iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းေလွ်ာ္တဲ့အခါမွာ ဆံသား ေတြ မပ်က္မစီးဘဲ ေတာက္ ေျပာင္က်န္းမာေနေစဖို႔အတြက္ မွန္ကန္တဲ့ အမူအက်င့္ေလးေတြ လုပ္ဖို႔ေတာ့ လုိပါတယ္။ ဆံပင္ ကို ပ်က္စီးေအာင္လုပ္မိေစတဲ့ အခ်က္ေလးေတြ သတိထားရ ေအာင္လို႔ ေဖာ္ျပလိုက္ပါတယ္။

ေခါင္းၿဖီးမႈစနစ္မက်ျခင္း

ဆံပင္ကို နည္းလမ္းမွန္မွန္ နဲ႔ ၿဖီးဖို႔ကလည္း အေရးႀကီးတဲ့အ ခ်က္ပါ။ ေခါင္းေလွ်ာ္ၿပီးၿပီးခ်င္း တန္းၿပီးေခါင္းၿဖီးရင္ ဆံပင္အရင္း ေရာ၊ အဖ်ားပါ ပ်က္စီးေစပါ တယ္။ ဒါေၾကာင့္မို႔ ဆံပင္အဖ်ား ပိုင္း႐ႈပ္ေနတဲ့ေနရာကို အသာရွင္း ထုတ္ၿဖီးၿပီးေတာ့မွ အရင္းပိုင္းကို ၿဖီးပါ။

ေခါင္းေလွ်ာ္ရည္အမ်ားႀကီးသံုးျခင္း

ေခါင္းေလွ်ာ္ရည္ကို လို သေလာက္ပဲသံုးသင့္ၿပီး အမ်ား ႀကီးသံုးမယ္ဆုိရင္ ဦးေရျပား ေျခာက္ေသြ႕တာေတြ ျဖစ္တတ္ ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါမွာ လည္း ဆံပင္အဖ်ားပိုင္းကိုသာ မက ဦးေရျပား၊ ဆံပင္အရင္းနဲ႔ ကုပ္ပိုး၊ ဇက္ပိုးေတြကိုပါ တစ္ပါ တည္း ေလွ်ာ္ဖို႔လိုပါတယ္။

ေရေႏြးျဖင့္ေလွ်ာ္ျခင္း

ေရေႏြးနဲ႔ ေခါင္းေလွ်ာ္တဲ့အ ခါမွာ ဆံသားအတြက္ လိုအပ္တဲ့ အဆီေတြကို ဖယ္ရွားပစ္သလို ျဖစ္ေစကာ ဆံပင္ေတြကိုလည္း ႐ႈပ္ေထြးသြားေစပါတယ္။ ေရ ေအးနဲ႔ ေလွ်ာ္လို႔မျဖစ္ရင္ေတာ့ ေရၾကက္သီးေႏြးေလးနဲ႔ ေလွ်ာ္ တာေဘးအကင္းဆံုးပါပဲ။

ခဏခဏေခါင္းေလွ်ာ္ျခင္း

ေခါင္းေတြ ခဏခဏေလွ်ာ္ တာကလည္း ဆံပင္ပ်က္စီးရတဲ့ အေၾကာင္းရင္းတစ္ခ်က္ပါ။ တစ္ ပတ္ကို ႏွစ္ႀကိမ္ေလာက္ ေလွ်ာ္ ေပး႐ံုနဲ႔ လံုေလာက္ပါတယ္။

အၾကာႀကီးေခါင္းေလွ်ာ္ျခင္း

အခ်ိန္အၾကာႀကီးေခါင္း ေလွ်ာ္တာဟာ ေကာင္းက်ိဳးထက္ ဆုိးက်ိဳးကိုသာေပးတယ္ဆိုတာ သိထားပါ။ တကယ္တမ္းဆုိရင္ ၁၀ မိနစ္ေက်ာ္ေက်ာ္ေလာက္ပဲ ေခါင္းေလွ်ာ္ခ်ိန္ယူဖို႔ လိုအပ္တယ္ လို႔ သိရပါတယ္။

ေပ်ာ့ေဆးသံုးျခင္း

ေခါင္းေလွ်ာ္ၿပီး ေပ်ာ့ေဆး ထည့္၊ ခဏေစာင့္ၿပီးမွ ေခါင္းျပန္ ေလွ်ာ္တာဟာ အခ်ိန္သာကုန္ေပ မယ့္ ဆံသားအတြက္ ေသခ်ာမထိ ေရာက္ဘူးလို႔ ဆုိပါတယ္။ အ ေကာင္းဆံုးနည္းလမ္းက ေခါင္း ေလွ်ာ္ေတာ့မယ္ဆုိရင္ အရင္ဆံုး ေပ်ာ့ေဆးထည့္ၿပီးမွ ေခါင္းေလွ်ာ္ တာ ျဖစ္ပါတယ္။ ေနာက္ၿပီး ဦးေရျပားစိုျပည္ေနေစဖို႔အတြက္ အုန္းဆီ (သို႔မဟုတ္) သံလြင္ဆီကို ေခါင္းေလွ်ာ္ၿပီးစမွာ အနည္းငယ္ ထည့္ေပးတာမ်ိဳး လုပ္သင့္ပါ တယ္။

