iMyanmarHouse.com - Best Property Website for Myanmar
×

ကုလသမဂၢ ကင္ဆာသုေတသနအဖြဲ႔က ေလ့လာေတြ႔ရွိခ်က္တစ္ခုအရ သိပ္ပူလြန္းတဲ့ ေသာက္စရာေတြဟာ ကင္ဆာေရာဂါ ျဖစ္ေစႏုိင္တယ္လို႔ ေတြ႔ရွိထားပါတယ္။

အပူခ်ိန္ (၆၅) ဒီဂရီ ဆဲလ္ဆီးယပ္စ္ထက္ ပိုမ်ားတဲ့ ေသာက္စရာေတြဟာ အစာႁပြန္နဲ႔ဆိုင္တဲ့ ကင္ဆာေရာဂါ ျဖစ္ေစႏုိင္တယ္ဆိုၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႔ ဒဗလ်ဴ အိတ္ခ်္ အို (WHO) က အတည္ျပဳေပးထားတာပါ။

ကင္ဆာေရာဂါျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ေဆးလိပ္ေသာက္တာနဲ႔ အရက္ေသာက္တာေတြ ပါ၀င္ပါတယ္။ ဓာတ္ဆီနဲ႔ ကားကထြက္တဲ့ မီးခိုးေတြလိုပဲ ပူလြန္းတဲ့ေသာက္စရာေတြကို အရမ္းပူေနတဲ့အတိုင္းေသာက္သံုးတာဟာ ကင္ဆာေရာဂါျဖစ္ႏုိင္ေျခရွိတဲ့ အေၾကာင္းအရာေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ေနပါတယ္။ ပူလြန္းတဲ့ ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ကို အပူခ်ိန္ (၇၀) ဒီဂရီ ဆဲလ္ဆီးယပ္စ္ ဒါမွမဟုတ္ အဲဒီပိုမ်ားတဲ့ အပူခ်ိန္နဲ႔ ေဖ်ာ္ေသာက္တဲ့အခါ အစာႁပြန္ကင္ဆာ ျဖစ္ေစတယ္ လို႔ ဆိုပါတယ္။

ဒါေၾကာင့္ သိပ္ပူလြန္းတဲ့ ေသာက္စရာေတြကို စားေသာက္ၾကတဲ့အခါ သတိထားၾကေစလိုပါတယ္။ ေဟာ့ေပါ့နဲ႔ အျခားအကင္ဆိုင္ေတြမွာ ပြက္ပြက္ဆူေအာင္ တည္ၿပီးရင္ မိမိစားမယ့္ခြက္ထဲမွာ ခဏထည့္ထားၿပီး အေအးခံပါ။ က်က္ၿပီးသား အစားအစာျဖစ္တာမို႔ တစ္ခါပြက္ၿပီး က်က္ရင္ စိတ္ခ်လက္ခ် စားနိုင္ပါၿပီ။ အပူခ်ိန္ အမ်ားႀကီးနဲ႔ အၾကာႀကီးခ်က္တဲ့အခါ အစားအေသာက္ေတြမွာ ရွိသင့္တဲ့ အစာအာဟာရဓာတ္ေတြပါ ပ်က္ျပယ္သြားတာမို႔ ဗိုက္တင္းၿပီး အက်ိဳးမရွိပါဘူး။ လွ်ာက်က္လို႔ က်က္မွန္းေတာင္ မခံစားရေတာ့တဲ့သူေတြေတာင္ရွိပါတယ္။ ဒါဟာ လွ်ာနဲ႔ အစာျပြန္တစ္ေလွ်ာက္ အနာတရျဖစ္ေစၿပီး အရသာသိႏိုင္တဲ့ အာရုံခံစားတဲ့အဖုေလးေတြ ေလာင္ကၽြမ္းကုန္တာျဖစ္ပါတယ္။ နည္းနည္းေလး ေအးေအာင္ ထားၿပီး ေႏြးေႏြးေလးစားရင္လည္း အရသာရွိတာပါပဲ။


Credit : duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ကုလသမဂ္ဂ ကင်ဆာသုတေသနအဖွဲ့က လေ့လာတွေ့ရှိချက်တစ်ခုအရ သိပ်ပူလွန်းတဲ့ သောက်စရာတွေဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

အပူချိန် (၆၅) ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် ပိုများတဲ့ သောက်စရာတွေဟာ အစာပြွန်နဲ့ဆိုင်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူ အိတ်ချ် အို (WHO) က အတည်ပြုပေးထားတာပါ။

ကင်ဆာရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာတွေ ပါဝင်ပါတယ်။ ဓာတ်ဆီနဲ့ ကားကထွက်တဲ့ မီးခိုးတွေလိုပဲ ပူလွန်းတဲ့သောက်စရာတွေကို အရမ်းပူနေတဲ့အတိုင်းသောက်သုံးတာဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ပူလွန်းတဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကို အပူချိန် (၇၀) ဒီဂရီ ဆဲလ်ဆီးယပ်စ် ဒါမှမဟုတ် အဲဒီပိုများတဲ့ အပူချိန်နဲ့ ဖျော်သောက်တဲ့အခါ အစာပြွန်ကင်ဆာ ဖြစ်စေတယ် လို့ ဆိုပါတယ်။

ဒါကြောင့် သိပ်ပူလွန်းတဲ့ သောက်စရာတွေကို စားသောက်ကြတဲ့အခါ သတိထားကြစေလိုပါတယ်။ ဟော့ပေါ့နဲ့ အခြားအကင်ဆိုင်တွေမှာ ပွက်ပွက်ဆူအောင် တည်ပြီးရင် မိမိစားမယ့်ခွက်ထဲမှာ ခဏထည့်ထားပြီး အအေးခံပါ။ ကျက်ပြီးသား အစားအစာဖြစ်တာမို့ တစ်ခါပွက်ပြီး ကျက်ရင် စိတ်ချလက်ချ စားနိုင်ပါပြီ။ အပူချိန် အများကြီးနဲ့ အကြာကြီးချက်တဲ့အခါ အစားအသောက်တွေမှာ ရှိသင့်တဲ့ အစာအာဟာရဓာတ်တွေပါ ပျက်ပြယ်သွားတာမို့ ဗိုက်တင်းပြီး အကျိုးမရှိပါဘူး။ လျှာကျက်လို့ ကျက်မှန်းတောင် မခံစားရတော့တဲ့သူတွေတောင်ရှိပါတယ်။ ဒါဟာ လျှာနဲ့ အစာပြွန်တစ်လျှောက် အနာတရဖြစ်စေပြီး အရသာသိနိုင်တဲ့ အာရုံခံစားတဲ့အဖုလေးတွေ လောင်ကျွမ်းကုန်တာဖြစ်ပါတယ်။ နည်းနည်းလေး အေးအောင် ထားပြီး နွေးနွေးလေးစားရင်လည်း အရသာရှိတာပါပဲ။


Credit : duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top