထိေတြ႔တဲ့အခါ ဘာေၾကာင့္ ကြ်ႏု္ပ္တုိ႔ သာယာမႈခံစားရလဲဆုိတာ သိပၸံပညာရပ္ကေတာင္ အျပည့္အဝ မေဖာ္ထုတ္ႏုိင္ေသးပါဘူး။ သင့္ခ်စ္သူ သင့္ကို ေပြ႔ဖက္တဲ့အခါ ခံစားရတဲ့ ဝမ္းသာပီတိျဖစ္မႈေတြကုိ စိတ္ကူးသာၾကည့္လုိက္ေတာ့။

၅။ အထိအေတြ႔တစ္ခ်က္က စိတ္ဒဏ္ရာေတြ သက္သာေပ်ာက္ကင္းေစပါတယ္။ စိတ္၊ ႏွလုံးသားနဲ႔ ခႏၶာကိုယ္ကို အံ့ၾသဖြယ္ရာေတြ လုပ္ေဆာင္ေပးႏုိင္ပါတယ္။

၆။ အထိအေတြ႔က အားအင္ေတြ ကူးေျပာင္းေစပါတယ္။ ပူးပူးကပ္ကပ္ေနျခင္းရဲ႕ အက်ဳိးသက္ေရာက္မႈက နာရီနဲ႔ခ်ီခံျပီး အတူတူဆုိရင္ ရက္နဲ႔ခ်ီ အက်ဳိးျဖစ္ထြန္းႏုိင္ပါတယ္။ စိတ္ခံစားခ်က္ေတြ တုိးတက္ေကာင္းမြန္ျပီး ေလာကၾကီးကို သာယာလွပေစပါတယ္။

၇။ အထိအေတြ႔က အျပင္းထန္ဆုံး အျငင္းပြားမႈေတြေတာင္ ရပ္တန္႔ေစႏုိင္ပါတယ္။ ရန္ျဖစ္စကားမ်ားေနတုန္း သင့္လက္တြဲေဖာ္ သင့္ကို ရုတ္တရက္ ေပြ႔ဖက္လုိက္မယ္ဆုိပါက သင္ၾကိမ္းေမာင္းေနဦးမွာလား။ စိတ္ေတြ ရုတ္ခ်ည္း ေျပာင္းလဲျပီး ပီတိေတြ ျဖာထြက္လာမွာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:trend myanmar

#Unicode Version

နည်းပညာက ကျွနု်ပ်တို့ကို ရေခြားမြေခြားကနေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်စကားပြောလို့ ရစေနိုင်ပေမယ့် အနီးကပ်ထိတွေ့မှု မပေးနိုင်ပါဘူး။ တယုတယထိတွေ့စရာ တစ်ယောက်မှ မရှိသူတွေဟာ အထီးကျန်မှု ခံစားပြီး တဖြည်းဖြည်း စိတ်ကျရောဂါရရှိနိုင်ဖွယ် ရှိပါတယ်။ အမြတ်တနိုးထိတွေ့ခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုပြုရာမှာ ခေတ်မမီတော့တဲ့ နည်းလမ်းလို့ သတ်မှတ်ရင်လုံးဝမှားသွားပါလိမ့်မယ်။

ပွေ့ဖက်ခြင်းဟာ စကားလုံးထက် ပိုအစွမ်းထက်ပြီး ဆေးဝါးထက်လည်း ပိုမိုထိရောက်ပါတယ်။ အကြင်နာပေးထိတွေ့မှုက လူသားတွေ တွေ့ကြုံခံစားနိုင်တဲ့ နှစ်လိုဖွယ်အကောင်းဆုံးအရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

၁။ အထိအတွေ့က စကားလုံးတွေထက် ခံစားချက်တွေ ပိုမိုဖော်ပြပေးနိုင်ပါတယ်။ "ချစ်တယ်" ဆိုတဲ့ မက်ဆေ့ချ် အဆောင် (၁၀၀) ပေးပို့လဲ တစ်ချက်လေး ပွေ့ဖက်တာလောက် မထိရောက်ပါဘူး။

၂။ မကြာခဏ ရန်ဖြစ်စကားများတဲ့ စုံတွဲ ၇၀ ရာခိုင်နှုန်းဟာ တစ်ယောက်ကိုတစ်ယောက် ထိတွေ့မှု အလွန်နည်းကြတယ်လို့ စစ်တမ်းကောက်လေ့လာမှုတွေက အခိုင်အမာဆိုပါတယ်။ အချစ်ရေးတစ်ခုမှာ ကြင်နာယုတတဲ့ အထိအတွေ့ ကင်းမဲ့တဲ့အခါ အချစ်ရေး အဆင်မပြေ ပိုဖြစ်ကြပါတယ်။

၃။ ထိတွေ့မှုက ချစ်ခင်ရင်းနှီးမှု ဖြစ်ပွားစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

၄။ မိမိချစ်ရသူနဲ့ ထိတွေ့တဲ့အခါ ဘာကြောင့် ကျွနု်ပ်တို့ သာယာမှုခံစားရလဲဆိုတာ သိပ္ပံပညာရပ်ကတောင် အပြည့်အဝ မဖော်ထုတ်နိုင်သေးပါဘူး။ သင့်ချစ်သူ သင့်ကို ပွေ့ဖက်တဲ့အခါ ခံစားရတဲ့ ဝမ်းသာပီတိဖြစ်မှုတွေကို စိတ်ကူးသာကြည့်လိုက်တော့။

၅။ အထိအတွေ့တစ်ချက်က စိတ်ဒဏ်ရာတွေ သက်သာပျောက်ကင်းစေပါတယ်။ စိတ်၊ နှလုံးသားနဲ့ ခန္ဓာကိုယ်ကို အံ့သြဖွယ်ရာတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

၆။ အထိအတွေ့က အားအင်တွေ ကူးပြောင်းစေပါတယ်။ ပူးပူးကပ်ကပ်နေခြင်းရဲ့ အကျိုးသက်ရောက်မှုက နာရီနဲ့ချီခံပြီး အတူတူဆိုရင် ရက်နဲ့ချီ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စိတ်ခံစားချက်တွေ တိုးတက်ကောင်းမွန်ပြီး လောကကြီးကို သာယာလှပစေပါတယ်။

၇။ အထိအတွေ့က အပြင်းထန်ဆုံး အငြင်းပွားမှုတွေတောင် ရပ်တန့်စေနိုင်ပါတယ်။ ရန်ဖြစ်စကားများနေတုန်း သင့်လက်တွဲဖော် သင့်ကို ရုတ်တရက် ပွေ့ဖက်လိုက်မယ်ဆိုပါက သင်ကြိမ်းမောင်းနေဦးမှာလား။ စိတ်တွေ ရုတ်ချည်း ပြောင်းလဲပြီး ပီတိတွေ ဖြာထွက်လာမှာပါ။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top