iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဖိစီးမႈဆိုတာ ေကာင္းတဲ့ ခံစားမႈတစ္ခု မဟုတ္ပါဘူး။ ႐ုပ္ပိုင္းဆိုင္ရာမွာ ေခါင္းကိုက္ျခင္း၊ ဗိုက္ေအာင့္ျခင္းတို႔လို လကၡဏာေတြ ခံစားရႏိုင္တဲ့အျပင္ စိတ္ပိုင္းဆိုင္ရာမွာလဲ အထီးက်န္ျခင္း၊ အလုပ္မလုပ္ႏိုင္ျခင္း၊ စိတ္က်ျခင္းတို႔လို ေဝဒနာေတြ ခံစားရႏိုင္ပါတယ္။

လုပ္ငန္း႐ွင္ေတြအတြက္ကေတာ့ စိတ္ဖိစီးမႈဆိုတာ အျမဲလိုလို ႐ွိေနမွာပါ။ စိတ္ဖိစီးမႈက သင့္ရဲ႕ ဘဝကို စားသံုးမသြားရေလေအာင္ ကြၽန္ေတာ္ ေပးခ်င္တဲ့ အၾကံဉာဏ္ ၁၁ ခု ႐ွိပါတယ္။ အဲဒါေတြကေတာ့

၁. ဘာက စိတ္ဖိစီးေစလဲ ဆိုတာ ေလ့လာပါ

သင့္ကို ဘာေတြက စိတ္ဖိစီးေစလဲဆိုတာ ေလ့လာပါ။ သင္ ဘယ္လို အခ်ိန္မွာ စိတ္ဖိစီးလဲ၊ စိတ္ဖိစီးရင္ ဘာလုပ္မိလဲ ဆိုတဲ့ ေမးခြန္းႏွစ္ခုကို ေျဖၾကည့္ရင္ ဘာေၾကာင့္စိတ္ဖိစီးလဲဆိုတာ ေပၚလာမွာပါ။ ဘာေၾကာင့္ စိတ္ဖိစီးလဲ သိရရင္ စာရင္းလုပ္ထားၿပီး ထိပ္ဆံုးကဟာေတြကို ေဖ်ာက္လို႔ရရင္ေဖ်ာက္ႏိုင္ဖို႔၊ မရရင္ စိတ္ေလ်ွာ့ထားႏိုင္ဖို႔ ႀကိဳးစားၾကည့္ပါ။

၂. က်န္းမာေအာင္ ေနထိုင္ပါ

လမ္းေလ်ွာက္တာ၊ ေယာဂက်င့္တာ၊ အဆီမ်ားတဲ့ အစားေတြ မစားတာ၊ ညဘက္ ေကာင္းေကာင္းအိပ္တာ တို႔လိုမ်ိဳး သင့္ခႏၶာကိုယ္ကို သင္ ဂ႐ုစိုက္ျခင္းဟာ စိတ္ဖိစီးမႈ ေလ်ာ့နည္းေစဖို႔ အေကာင္းဆံုး နည္းလမ္း တစ္ခုပါပဲ။

၃. စနစ္တက် ေနပါ

သင့္ရဲ႕ ရံုးမွာျဖစ္ျဖစ္၊ အိမ္မွာပဲ ျဖစ္ျဖစ္ စနစ္တက်ေနပါ။ ဘာလို႔လဲဆိုေတာ့ တစ္ခုခုကို အေရးတႀကီးလိုက္႐ွာေနရၿပီး မေတြ႕ရင္ ဘယ္ေလာက္ စိတ္အေႏွာင့္အယွက္ ျဖစ္တယ္ဆိုတာ သိၾကမွာပါ။

၄. အခ်ိန္ မဆြဲပါနဲ႔

အခ်ိန္ဆြဲသူေတြဟာ စိတ္ဖိစီးမႈ ပိုမ်ားေလ့ ႐ွိၿပီး ပိုၿပီးနိမ့္က်တဲ့ ဘဝမွာ ေနတတ္ၾကရပါတယ္။ အဲဒါကို ေျဖေဖ်ာက္ႏိုင္ဖို႔ လုပ္စရာ႐ွိ ခ်က္ျခင္းလုပ္တတ္တဲ့ အက်င့္ကို ေမြးထားပါ။

