iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၅ ႏွစ္အရြယ္ ကရိန္းကားေမာင္းသူ Amit Sahani ဆိုသူက သမီးမိန္းကေလးေမြးျပီး ေနာက္တစ္ေန႔မွာပဲ မိမိကိုယ္ကို အဆုံးစီရင္သြားခဲ့ပါတယ္။ ေသဆုံးသူရဲ႕ မိသားစုဝင္ေတြက ေသသူဟာ သားေယာက္်ားေလးေမြးဖို႔ အရမ္းေမွ်ာ္လင့္ခဲ့တယ္။ သမီးေမြးတယ္လို႔ ၾကားတဲ့အခ်ိန္မွာ အရမ္းကို စိတ္ဆင္းရဲသြားတဲ့ပုံစံျဖစ္သြားတယ္လို႔ ေျပာခဲ့ၾကပါတယ္။ သို႔ေသာ္လည္း ရဲတပ္ဖြဲ႔အေနျဖင့္ သူတုိ႔ရဲ႕ စုံစမ္းစစ္ေဆးမႈကို ဆက္လက္ေဆာင္ရြက္ေနဆဲျဖစ္ျပီး ၄င္းေသဆုံးျခင္းရဲ႕ ေနာက္ကြယ္က တိက်တဲ့ အေၾကာင္းရင္းကို သိရွိေစဖုိ႔ စုံစမ္းလ်က္ရွိပါတယ္။

Amit Sahani က အိႏၵိယႏုိင္ငံ Hazira ျမိဳ႔အနီးရွိ Mora ရြာမွာေနထိုင္သူတစ္ဦးျဖစ္ျပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က အိမ္ေထာင္က်ခဲ့ပါတယ္။ သူ႔ကို ဒီအပတ္ ဗုဒၶဟူးေန႔ညေနမွာ သူ႔ရဲ႕ အိမ္မွာပဲ ၾကိဳးဆြဲခ်ေသဆုံးေနတာကို ေတြ႔ခဲ့ရတာျဖစ္ပါတယ္။ သူ႔ရဲ႕အေလာင္းကို New Civil ေဆးရုံကို ပို႔ေဆာင္ခဲ့ၾကျပီး ဆရာဝန္ေတြက ၾကိဳးဆြဲခ်ျခင္းေၾကာင့္ ေသဆုံးခဲ့တာကို အတည္ျပဳ ေျပာၾကားထားပါတယ္။

ဇနီးျဖစ္သူ ဗိုက္နာလာျပီး ေဆးရုံတင္လိုက္တဲ့ အဂၤါေန႔မွာ Sahani က အလုပ္ထဲမွာ ရွိေနတဲ့အခ်ိန္ျဖစ္ျပီး အဲ့ဒီေန႔မွာပဲ သမီးေလးေမြးခဲ့ပါတယ္။ သူက သားအမိႏွစ္ေယာက္ကို လာၾကည့္ျပီး ဗုဒၶဟူးေန႔ထိ သားအမိႏွစ္ေယာက္နဲ႔ အတူေနခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ပုံစံကိုၾကည့္ရတာ အရမ္းကို ပင္ပန္းတဲ့ ပုံစံျဖစ္ေနတဲ့အတြက္ တျခားမိသားစုဝင္ေတြက သူ႔ကို အိမ္ျပန္ျပီးအနားယူဖို႔ ေျပာခဲ့ပါတယ္။ အိမ္ျပန္ေရာက္ျပီး တစ္ေယာက္တည္းရွိေနတဲ့အခ်ိန္မွာပဲ မ်က္ႏွာၾကက္မွာ တပ္ထားတဲ့ပန္ကာကေနၾကိဳးဆြဲခ်ျပီး အဆုံးစီရင္ခဲ့တာ ျဖစ္ပါတယ္။

သူေသဆုံးတဲ့အေၾကာင္း လူမႈမီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကတဲ့အခါ လူေတြက ဘယ္လိုမွတ္ခ်က္ေတြ ေပးထားၾကတယ္ဆုိတာကိုပါ ေဖာ္ျပေပးလိုပါတယ္။ “ဒီသတင္းက အမွန္ပဲဆိုရင္ေတာ့ သူက ကံအဆုိးဆုံးသူပါပဲ။ ကၽြန္ေတာ္က သမီးတစ္ေယာက္ရွိတဲ့ ဖခင္တစ္ေယာက္ပါ။ ကၽြန္ေတာ္က သမီးအတြက္ အရမ္းဂုဏ္ယူတယ္။ သမီးသာမရွိရင္ ကၽြန္ေတာ္တို႔အိမ္က တစျပင္လို ျဖစ္သြားသလားထင္ရတယ္။”

“ဘုရားသခင္ရဲ႕ ေက်းဇူးေတာ္ပါပဲ- အကယ္၍ ဒီလူသာအသက္ရွင္ေနမယ္ဆိုရင္ သူ႔မိန္းမနဲ႔ သမီးကို ႏွိပ္စက္ျပီး စိတ္ဆင္းရဲစရာေတြ ေပးမွာအမွန္ပဲ။ သူ႔မိန္းမအေနနဲ႔ ေယာက္်ားေသသြားလို႔ စားဝတ္ေနေရးမွာ အခက္အခဲေတြ႔ႏုိင္ေပမဲ့ ဒီစစ္ပြဲမွာ အႏုိင္ရသြားတာပါပဲ။”

