iMyanmarHouse.com - Best Property Website for Myanmar
×

စေကာ့တလန္ႏိုင္ငံ အီဒင္ဘာ့ဂ္တကၠသိုလ္ (University of Edinburgh) ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ ေမာင္ႏွမေတြထဲမွာ အရင္ဆံုးေမြးဖြားလာသူဟာ က်န္တဲ့ေမာင္ႏွမအငယ္ေတြထက္ ဉာဏ္ရည္ညႊန္းကိန္း (IQ) ပိုျမင့္တယ္လို႔ သိရပါတယ္။ ေမြးခ်င္းေမာင္ႏွမေတြရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးနဲ႔ ပတ္သက္ၿပီး အီဒင္ဘာ့ဂ္တကၠသိုလ္ရဲ႕ သုေတသီေတြနဲ႔ ဆစ္ဒေနတကၠသိုလ္က ပညာ႐ွင္ေတြ ပူးေပါင္းေလ့လာခဲ့ၾကတာပါ။ အႀကီးဆံုးဆိုရင္ ဉာဏ္အေကာင္းဆံုးပါပဲတဲ့။

အေၾကာင္းရင္းကေတာ့ မိဘေတြဟာ ပထမဆံုးကေလးကို အျခားကေလးေတြထက္ပိုၿပီး စိတ္ခံစားခ်က္ပိုင္းဆုိင္ရာလံႈ႕ေဆာ္မႈနဲ႔ အေထာက္အပံ့ေတြ ပိုေပးခဲ့ၾကလို႔ ျဖစ္ေၾကာင္း ေလ့လာသူေတြက ယူဆထားၾကပါတယ္။ ပထမဆံုးေမြးလာတဲ့ကေလးဟာ အေတြးအေခၚဖြံ႕ၿဖိဳးေရးအပိုင္းမွာ မိဘေတြထံကေန ကူညီေစာင့္ေ႐ွာက္မႈ ပိုမုိရ႐ွိခဲ့ၾကပါတယ္။ မိဘေတြက ကေလးေတြအားလံုးကို တန္းတူညီမွ် ေစာင့္ေ႐ွာက္တယ္ဆုိသည့္တုိင္ ပထမဦးဆံုးေမြးဖြားလာတဲဲ့ကေလးကိုေတာ့ အေတြးအေခၚပိုင္းအတြက္ပါ အာ႐ံုစူးစိုက္ၿပီး ဂ႐ုစိုက္ေပးခဲ့တာေၾကာင့္ ကေလးဟာ အျခားေမာင္ႏွမေတြထက္ ပိုၿပီး ဉာဏ္ရည္ဉာဏ္ေသြးျမင့္မားလာရတယ္လို႔ ဆုိပါတယ္။

သုေတသီေတြဟာ အေမရိကန္ျပည္ေထာင္စု Labor Statistics ဗ်ဴရိုရဲ႕ အခ်က္အလက္ေတြကို အသံုးျပဳကာ ကေလးေပါင္း ၅၀၀၀ နီးပါးကို မိသားစုရဲ႕စီးပြားေရး၊ ေနာက္ခံအေျခအေနေတြပါ ထည့္တြက္ၿပီး ေလ့လာခဲ့ၾကတာပါ။ ပထမဆံုးေမြးဖြားတဲ့ ကေလးေတြဟာ စာဖတ္ျခင္းနဲ႔ ႐ုပ္ပံုျပစကားလံုးေဝါဟာရ စမ္းသပ္မႈေတြမွာ ပိုၿပီးအမွတ္မ်ားတာကို ေတြ႔ခဲ့ၾကရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:duwun

#Unicode Version

စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်တက္ကသိုလ် (University of Edinburgh) ရဲ့ ထုတ်ပြန်ကြေညာချက်အရ မောင်နှမတွေထဲမှာ အရင်ဆုံးမွေးဖွားလာသူဟာ ကျန်တဲ့မောင်နှမအငယ်တွေထက် ဉာဏ်ရည်ညွှန်းကိန်း (IQ) ပိုမြင့်တယ်လို့ သိရပါတယ်။ မွေးချင်းမောင်နှမတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်ပြီး အီဒင်ဘာ့ဂ်တက္ကသိုလ်ရဲ့ သုတေသီတွေနဲ့ ဆစ်ဒနေတက္ကသိုလ်က ပညာရှင်တွေ ပူးပေါင်းလေ့လာခဲ့ကြတာပါ။ အကြီးဆုံးဆိုရင် ဉာဏ်အကောင်းဆုံးပါပဲတဲ့။

အကြောင်းရင်းကတော့ မိဘတွေဟာ ပထမဆုံးကလေးကို အခြားကလေးတွေထက်ပိုပြီး စိတ်ခံစားချက်ပိုင်းဆိုင်ရာလှုံ့ဆော်မှုနဲ့ အထောက်အပံ့တွေ ပိုပေးခဲ့ကြလို့ ဖြစ်ကြောင်း လေ့လာသူတွေက ယူဆထားကြပါတယ်။ ပထမဆုံးမွေးလာတဲ့ကလေးဟာ အတွေးအခေါ်ဖွံ့ဖြိုးရေးအပိုင်းမှာ မိဘတွေထံကနေ ကူညီစောင့်ရှောက်မှု ပိုမိုရရှိခဲ့ကြပါတယ်။ မိဘတွေက ကလေးတွေအားလုံးကို တန်းတူညီမျှ စောင့်ရှောက်တယ်ဆိုသည့်တိုင် ပထမဦးဆုံးမွေးဖွားလာတဲ့ကလေးကိုတော့ အတွေးအခေါ်ပိုင်းအတွက်ပါ အာရုံစူးစိုက်ပြီး ဂရုစိုက်ပေးခဲ့တာကြောင့် ကလေးဟာ အခြားမောင်နှမတွေထက် ပိုပြီး ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာရတယ်လို့ ဆိုပါတယ်။

သုတေသီတွေဟာ အမေရိကန်ပြည်ထောင်စု Labor Statistics ဗျူရိုရဲ့ အချက်အလက်တွေကို အသုံးပြုကာ ကလေးပေါင်း ၅၀၀၀ နီးပါးကို မိသားစုရဲ့စီးပွားရေး၊ နောက်ခံအခြေအနေတွေပါ ထည့်တွက်ပြီး လေ့လာခဲ့ကြတာပါ။ ပထမဆုံးမွေးဖွားတဲ့ ကလေးတွေဟာ စာဖတ်ခြင်းနဲ့ ရုပ်ပုံပြစကားလုံးဝေါဟာရ စမ်းသပ်မှုတွေမှာ ပိုပြီးအမှတ်များတာကို တွေ့ခဲ့ကြရပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top