iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကုိယ္အနံ႔အသက္ဆိုးေတြ ရိွေနလား။ ကံမေကာင္းသူတခ်ဳိ႕အဖုိ႔ ေရဘယ္ေလာက္ခ်ဳိးခ်ဳိး စူးရွတဲ့ ခ်ဳိင္းၾကားအနံ႔အသက္ဆုိးေတြ မပယ္တတ္ပါဘူး။ ဒါေပမယ့္ သိပၸံပညာရွင္ေတြမွာ အေျဖရိွပါတယ္။ ေခြ်းနံ႔ေပ်ာက္ေဆးေတြ ေမ့ထားလုိက္ပါ။ သင့္မွာ လုိအပ္တာက အျခားတစ္စုံတစ္ေယာက္ရဲ႕ေခြ်းကို ခ်ဳိင္းၾကားထဲ ပြတ္ေပးဖို႔ပါပဲ။

ကယ္လီဖုိးနီးယားတကၠသိုလ္က သုေတသနသစ္တစ္ခုအရ အနံ႔ပုိသင္းတဲ့ မိသားစုဝင္တစ္ဦးရဲ႕ ေခြ်းနဲ႔ မိမိခ်ဳိင္းၾကားပြတ္ေပးျခင္းက ကုိယ္အနံ႔အသက္ဆုိးေတြ အမွန္တကယ္ ေလ်ာ့နည္းေစႏုိင္တယ္လို႔ သိရပါတယ္။ အနံ႔အသက္စူးရွတဲ့ ခ်ဳိင္းၾကားဘက္တီးရီးယားပိုးေတြကို အနံ႔ဆိုးကင္းေခြ်းေတြနဲ႔ အစားထုိးျခင္းျဖင့္ သင့္ခ်ဳိင္းၾကားထဲ အနံ႔အသက္ပိုေကာင္းတဲ့ ဘက္တီးရီးယားေတြ ေပါက္ဖြားေစတယ္လုိ႔ ယင္းသုေတသနဦးေဆာင္သူ ေဒါက္တာ Chris Callewart က ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဒါကုိ ဘက္တီးရီးယားအစားထုိးထည့္သြင္းျခင္းလို႔ ေခၚပါတယ္။

ဒီသီအုိရီကို စမ္းသပ္ဖုိ႔ရာ ေဒါက္တာ Callewart က ေခြ်းနံ႔စူးရွသူနဲ႔ ေခြ်းနံ႔သိပ္မဆုိးတဲ့ အျမႊာႏွစ္ေယာက္ကုိ အသုံးျပဳခဲ့ပါတယ္။ အနံ႔အသက္ဆုိးျပသနာမရိွသူကို ခ်ဳိင္းၾကား အနံ႔ဆုိးကင္း ဘက္တီးရီးယားေတြ မ်ားမ်ားထုတ္ႏုိင္ေအာင္ ၄ ရက္ ေရမခ်ဳိးဖုိ႔ ညႊန္ၾကားထားပါတယ္။

ေခြ်းနံ႔စူးရွသူတစ္ေယာက္ကိုေတာ့ ခ်ဳိင္းၾကား သန္႔ႏုိင္သေလာက္သန္႔ေအာင္ ဘက္တီးရီးယားပိုးသတ္ေဆးဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာသန္႔စင္ဖုိ႔ ေျပာထားပါတယ္။ ျပီးေတာ့ ခႏၶာကိုယ္အနံ႔အသက္ဆုိးမရိွသူရဲ႕ ေခြ်းကို ေနာက္တစ္ေယာက္ရဲ႕ ခ်ဳိင္းၾကားထဲ ပြတ္ေပးလုိက္ပါတယ္။

အက်ဳိးရလဒ္က…. အနံ႔အသက္ဆုိးေတြ ေပ်ာက္သြားျပီး အခုဆိုရင္ ဒီအက်ဳိးသက္ေရာက္မႈဟာ ၁ႏွစ္ၾကာသြားျပီလုိ႔ သုေတသီေတြက သတင္းထုတ္ျပန္ထားပါတယ္။ အလားတူ စမ္းသပ္မႈကို လူ ၁၇ တြဲမွာ ျပဳလုပ္ခဲ့ျပီး ခႏၶာကိုယ္အနံ႔အသက္ရိွသူတစ္ေယာက္ဆို တစ္လအၾကာမွာ ခႏၶာကိုယ္အနံ႔အသက္ဆုိး သိသိသာသာ ေလ်ာ့နည္းခဲ့ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

