iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွစ္ေယာက္အတူတူ ဝိတ္ခ်ရင္ ပိုၿပီးေအာင္ၿမင္ပါတယ္။

ႏွစ္ေယာက္အတူတူလုပ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သတိေပးၿပီးလုပ္ႏုိင္တာေၾကာင့္ ေအာင္ၿမင္မႈေတြကို ခ်က္ခ်င္းရရွိႏုိင္မွာပါ။

★တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီႏိုင္တယ္

ႏွစ္ေယာက္အတူတူ ဝိတ္ခ်မယ္လို႔ ရည္မွန္းထားရင္ တစ္ေယာက္တည္း လုပ္တာထက္ကို ေအာင္ၿမင္ဖို႔ရန္ ရာခိုင္ႏႈန္းက ၿမင့္တတ္လာမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူမလုပ္ရင္ သူ႔ကိုဆူလို႔ရသလို၊ တခါတေလေတာ့လည္း သူ႔ကိုေခ်ာ့ေပါ့။ တခါတေလက်ေတာ့လည္း ၿပိဳင္တာေလးေတြလုပ္ၿပီး လုပ္မယ္ဆိုရင္ ေပ်ာ္စရာမေကာင္းဘူးလား။

★မုန္႔စားတဲ့အခ်ိန္မွာလည္း ေပ်ာ္စရာေကာင္းမွာပါ

ဝိတ္ခ်ေနတဲ့ မိန္းကေလးတစ္ေယာက္က သူနဲ႔လည္လည္သြားတဲ့အခ်ိန္မွာ ဘာကိုစားရမလဲဆိုတာကို အၿမဲေတြးေနတတ္ပါတယ္။ သူနဲ႔အတူတူရွိေနခ်ိန္က ေပ်ာ္စရာေကာင္းပင္မယ့္လည္း ကာလိုရီကို အမ်ားၾကီး မလိုခ်င္ဘူးေလ။ ကိုယ္မေၿပာခင္မွာ သူရိပ္မိေစခ်င္တယ္ေလ။ အကယ္၍ ႏွစ္ေယာက္စလံုးက ဝိတ္ခ်ေနမယ္ဆိုရင္ေတာ့ ဘာမွစိတ္ပူစရာမလို ဝိတ္မတက္မယ့္ဟာေလးေတြကို ေရြးၿပီးစားႏုိင္မွာပါ။ သြားခ်င္တယ့္ေနရာေလးေတြကလည္း
ႏွစ္ေယာက္အဆင္ေၿပမယ့္ စားေသာက္ဆိုင္ေလးေတြ ၿဖစ္လာမွာပါ။

★သူနဲ႔အၿပင္ကိုသြားရတာလည္း ေပ်ာ္စရာေကာင္းလာမွာပါ

အၿပင္သြားတဲ့အခ်ိန္မွာ အားကစားလုပ္ရင္ေကာင္းမလားလို႔ေတြးတတ္လာမွာပါ။ ႏွစ္ေယာက္အတူတူ လမ္းေလွ်ာက္တာေတြ၊ Gym မွာသြားေဆာ့တာေတြ၊ က်န္းမာေရးကို အေလးထားလာႏုိင္မွာပါ။ ဒါေၾကာင့္ ဝိတ္ခ်ေနခ်ိန္မွာ အၿပင္သြားရမယ္ဆိုရင္ ဒီအၾကံေလးကို လက္ေတြ႕အသံုးခ်လိုက္ပါ။

★လုိအပ္ခ်က္ေတြကို ေၿပာၿပႏုိင္တယ္

ကိုယ့္အတြက္ဆိုရင္ ေပါ့သြားတတ္တာ လူ႔သေဘာပါ။ ဝိတ္ခ်မယ္လို႔ေၿပာၿပီး အိပ္ခါနီးအခ်ိန္ေတြမွာ မုန္႔ေတြကို ေသေအာင္စားတတ္ပါတယ္။ ဒီအခ်ိန္ေတြမွာ ဆူမယ့္သူတစ္ေယာက္ရွိမယ္ဆိုရင္ ဝိတ္ခ်တာ ေအာင္ၿမင္ပါလိမ့္မယ္။ ဝိတ္ခ်တဲ့ အစီအစဥ္က တဝတ္ေလာက္လည္းေရာက္လာခ်ိန္မွာ သည္းမခံႏုိင္လိုက္ေအာင္ ၿဖစ္လာခ်ိန္မွာ အၿပန္အလွန္ အားေပးမယ္ဆိုရင္ ေအာင္ၿမင္မွာပါ။

★သံေယာဇဥ္ေတြနဲ႔ ေအာင္ၿမင္မႈကို ရရွိမွာပါ

တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြရွိလာခ်ိန္မွာ ရည္မွန္းခ်က္ဆိုတာလည္း အတူတူၿဖစ္လာေတာ့ ဘာလုပ္လုပ္ေပ်ာ္စရာေကာင္းေနမွာပါ။ အရမ္းကို ဝလာတယ္လို႔ဆိုၿပီး သူနဲ႔မေတြ႕ခ်င္တာေတြ၊ ဝေနလို႔အၿပင္အတူတူမသြားခ်င္တာေတြ ဒါေတြအားလံုး ေပ်ာက္ကြယ္သြားမွာပါ။ ဝိတ္ခ်တာေအာင္ၿမင္သြားၿပီဆိုရင္ ခ်စ္စရာေကာင္းလာတဲ့ကိုယ္ရယ္၊ သူရယ္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ေတြပိုလာၿပီး သူ႔ကို အရမ္းကို ခ်စ္သြားမွာပါ။