ဆံပင္ကို ဖြဖြပုတ္၍ သုတ္ျခင္း

အမွားႀကီးမွားေနတဲ့ အေလ့ အထတစ္ခုကေတာ့ ဆံပင္ကို ခပ္ ၾကမ္းၾကမ္းပြတ္တိုက္ၿပီး သုတ္ တာပါ။ အဲဒီလုပ္တဲ့အခါ ဆံပင္ ေတြကို ေဆာင့္ဆြဲသလိုျဖစ္ၿပီး ဆံ ပင္ေတြကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္မို႔ အသာအယာ ခပ္ဖြဖြ ပုတ္ၿပီးသုတ္တာမ်ိဳးပဲ လုပ္သင့္ပါ တယ္။

Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခေါင်းလျှော်တဲ့အခါမှာ ဆံသား တွေ မပျက်မစီးဘဲ တောက် ပြောင်ကျန်းမာနေစေဖို့အတွက် မှန်ကန်တဲ့ အမူအကျင့်လေးတွေ လုပ်ဖို့တော့ လိုပါတယ်။ ဆံပင် ကို ပျက်စီးအောင်လုပ်မိစေတဲ့ အချက်လေးတွေ သတိထားရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

ခေါင်းဖြီးမှုစနစ်မကျခြင်း

ဆံပင်ကို နည်းလမ်းမှန်မှန် နဲ့ ဖြီးဖို့ကလည်း အရေးကြီးတဲ့အ ချက်ပါ။ ခေါင်းလျှော်ပြီးပြီးချင်း တန်းပြီးခေါင်းဖြီးရင် ဆံပင်အရင်း ရော၊ အဖျားပါ ပျက်စီးစေပါ တယ်။ ဒါကြောင့်မို့ ဆံပင်အဖျား ပိုင်းရှုပ်နေတဲ့နေရာကို အသာရှင်း ထုတ်ဖြီးပြီးတော့မှ အရင်းပိုင်းကို ဖြီးပါ။

ခေါင်းလျှော်ရည်အများကြီးသုံးခြင်း

ခေါင်းလျှော်ရည်ကို လို သလောက်ပဲသုံးသင့်ပြီး အများ ကြီးသုံးမယ်ဆိုရင် ဦးရေပြား ခြောက်သွေ့တာတွေ ဖြစ်တတ် ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ လည်း ဆံပင်အဖျားပိုင်းကိုသာ မက ဦးရေပြား၊ ဆံပင်အရင်းနဲ့ ကုပ်ပိုး၊ ဇက်ပိုးတွေကိုပါ တစ်ပါ တည်း လျှော်ဖို့လိုပါတယ်။

ရေနွေးဖြင့်လျှော်ခြင်း

ရေနွေးနဲ့ ခေါင်းလျှော်တဲ့အ ခါမှာ ဆံသားအတွက် လိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပစ်သလို ဖြစ်စေကာ ဆံပင်တွေကိုလည်း ရှုပ်ထွေးသွားစေပါတယ်။ ရေ အေးနဲ့ လျှော်လို့မဖြစ်ရင်တော့ ရေကြက်သီးနွေးလေးနဲ့ လျှော် တာဘေးအကင်းဆုံးပါပဲ။

ခဏခဏခေါင်းလျှော်ခြင်း

ခေါင်းတွေ ခဏခဏလျှော် တာကလည်း ဆံပင်ပျက်စီးရတဲ့ အကြောင်းရင်းတစ်ချက်ပါ။ တစ် ပတ်ကို နှစ်ကြိမ်လောက် လျှော် ပေးရုံနဲ့ လုံလောက်ပါတယ်။

အကြာကြီးခေါင်းလျှော်ခြင်း

အချိန်အကြာကြီးခေါင်း လျှော်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပေးတယ်ဆိုတာ သိထားပါ။ တကယ်တမ်းဆိုရင် ၁၀ မိနစ်ကျော်ကျော်လောက်ပဲ ခေါင်းလျှော်ချိန်ယူဖို့ လိုအပ်တယ် လို့ သိရပါတယ်။

ပျော့ဆေးသုံးခြင်း

ခေါင်းလျှော်ပြီး ပျော့ဆေး ထည့်၊ ခဏစောင့်ပြီးမှ ခေါင်းပြန် လျှော်တာဟာ အချိန်သာကုန်ပေ မယ့် ဆံသားအတွက် သေချာမထိ ရောက်ဘူးလို့ ဆိုပါတယ်။ အ ကောင်းဆုံးနည်းလမ်းက ခေါင်း လျှော်တော့မယ်ဆိုရင် အရင်ဆုံး ပျော့ဆေးထည့်ပြီးမှ ခေါင်းလျှော် တာ ဖြစ်ပါတယ်။ နောက်ပြီး ဦးရေပြားစိုပြည်နေစေဖို့အတွက် အုန်းဆီ (သို့မဟုတ်) သံလွင်ဆီကို ခေါင်းလျှော်ပြီးစမှာ အနည်းငယ် ထည့်ပေးတာမျိုး လုပ်သင့်ပါ တယ်။

ဆံပင်ကို ဖွဖွပုတ်၍ သုတ်ခြင်း

အမှားကြီးမှားနေတဲ့ အလေ့ အထတစ်ခုကတော့ ဆံပင်ကို ခပ် ကြမ်းကြမ်းပွတ်တိုက်ပြီး သုတ် တာပါ။ အဲဒီလုပ်တဲ့အခါ ဆံပင် တွေကို ဆောင့်ဆွဲသလိုဖြစ်ပြီး ဆံ ပင်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့်မို့ အသာအယာ ခပ်ဖွဖွ ပုတ်ပြီးသုတ်တာမျိုးပဲ လုပ်သင့်ပါ တယ်။

Credit : 7day daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top