အခုဆိုရင္ အဲဒီသုေတသနအဖြဲ႔ဟာ ေဆြမ်ဳိးတစ္ဦးတစ္ေယာက္ဆီက ေခြ်းကို သုံးမယ့္အစား အားလုံးအသုံးျပဳႏုိင္မယ့္ ကိုယ္ပုိင္ဘက္တီးရီးယားေမြးျမဴဖုိ႔ ၾကိဳးစားလ်က္ရိွပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခန္ဓာကိုယ်အနံ့အသက်ဆိုးတွေ ရှိနေလား။ ကံမကောင်းသူတချို့အဖို့ ရေဘယ်လောက်ချိုးချိုး စူးရှတဲ့ ချိုင်းကြားအနံ့အသက်ဆိုးတွေ မပယ်တတ်ပါဘူး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေမှာ အဖြေရှိပါတယ်။ ချွေးနံ့ပျောက်ဆေးတွေ မေ့ထားလိုက်ပါ။ သင့်မှာ လိုအပ်တာက အခြားတစ်စုံတစ်ယောက်ရဲ့ချွေးကို ချိုင်းကြားထဲ ပွတ်ပေးဖို့ပါပဲ။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနသစ်တစ်ခုအရ အနံ့ပိုသင်းတဲ့ မိသားစုဝင်တစ်ဦးရဲ့ ချွေးနဲ့ မိမိချိုင်းကြားပွတ်ပေးခြင်းက ကိုယ်အနံ့အသက်ဆိုးတွေ အမှန်တကယ် လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ အနံ့အသက်စူးရှတဲ့ ချိုင်းကြားဘက်တီးရီးယားပိုးတွေကို အနံ့ဆိုးကင်းချွေးတွေနဲ့ အစားထိုးခြင်းဖြင့် သင့်ချိုင်းကြားထဲ အနံ့အသက်ပိုကောင်းတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားစေတယ်လို့ ယင်းသုတေသနဦးဆောင်သူ ဒေါက်တာ Chris Callewart က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကို ဘက်တီးရီးယားအစားထိုးထည့်သွင်းခြင်းလို့ ခေါ်ပါတယ်။

ဒီသီအိုရီကို စမ်းသပ်ဖို့ရာ ဒေါက်တာ Callewart က ချွေးနံ့စူးရှသူနဲ့ ချွေးနံ့သိပ်မဆိုးတဲ့ အမြွှာနှစ်ယောက်ကို အသုံးပြုခဲ့ပါတယ်။ အနံ့အသက်ဆိုးပြသနာမရှိသူကို ချိုင်းကြား အနံ့ဆိုးကင်း ဘက်တီးရီးယားတွေ များများထုတ်နိုင်အောင် ၄ ရက် ရေမချိုးဖို့ ညွှန်ကြားထားပါတယ်။

ချွေးနံ့စူးရှသူတစ်ယောက်ကိုတော့ ချိုင်းကြား သန့်နိုင်သလောက်သန့်အောင် ဘက်တီးရီးယားပိုးသတ်ဆေးဆပ်ပြာနဲ့ သေချာဆေးကြောသန့်စင်ဖို့ ပြောထားပါတယ်။ ပြီးတော့ ခန္ဓာကိုယ်အနံ့အသက်ဆိုးမရှိသူရဲ့ ချွေးကို နောက်တစ်ယောက်ရဲ့ ချိုင်းကြားထဲ ပွတ်ပေးလိုက်ပါတယ်။

အကျိုးရလဒ်က…. အနံ့အသက်ဆိုးတွေ ပျောက်သွားပြီး အခုဆိုရင် ဒီအကျိုးသက်ရောက်မှုဟာ ၁နှစ်ကြာသွားပြီလို့ သုတေသီတွေက သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ စမ်းသပ်မှုကို လူ ၁၇ တွဲမှာ ပြုလုပ်ခဲ့ပြီး ခန္ဓာကိုယ်အနံ့အသက်ရှိသူတစ်ယောက်ဆို တစ်လအကြာမှာ ခန္ဓာကိုယ်အနံ့အသက်ဆိုး သိသိသာသာ လျော့နည်းခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အခုဆိုရင် အဲဒီသုတေသနအဖွဲ့ဟာ ဆွေမျိုးတစ်ဦးတစ်ယောက်ဆီက ချွေးကို သုံးမယ့်အစား အားလုံးအသုံးပြုနိုင်မယ့် ကိုယ်ပိုင်ဘက်တီးရီးယားမွေးမြူဖို့ ကြိုးစားလျက်ရှိပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top