iMyanmarHouse.com - Best Property Website for Myanmar
×

ရွည္လ်ားလွတဲ့ တစ္ေန႔တာအျပီးမွာေတာ့ အိပ္ရာဝင္မယ့္ အခ်ိန္ေရာက္ရိွလာပါတယ္။ ပညာရွင္ေတြရဲ႕ ေလ့လာမႈအရ ညဘက္ ကေယာင္ေျခာက္ျခားျဖစ္ေစတဲ့ အိပ္မက္၊ အိပ္မက္ဆုိးေတြ မက္တာဟာ မိမိတို႔ရဲ႕ အစားအေသာက္၊ အျပဳအမူေတြေၾကာင့္လည္း ျဖစ္တယ္လုိ႔ ဆုိပါတယ္။

Cheese မလုိင္စားတာ

သင္ၾကိဳက္ႏွစ္သက္တဲ့ အဆာေျပအစားအစာေတြက အိပ္မက္ဆန္းေတြ မက္ေစတဲ့ အရာေတြျဖစ္တတ္ပါတယ္။ မလုိင္အမ်ဳိးအစားအလုိက္ အိပ္မက္အမ်ဳိးမ်ဳိး ျဖစ္ေစႏုိင္ေသးတယ္လုိ႔ British Cheese Board က ေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။ အဝါေရာင္ဒိန္ခဲတစ္မ်ဳိးစားရင္ ဆယ္လီဘရီးတီေတြအေၾကာင္း အိပ္မက္မက္ႏုိင္ေျခပိုမ်ားပါသတဲ့။ အျပာေရာင္ ဒိန္ခဲေတြက ျဖစ္ရုိးျဖစ္စဥ္မဟုတ္တဲ့ အၾကာင္းအရာေတြ မက္ေစတတ္တယ္လုိ႔ ဆုိပါတယ္။

Melatonin အသားအေရာင္ေျပာင္းေဟာ္မုန္းေဆးေသာက္တာ

Melatonin က လူသိမ်ားတဲ့ အိပ္ေဆးတစ္ခုပါ။ သို႔ေပမယ့္ ဒီေဆးက REM ေခၚ အိပ္ေနစဥ္ ဦးေႏွာက္အလုပ္လုပ္မႈ ပိုမိုတုိးျမင့္ေစကာ ရွင္းလင္းျပတ္သားတဲ့ အိပ္မက္ေတြ မက္ေစႏုိင္ေၾကာင္း University of Maryland Midical Center က သတင္းေဖာ္ျပထားပါတယ္။

ညအိပ္ခါနီး အဆာေျပသုံးေဆာင္တာ

ညဘက္အိပ္ခါနီး အစားအေသာက္ေတြ သုံးေဆာင္တာက ခႏၶာကိုယ္အပူခ်ိန္ ျမင့္တက္ေစျပီး ဇီဝတြင္းျဖစ္ပ်က္မႈ ပိုမုိျပင္းထန္ေစသလုိ အိပ္ေနစဥ္ ဦးေႏွာက္ကို အလုပ္ပိုလုပ္ေစပါတယ္။ ထမင္းစားေနာက္က်ျခင္းနဲ႔ အိပ္မက္ဆုိးမက္ျခင္းႏွစ္ခုၾကား တုိက္ရုိက္ဆက္ႏြယ္မႈတစ္ခုရိွတယ္လုိ႔ ဆုိပါတယ္။

TV ၾကည့္ရင္း အိပ္ေပ်ာ္သြားတာ

အိပ္မက္ေတြဟာ အသံေတြကေနတဆင့္လည္း စတင္ျဖစ္ေပၚႏုိင္ပါတယ္။ ဒါေၾကာင့္ ဇာတ္လမ္းထဲက ဒုိင္ယာေလာ့ဂ္ေတြက သင့္အိပ္မက္ေတြ ျဖစ္ပြားေစတဲ့ အေၾကာင္းအရင္းေတြ ျဖစ္ႏုိင္ပါတယ္။ ညအိပ္ရာမဝင္ခင္ အနည္းဆုံး ၁ နာရီအလုိမွာ TV ပိတ္လုိက္ပါ။