၅.ဖုန္းပိတ္ထားပါ

ဖုန္း႐ွိေနရင္ ဝင္လာသမ်ွ Message တိုင္း Noti တိုင္းကို အလုပ္မအားတဲ့ၾကားက ဖြင့္ဖတ္၊ စာျပန္ေနရၿပီး စိတ္ဖိစီးမႈကို တိုးေစပါတယ္။ အလုပ္ခ်ိန္၊ အနားယူခ်ိန္ေတြမွာ ဖုန္းပိတ္ထားပါ။ ဒါမွမဟုတ္ Data ပိတ္ထားပါ။

၆. ေပ်ာ္စရာေကာင္းတာ လုပ္ပါ

စိတ္ဖိစီးမႈေလ်ာ့က်ေစဖို႔ သင္ ဝါသနာပါတဲ့အရာေတြ လုပ္ဖို႔ အခ်ိန္ေပးထားပါ။ ဘယ္ေလာက္ အလုပ္႐ႈပ္႐ႈပ္ ေပ်ာ္ဖို႔ အခ်ိန္ထားပါ။ စိတ္ဖိစီးလ်က္နဲ႔ အလုပ္ဆက္တိုက္လုပ္တာထက္ ေပ်ာ္ေပ်ာ္ေနၿပီးမွ အလုပ္လုပ္တာ ၿပီးေျမာက္ႏႈန္း ကြာပါတယ္။

၇. အားလပ္ခ်ိန္ ထားပါ

သင့္ရဲ႕ အားလပ္ခ်ိန္ကို တျခား အလုပ္ကိစၥေတြ ျဖည့္မသြားပါေစနဲ႔။ အေပၚက နံပါတ္ ၆ က ကိစၥေတြကို လုပ္ဖို႔ ထားပါ။

၈. လူေတြကို အ႐ွိကို အ႐ွိအတိုင္း ဆက္ဆံပါ

သင့္ေဘးမွာ တစ္ေန႔လံုး ပြစိပြစိ အိမ္အေၾကာင္းေျပာေနတတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္အတြက္ စိတ္ညစ္ေနရပါသလား။ သင္နဲ႔အျမဲ ဆက္ဆံေနရမယ့္လူေတြကို စိတ္ညစ္ေနလို႔ မထူးပါဘူး။ သူတို႔နဲ႔ ရင္ဆိုင္ဖို႔ နည္းလမ္း ႐ွာထားပါ။

၉. ေက်းဇူးတင္ပါ

ေက်းဇူးသိတတ္သူေတြဟာ ပိုၿပီး ေပ်ာ္ေပ်ာ္ေနတတ္ၿပီး စိတ္ဖိစီးမႈ နည္းတတ္ပါတယ္။ ညဘက္ အိပ္ခါနီးမွာ ဒီေန႔ သင္ ၾကံဳခဲ့ဲတဲ့ေက်းဇူးတင္စရာ ဆယ္ခုကို စဥ္းစားၿပီးမွ အိပ္ပါ။

၁၀. အလုပ္ႏွစ္ခု ၿပိဳင္တူ မလုပ္ပါနဲ႔

အရမ္းအလုပ္႐ႈပ္ေနလို႔ ႏွစ္ခုၿပိဳင္တူလုပ္ရင္ အဆင္ေျပသြားမယ္ ထင္ပါသလား။ မွားပါတယ္။ အဲဒါဟာ စိတ္ဖိစီးမႈ ပိုမ်ားေစၿပီး သင့္ အလုပ္စြမ္းအားကို ေလ်ာ့က်ေစပါတယ္။

၁၁. နမ္းပါ

ခဏခဏ ၾကံဳရင္ၾကံဳသလို Kiss ေပးေနၾကတဲ့ စံုတြဲေတြဟာ တစ္ညတစ္ခါေလာက္ပဲ နမ္းတဲ့ စံုတြဲေတြထက္ စိတ္ဖိစီးမႈ ၈ ဆ ေလ်ာ့နည္းၾကပါတယ္။ နမ္းျခင္းဟာ တစ္ေယာက္နဲ႔ စတ္ေယာက္ ဆက္သြယ္မႈ ပို႐ွိေစၿပီး စိတ္ဖိစီးမႈ ေလ်ာ့က်တဲ့ ေဟာ္မုန္းေတြ ထုတ္ေပးလို႔ပါ။

