iMyanmarHouse.com - Best Property Website for Myanmar
×

– မူးဝေခြင်း
– ခေါင်းကိုက်ခြင်း
– တတ်ခြင်း
– မောပန်းခြင်း
ပြဒါးကို အလွန်အကျွံထိတွေ့ခြင်းက ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊အိပ်မပျော်ခြင်း၊ မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါနှင့် ကင်ဆာကိုဖြစ်ပေါ်စေပါတယ်။
#Nandar



Unicode Version

ကျွန်မတို့က စွမ်းအင်နဲ့ ငွေကြေးကို ချွေတာဖို့ ကြိုးစားကြပါတယ်။ ခေတ်ဟောင်းက မီးလုံးများအစား စွမ်းအင်ချွေတာတဲ့ ဂေဟစနစ်နဲ့ လိုက်လျှောညီထွေဖြစ်တဲ့စွမ်းအင်များနဲ့ မီးလုံးများကို အစားထိုးသုံးစွဲကြပါတယ်။ အမေရိကန်သဘာဝပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့က စွမ်းအင်ချွေတာရေးမီးသီးများ အသုံးပြုခြင်းက အန္တရယ်ဖြစ်စေကြောင်း ပြောခဲ့ပါတယ်။ ဒီမီးသီးများက အဆိပ်သင့်ဓါတ်ငွေ့ထုတ်လွင့်တာကြောင့် ရောဂါဖြစ်ပွားစေနိုင်တယ်လို့ ပြောပါတယ်။

စွမ်းအင်ချွေတာမီးသီးများသည် အောက်ပါရောဂါများကိုဖြစ်ပွားနိုင်ပါတယ်။

– မူးဝေခြင်း

– ခေါင်းကိုက်ခြင်း

– ခေါင်းတစ်ခြမ်းကိုက်ခြင်း

– တတ်ခြင်း

– မောပန်းခြင်း

– အာရုံစူးစိုက်မှုနည်းခြင်း

ခေတ်မီ မီးသီးများက စိုးရိမ်ပူပန်မှု၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ကင်ဆာရောဂါကို ဖြစ်ပေါ်စေကြောင်း ပြောပါတယ်။

1. ပြဒါးနှင့် ပြုလုပ်ထားတဲ့ စွမ်းအင်ချွေတာမီးသီးများ

ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပေါ် ဆိုးဆိုးဝါးဝါးသက်ရောက်မှုရှိတာကြောင့် အန္တရာယ်များတဲ့ neurotoxin ဖြစ်ပါတယ်။  မာကျူရီက သင့်ဦးနှောက်၊ အာရုံကြောစနစ်၊ အသည်းနှင့် ကျောက်ကပ်ကို အကျိုးသက်ရောက်ပါတယ်။ နှလုံးသွေးကြော၊ ကိုယ်ခံစွမ်းအားများနှင့် မျိုးပွားမှုစနစ်အပေါ်မှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။

ပြဒါးကို အလွန်အကျွံထိတွေ့ခြင်းက ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါနှင့် ကင်ဆာကိုဖြစ်ပေါ်စေပါတယ်။

2. စွမ်းအင်ချွေတာမီးသီးများက ကင်ဆာဖြစ်နိုင်

ဂျာမနီနိုင်ငံ ဘာလင်က Alab ဓါတ်ခွဲခန်းမှာ ပီတာBraun က မီးသီးများမှာ ကင်ဆာအန္တရာယ်များဖြစ်ပွားစေနိုင်တဲ့ အောက်ပါပစ္စည်းများ ပါဝင်တာကို လေ့လာမှုတစ်ခုအရ တွေ့ရှိရပါတယ်။

– ဖင်နိုလစ်သည် ကတ္တရာစေးမှ ရရှိတဲ့ အဆိပ်အတောက်အနည်းငယ်ပါဝင်တဲ့ အဖြူရောင်ပုံဆောင်ခဲတစ်ခုဖြစ်ပါတယ်။ ဖစ်နိုလစ်ကို မကြာခဏ ဓါတုထုတ်လုပ်ခြင်းများမှာ အသုံးပြုပါတယ်။

– Naphthalene သည် ကတ္တရာစေးကိုပေါင်းခံခြင်းမှတဆင့် ရရှိသော မတည်ငြိမ်သောအဖြူရောင်ပုံဆောင်ခဲဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒါကသာမန် ပရုတ်လုံးများအတွက် အသုံးပြုပါတယ်။ ထုတ်လုပ်သူများက ဓါတုထုတ်လုပ်ခြင်းအတွက် ကုန်ကြမ်းအဖြစ်အသုံးပြုကြပါတယ်။

– Syrene က ဟိုက်ဒရိုကာဗွန်အရည် အဆီအက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ ၎င်းက ရေနံဘေးထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

3.စွမ်းအင်ချွေတာမီးသီးနှင့် ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်မှု

ခေတ်ပေါ်မီးသီးများက UV-Bနှင့် UV-Cတို့ကို ထုတ်လွှင့်ပေးသည်။ UVခရမ်းလွန် ရောင်ခြည်များက အရေပြားကိုအန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါကြီးထွားခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဗီတာမင်ဒီ3၏ ပုံမှန်ထုတ်လုပ်မှုကို ကာကွယ်တားဆီးသည့် ကိုယ်ခံအားစနစ်ကိုတိုက်ဖျက်ခြင်းနှင့် အသားအရေပျက်စီးဆုံးရှုံးမှုကိုဖြစ်စေပါတယ်။

#Nandar

Credit:healthyfoodhouse


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top