စိတ္ဖိစီးမႈ

အလုပ္နဲ႔ မိသားစုကိစၥပူပန္မႈေတြေၾကာင့္ စိတ္ပိေနတဲ့အခါ ညအိပ္ေနစဥ္ ဦးေႏွာက္ ပိုမိုႏုိးၾကားႏုိင္ေျခရိွပါတယ္။ ဒီေတာ့ အိပ္မက္ေတြနဲ႔ အိပ္မက္ဆုိးေတြ ပိုမက္ပါတယ္။ ညမအိပ္ခင္ အသက္ ျဖည္းျဖည္းနဲ႔ ျပင္းျပင္းရွဴျပီး ေသာကေတြ ေဘးဖယ္ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit;trend  myanmar

#Unicode Version

ရှည်လျားလှတဲ့ တစ်နေ့တာအပြီးမှာတော့ အိပ်ရာဝင်မယ့် အချိန်ရောက်ရှိလာပါတယ်။ ပညာရှင်တွေရဲ့ လေ့လာမှုအရ ညဘက် ကယောင်ခြောက်ခြားဖြစ်စေတဲ့ အိပ်မက်၊ အိပ်မက်ဆိုးတွေ မက်တာဟာ မိမိတို့ရဲ့ အစားအသောက်၊ အပြုအမူတွေကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Cheese မလိုင်စားတာ

သင်ကြိုက်နှစ်သက်တဲ့ အဆာပြေအစားအစာတွေက အိပ်မက်ဆန်းတွေ မက်စေတဲ့ အရာတွေဖြစ်တတ်ပါတယ်။ မလိုင်အမျိုးအစားအလိုက် အိပ်မက်အမျိုးမျိုး ဖြစ်စေနိုင်သေးတယ်လို့ British Cheese Board က လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ အဝါရောင်ဒိန်ခဲတစ်မျိုးစားရင် ဆယ်လီဘရီးတီတွေအကြောင်း အိပ်မက်မက်နိုင်ခြေပိုများပါသတဲ့။ အပြာရောင် ဒိန်ခဲတွေက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အကြာင်းအရာတွေ မက်စေတတ်တယ်လို့ ဆိုပါတယ်။

Melatonin အသားအရောင်ပြောင်းဟော်မုန်းဆေးသောက်တာ

Melatonin က လူသိများတဲ့ အိပ်ဆေးတစ်ခုပါ။ သို့ပေမယ့် ဒီဆေးက REM ခေါ် အိပ်နေစဉ် ဦးနှောက်အလုပ်လုပ်မှု ပိုမိုတိုးမြင့်စေကာ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်တွေ မက်စေနိုင်ကြောင်း University of Maryland Midical Center က သတင်းဖော်ပြထားပါတယ်။

ညအိပ်ခါနီး အဆာပြေသုံးဆောင်တာ

ညဘက်အိပ်ခါနီး အစားအသောက်တွေ သုံးဆောင်တာက ခန္ဓာကိုယ်အပူချိန် မြင့်တက်စေပြီး ဇီဝတွင်းဖြစ်ပျက်မှု ပိုမိုပြင်းထန်စေသလို အိပ်နေစဉ် ဦးနှောက်ကို အလုပ်ပိုလုပ်စေပါတယ်။ ထမင်းစားနောက်ကျခြင်းနဲ့ အိပ်မက်ဆိုးမက်ခြင်းနှစ်ခုကြား တိုက်ရိုက်ဆက်နွယ်မှုတစ်ခုရှိတယ်လို့ ဆိုပါတယ်။

TV ကြည့်ရင်း အိပ်ပျော်သွားတာ

အိပ်မက်တွေဟာ အသံတွေကနေတဆင့်လည်း စတင်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းထဲက ဒိုင်ယာလော့ဂ်တွေက သင့်အိပ်မက်တွေ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် အနည်းဆုံး ၁ နာရီအလိုမှာ TV ပိတ်လိုက်ပါ။

စိတ်ဖိစီးမှု

အလုပ်နဲ့ မိသားစုကိစ္စပူပန်မှုတွေကြောင့် စိတ်ပိနေတဲ့အခါ ညအိပ်နေစဉ် ဦးနှောက် ပိုမိုနိုးကြားနိုင်ခြေရှိပါတယ်။ ဒီတော့ အိပ်မက်တွေနဲ့ အိပ်မက်ဆိုးတွေ ပိုမက်ပါတယ်။ ညမအိပ်ခင် အသက် ဖြည်းဖြည်းနဲ့ ပြင်းပြင်းရှူပြီး သောကတွေ ဘေးဖယ်ပါ။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit;trend  myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top