အဲဒိေတာ့ခုပဲ သင့္ေကာင္မေလးကိုနမ္း၊ သင္ဖတ္ခ်င္တဲ့ စာတစ္အုပ္ကိုကိုင္၊ သင္ ေက်းဇူးတင္စရာေတြကို ေက်းဇူးတင္၊ ၿပီးေတာ့ ကိုယ့္ဘာသာ အလုပ္ေတြနဲ႔ အပိမခံပါနဲ႔ေတာ့။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Gentleman Magazine

#Unicode Version

စိတ်ဖိစီးမှုဆိုတာ ကောင်းတဲ့ ခံစားမှုတစ်ခု မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို လက္ခဏာတွေ ခံစားရနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလဲ အထီးကျန်ခြင်း၊ အလုပ်မလုပ်နိုင်ခြင်း၊ စိတ်ကျခြင်းတို့လို ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

လုပ်ငန်းရှင်တွေအတွက်ကတော့ စိတ်ဖိစီးမှုဆိုတာ အမြဲလိုလို ရှိနေမှာပါ။ စိတ်ဖိစီးမှုက သင့်ရဲ့ ဘဝကို စားသုံးမသွားရလေအောင် ကျွန်တော် ပေးချင်တဲ့ အကြံဉာဏ် ၁၁ ခု ရှိပါတယ်။ အဲဒါတွေကတော့

၁. ဘာက စိတ်ဖိစီးစေလဲ ဆိုတာ လေ့လာပါ

သင့်ကို ဘာတွေက စိတ်ဖိစီးစေလဲဆိုတာ လေ့လာပါ။ သင် ဘယ်လို အချိန်မှာ စိတ်ဖိစီးလဲ၊ စိတ်ဖိစီးရင် ဘာလုပ်မိလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ဖြေကြည့်ရင် ဘာကြောင့်စိတ်ဖိစီးလဲဆိုတာ ပေါ်လာမှာပါ။ ဘာကြောင့် စိတ်ဖိစီးလဲ သိရရင် စာရင်းလုပ်ထားပြီး ထိပ်ဆုံးကဟာတွေကို ဖျောက်လို့ရရင်ဖျောက်နိုင်ဖို့၊ မရရင် စိတ်လျှော့ထားနိုင်ဖို့ ကြိုးစားကြည့်ပါ။

၂. ကျန်းမာအောင် နေထိုင်ပါ

လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ အဆီများတဲ့ အစားတွေ မစားတာ၊ ညဘက် ကောင်းကောင်းအိပ်တာ တို့လိုမျိုး သင့်ခန္ဓာကိုယ်ကို သင် ဂရုစိုက်ခြင်းဟာ စိတ်ဖိစီးမှု လျော့နည်းစေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။

၃. စနစ်တကျ နေပါ

သင့်ရဲ့ ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ် စနစ်တကျနေပါ။ ဘာလို့လဲဆိုတော့ တစ်ခုခုကို အရေးတကြီးလိုက်ရှာနေရပြီး မတွေ့ရင် ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုတာ သိကြမှာပါ။

၄. အချိန် မဆွဲပါနဲ့

အချိန်ဆွဲသူတွေဟာ စိတ်ဖိစီးမှု ပိုများလေ့ ရှိပြီး ပိုပြီးနိမ့်ကျတဲ့ ဘဝမှာ နေတတ်ကြရပါတယ်။ အဲဒါကို ဖြေဖျောက်နိုင်ဖို့ လုပ်စရာရှိ ချက်ခြင်းလုပ်တတ်တဲ့ အကျင့်ကို မွေးထားပါ။