“ကမာၻၾကီးအတြက္ ေကာင္းသြားတာေပါ့- ကၽြန္မတို႔ေလာကၾကီးမွာ ဒီလိုအဓိပၸါယ္မရွိတဲ့ အေတြးအေခၚမ်ဳိးပိုင္ထားတဲ့ ငတုံးတစ္ေယာက္ မရွိေလေကာင္းေလပါပဲ။”

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက် ၂၅ နှစ်အရွယ် ကရိန်းကားမောင်းသူ Amit Sahani ဆိုသူက သမီးမိန်းကလေးမွေးပြီး နောက်တစ်နေ့မှာပဲ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေက သေသူဟာ သားယောက်ျားလေးမွေးဖို့ အရမ်းမျှော်လင့်ခဲ့တယ်။ သမီးမွေးတယ်လို့ ကြားတဲ့အချိန်မှာ အရမ်းကို စိတ်ဆင်းရဲသွားတဲ့ပုံစံဖြစ်သွားတယ်လို့ ပြောခဲ့ကြပါတယ်။ သို့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ၎င်းသေဆုံးခြင်းရဲ့ နောက်ကွယ်က တိကျတဲ့ အကြောင်းရင်းကို သိရှိစေဖို့ စုံစမ်းလျက်ရှိပါတယ်။

Amit Sahani က အိန္ဒိယနိုင်ငံ Hazira မြို့အနီးရှိ Mora ရွာမှာနေထိုင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်ထောင်ကျခဲ့ပါတယ်။ သူ့ကို ဒီအပတ် ဗုဒ္ဓဟူးနေ့ညနေမှာ သူ့ရဲ့ အိမ်မှာပဲ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့အလောင်းကို New Civil ဆေးရုံကို ပို့ဆောင်ခဲ့ကြပြီး ဆရာဝန်တွေက ကြိုးဆွဲချခြင်းကြောင့် သေဆုံးခဲ့တာကို အတည်ပြု ပြောကြားထားပါတယ်။

ဇနီးဖြစ်သူ ဗိုက်နာလာပြီး ဆေးရုံတင်လိုက်တဲ့ အင်္ဂါနေ့မှာ Sahani က အလုပ်ထဲမှာ ရှိနေတဲ့အချိန်ဖြစ်ပြီး အဲ့ဒီနေ့မှာပဲ သမီးလေးမွေးခဲ့ပါတယ်။ သူက သားအမိနှစ်ယောက်ကို လာကြည့်ပြီး ဗုဒ္ဓဟူးနေ့ထိ သားအမိနှစ်ယောက်နဲ့ အတူနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပုံစံကိုကြည့်ရတာ အရမ်းကို ပင်ပန်းတဲ့ ပုံစံဖြစ်နေတဲ့အတွက် တခြားမိသားစုဝင်တွေက သူ့ကို အိမ်ပြန်ပြီးအနားယူဖို့ ပြောခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီး တစ်ယောက်တည်းရှိနေတဲ့အချိန်မှာပဲ မျက်နှာကြက်မှာ တပ်ထားတဲ့ပန်ကာကနေကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။

သူသေဆုံးတဲ့အကြောင်း လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့အခါ လူတွေက ဘယ်လိုမှတ်ချက်တွေ ပေးထားကြတယ်ဆိုတာကိုပါ ဖော်ပြပေးလိုပါတယ်။ “ဒီသတင်းက အမှန်ပဲဆိုရင်တော့ သူက ကံအဆိုးဆုံးသူပါပဲ။ ကျွန်တော်က သမီးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ပါ။ ကျွန်တော်က သမီးအတွက် အရမ်းဂုဏ်ယူတယ်။ သမီးသာမရှိရင် ကျွန်တော်တို့အိမ်က တစပြင်လို ဖြစ်သွားသလားထင်ရတယ်။”

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ- အကယ်၍ ဒီလူသာအသက်ရှင်နေမယ်ဆိုရင် သူ့မိန်းမနဲ့ သမီးကို နှိပ်စက်ပြီး စိတ်ဆင်းရဲစရာတွေ ပေးမှာအမှန်ပဲ။ သူ့မိန်းမအနေနဲ့ ယောက်ျားသေသွားလို့ စားဝတ်နေရေးမှာ အခက်အခဲတွေ့နိုင်ပေမဲ့ ဒီစစ်ပွဲမှာ အနိုင်ရသွားတာပါပဲ။”

“ကမ္ဘာကြီးအတွက် ကောင်းသွားတာပေါ့- ကျွန်မတို့လောကကြီးမှာ ဒီလိုအဓိပ္ပါယ်မရှိတဲ့ အတွေးအခေါ်မျိုးပိုင်ထားတဲ့ ငတုံးတစ်ယောက် မရှိလေကောင်းလေပါပဲ။”


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top