ကဲ ဘယ္လိုလည္း စလုပ္ၾကည့္လိုက္ၾကမလား။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ChelmoTeam

#Unicode Version
ချစ်သူနှစ်ယောက်အတူတူ ဝိတ်ချရင် ပိုပြီးအောင်မြင်ပါတယ်။

နှစ်ယောက်အတူတူလုပ်တော့ တစ်ယောက်နဲ့တစ်ယောက် သတိပေးပြီးလုပ်နိုင်တာကြောင့် အောင်မြင်မှုတွေကို ချက်ချင်းရရှိနိုင်မှာပါ။

★တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီနိုင်တယ်

နှစ်ယောက်အတူတူ ဝိတ်ချမယ်လို့ ရည်မှန်းထားရင် တစ်ယောက်တည်း လုပ်တာထက်ကို အောင်မြင်ဖို့ရန် ရာခိုင်နှုန်းက မြင့်တတ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ သူမလုပ်ရင် သူ့ကိုဆူလို့ရသလို၊ တခါတလေတော့လည်း သူ့ကိုချော့ပေါ့။ တခါတလေကျတော့လည်း ပြိုင်တာလေးတွေလုပ်ပြီး လုပ်မယ်ဆိုရင် ပျော်စရာမကောင်းဘူးလား။

★မုန့်စားတဲ့အချိန်မှာလည်း ပျော်စရာကောင်းမှာပါ

ဝိတ်ချနေတဲ့ မိန်းကလေးတစ်ယောက်က သူနဲ့လည်လည်သွားတဲ့အချိန်မှာ ဘာကိုစားရမလဲဆိုတာကို အမြဲတွေးနေတတ်ပါတယ်။ သူနဲ့အတူတူရှိနေချိန်က ပျော်စရာကောင်းပင်မယ့်လည်း ကာလိုရီကို အများကြီး မလိုချင်ဘူးလေ။ ကိုယ်မပြောခင်မှာ သူရိပ်မိစေချင်တယ်လေ။ အကယ်၍ နှစ်ယောက်စလုံးက ဝိတ်ချနေမယ်ဆိုရင်တော့ ဘာမှစိတ်ပူစရာမလို ဝိတ်မတက်မယ့်ဟာလေးတွေကို ရွေးပြီးစားနိုင်မှာပါ။ သွားချင်တယ့်နေရာလေးတွေကလည်း
နှစ်ယောက်အဆင်ပြေမယ့် စားသောက်ဆိုင်လေးတွေ ဖြစ်လာမှာပါ။

★သူနဲ့အပြင်ကိုသွားရတာလည်း ပျော်စရာကောင်းလာမှာပါ

အပြင်သွားတဲ့အချိန်မှာ အားကစားလုပ်ရင်ကောင်းမလားလို့တွေးတတ်လာမှာပါ။ နှစ်ယောက်အတူတူ လမ်းလျှောက်တာတွေ၊ Gym မှာသွားဆော့တာတွေ၊ ကျန်းမာရေးကို အလေးထားလာနိုင်မှာပါ။ ဒါကြောင့် ဝိတ်ချနေချိန်မှာ အပြင်သွားရမယ်ဆိုရင် ဒီအကြံလေးကို လက်တွေ့အသုံးချလိုက်ပါ။

★လိုအပ်ချက်တွေကို ပြောပြနိုင်တယ်

ကိုယ့်အတွက်ဆိုရင် ပေါ့သွားတတ်တာ လူ့သဘောပါ။ ဝိတ်ချမယ်လို့ပြောပြီး အိပ်ခါနီးအချိန်တွေမှာ မုန့်တွေကို သေအောင်စားတတ်ပါတယ်။ ဒီအချိန်တွေမှာ ဆူမယ့်သူတစ်ယောက်ရှိမယ်ဆိုရင် ဝိတ်ချတာ အောင်မြင်ပါလိမ့်မယ်။ ဝိတ်ချတဲ့ အစီအစဉ်က တဝတ်လောက်လည်းရောက်လာချိန်မှာ သည်းမခံနိုင်လိုက်အောင် ဖြစ်လာချိန်မှာ အပြန်အလှန် အားပေးမယ်ဆိုရင် အောင်မြင်မှာပါ။

★သံယောဇဉ်တွေနဲ့ အောင်မြင်မှုကို ရရှိမှာပါ

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိလာချိန်မှာ ရည်မှန်းချက်ဆိုတာလည်း အတူတူဖြစ်လာတော့ ဘာလုပ်လုပ်ပျော်စရာကောင်းနေမှာပါ။ အရမ်းကို ဝလာတယ်လို့ဆိုပြီး သူနဲ့မတွေ့ချင်တာတွေ၊ ဝနေလို့အပြင်အတူတူမသွားချင်တာတွေ ဒါတွေအားလုံး ပျောက်ကွယ်သွားမှာပါ။ ဝိတ်ချတာအောင်မြင်သွားပြီဆိုရင် ချစ်စရာကောင်းလာတဲ့ကိုယ်ရယ်၊ သူရယ် တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပိုလာပြီး သူ့ကို အရမ်းကို ချစ်သွားမှာပါ။

ကဲ ဘယ်လိုလည်း စလုပ်ကြည့်လိုက်ကြမလား။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:ChelmoTeam
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top