၅.ဖုန်းပိတ်ထားပါ

ဖုန်းရှိနေရင် ဝင်လာသမျှ Message တိုင်း Noti တိုင်းကို အလုပ်မအားတဲ့ကြားက ဖွင့်ဖတ်၊ စာပြန်နေရပြီး စိတ်ဖိစီးမှုကို တိုးစေပါတယ်။ အလုပ်ချိန်၊ အနားယူချိန်တွေမှာ ဖုန်းပိတ်ထားပါ။ ဒါမှမဟုတ် Data ပိတ်ထားပါ။

၆. ပျော်စရာကောင်းတာ လုပ်ပါ

စိတ်ဖိစီးမှုလျော့ကျစေဖို့ သင် ဝါသနာပါတဲ့အရာတွေ လုပ်ဖို့ အချိန်ပေးထားပါ။ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ပျော်ဖို့ အချိန်ထားပါ။ စိတ်ဖိစီးလျက်နဲ့ အလုပ်ဆက်တိုက်လုပ်တာထက် ပျော်ပျော်နေပြီးမှ အလုပ်လုပ်တာ ပြီးမြောက်နှုန်း ကွာပါတယ်။

၇. အားလပ်ချိန် ထားပါ

သင့်ရဲ့ အားလပ်ချိန်ကို တခြား အလုပ်ကိစ္စတွေ ဖြည့်မသွားပါစေနဲ့။ အပေါ်က နံပါတ် ၆ က ကိစ္စတွေကို လုပ်ဖို့ ထားပါ။

၈. လူတွေကို အရှိကို အရှိအတိုင်း ဆက်ဆံပါ

သင့်ဘေးမှာ တစ်နေ့လုံး ပွစိပွစိ အိမ်အကြောင်းပြောနေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်အတွက် စိတ်ညစ်နေရပါသလား။ သင်နဲ့အမြဲ ဆက်ဆံနေရမယ့်လူတွေကို စိတ်ညစ်နေလို့ မထူးပါဘူး။ သူတို့နဲ့ ရင်ဆိုင်ဖို့ နည်းလမ်း ရှာထားပါ။

၉. ကျေးဇူးတင်ပါ

ကျေးဇူးသိတတ်သူတွေဟာ ပိုပြီး ပျော်ပျော်နေတတ်ပြီး စိတ်ဖိစီးမှု နည်းတတ်ပါတယ်။ ညဘက် အိပ်ခါနီးမှာ ဒီနေ့ သင် ကြုံခဲ့ဲတဲ့ကျေးဇူးတင်စရာ ဆယ်ခုကို စဉ်းစားပြီးမှ အိပ်ပါ။

၁၀. အလုပ်နှစ်ခု ပြိုင်တူ မလုပ်ပါနဲ့

အရမ်းအလုပ်ရှုပ်နေလို့ နှစ်ခုပြိုင်တူလုပ်ရင် အဆင်ပြေသွားမယ် ထင်ပါသလား။ မှားပါတယ်။ အဲဒါဟာ စိတ်ဖိစီးမှု ပိုများစေပြီး သင့် အလုပ်စွမ်းအားကို လျော့ကျစေပါတယ်။

၁၁. နမ်းပါ

ခဏခဏ ကြုံရင်ကြုံသလို Kiss ပေးနေကြတဲ့ စုံတွဲတွေဟာ တစ်ညတစ်ခါလောက်ပဲ နမ်းတဲ့ စုံတွဲတွေထက် စိတ်ဖိစီးမှု ၈ ဆ လျော့နည်းကြပါတယ်။ နမ်းခြင်းဟာ တစ်ယောက်နဲ့ စတ်ယောက် ဆက်သွယ်မှု ပိုရှိစေပြီး စိတ်ဖိစီးမှု လျော့ကျတဲ့ ဟော်မုန်းတွေ ထုတ်ပေးလို့ပါ။

အဲဒိတော့ခုပဲ သင့်ကောင်မလေးကိုနမ်း၊ သင်ဖတ်ချင်တဲ့ စာတစ်အုပ်ကိုကိုင်၊ သင် ကျေးဇူးတင်စရာတွေကို ကျေးဇူးတင်၊ ပြီးတော့ ကိုယ့်ဘာသာ အလုပ်တွေနဲ့ အပိမခံပါနဲ့တော့။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Gentleman Magazine


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top