iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာတစ္၀ွမ္းက စံုတြဲေတာ္ေတာ္မ်ားမ်ား ျပတ္စဲၾကတဲ့လဟာ မတ္လျဖစ္ေနတတ္တာ ဘာ့ေၾကာင့္မ်ားလဲ။ ဒီကာလကို တစ္ကိုယ္တည္းသမားေတြရဲ႕ရာသီလို႔ေတာင္ ေျပာင္းလဲေခၚေ၀ၚၾကတဲ့အထိ စံုတြဲေတြ လမ္းခြဲၾကတာမ်ားသလုိ အိမ္ေထာင္သည္ေတြလည္း ျပတ္စဲၾကတဲ့ ကာလျဖစ္ေနတာ ထူးဆန္းလွပါတယ္။ ေဆာင္းရာသီလညး္ျဖစ္၊ အားလပ္ရက္ေတြ ေဖာေဖာသီသီရတဲ့ ဒီဇင္ဘာလလို ရာသီမ်ိဳးေတြက်ေတာ့ စံုတြဲေတြရဲ႕ရာသီလို႔ တင္စားရေလာက္ေအာင္ကို ရည္းစားျဖစ္တဲ့သူ၊ စံုတြဲသစ္ေတြ မ်ားၾကတယ္မဟုတ္ပါလား။ ဒါဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေထြးေထြးေပြ႕ေပြ႕ ေနရေလာက္တဲ့ ရာသီဥတုေၾကာင့္မ်ားလား။

FindLaw ရဲ႕ စစ္တမ္းေကာက္ခ်က္ေတြကို အေျခခံေျပာရရင္ေတာ့ မတ္လဟာ စံုတြဲေတြ လမ္းအခြဲဆံုးလျဖစ္ျပီး အိမ္ေထာင္ရွင္ေတြ အျပတ္စဲဆံုးလျဖစ္ျမဲျဖစ္ေနပါတယ္။ စံုတြဲေတာ္ေတာ္မ်ားမ်ားဟာ အျခားရာသီေတြမွာ အိမ္ေထာင္ကြဲဖုိ႔ စဥ္းစားရင္ေတာင္ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးနဲ႔ အိမ္ေထာင္ကို တစ္ဖန္ျပန္လည္အသက္၀င္ေစဖုိ႔ ႀကိဳးစားတတ္ၾကတယ္လို႔ သိရပါတယ္။ ဒါထူးဆန္းတယ္လုိ႔ ေျပာရမွာပါ။ စံုတြဲေတြဟာ ခ်မ္းေအးတဲ့ကာလ၊ ဒီဇင္ဘာလို ရာသီမ်ိဳးေတြမွာ လမ္းခြဲေလ့မရွိၾကပါဘူး။ ႏွစ္ေယာက္စလံုးအတူတကြ အားလပ္ရက္ေတြမွာ ဘယ္လိုအခ်ိန္ျဖဳန္းၾကမယ္ဆုိျပီး စီစဥ္ထားၾကတာေၾကာင့္လည္း ပါပါတယ္။ အားလပ္ရက္ေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြမွာ သူမ်ားေတြလို အတြဲေလးနဲ႔ ရွိခ်င္တဲ့စိတ္လည္း ပါေနတာေၾကာင့္လို႔ သိရပါတယ္။

ဇန္န၀ါရီလေရာက္လာတဲ့အခါက်ေတာ့လည္း ေဖေဖာ္၀ါရီလမွာ က်ေရာက္တဲ့ ခ်စ္သူမ်ားေန႔မွာ တစ္ေယာက္တည္းျဖစ္ေနမွာကို ေၾကာက္ၾကတာေၾကာင့္ပါတဲ့။ ကဲ... ဒီအခ်က္အလက္ကိုၾကားရင္ စာဖတ္သူေတြ ရယ္ခ်င္ေနပါလိမ့္မယ္။ ဒါေပမယ့္ မတ္လဟာ အျခားလေတြထက္ အတြဲေတြ လမ္းအခြဲဆံုးလအျဖစ္ေတာ့ ခုခ်ိန္ထိ နံပါတ္(၁)မွာ ရွိေနဆဲပါပဲ။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကမ္ဘာတစ်ဝှမ်းက စုံတွဲတော်တော်များများ ပြတ်စဲကြတဲ့လဟာ မတ်လဖြစ်နေတတ်တာ ဘာ့ကြောင့်များလဲ။ ဒီကာလကို တစ်ကိုယ်တည်းသမားတွေရဲ့ရာသီလို့တောင် ပြောင်းလဲခေါ်ဝေါ်ကြတဲ့အထိ စုံတွဲတွေ လမ်းခွဲကြတာများသလို အိမ်ထောင်သည်တွေလည်း ပြတ်စဲကြတဲ့ ကာလဖြစ်နေတာ ထူးဆန်းလှပါတယ်။ ဆောင်းရာသီလည်းဖြစ်၊ အားလပ်ရက်တွေ ဖောဖောသီသီရတဲ့ ဒီဇင်ဘာလလို ရာသီမျိုးတွေကျတော့ စုံတွဲတွေရဲ့ရာသီလို့ တင်စားရလောက်အောင်ကို ရည်းစားဖြစ်တဲ့သူ၊ စုံတွဲသစ်တွေ များကြတယ်မဟုတ်ပါလား။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် ထွေးထွေးပွေ့ပွေ့ နေရလောက်တဲ့ ရာသီဥတုကြောင့်များလား။


FindLaw ရဲ့ စစ်တမ်းကောက်ချက်တွေကို အခြေခံပြောရရင်တော့ မတ်လဟာ စုံတွဲတွေ လမ်းအခွဲဆုံးလဖြစ်ပြီး အိမ်ထောင်ရှင်တွေ အပြတ်စဲဆုံးလဖြစ်မြဲဖြစ်နေပါတယ်။ စုံတွဲတော်တော်များများဟာ အခြားရာသီတွေမှာ အိမ်ထောင်ကွဲဖို့ စဉ်းစားရင်တောင် အကြောင်းအရင်းအမျိုးမျိုးနဲ့ အိမ်ထောင်ကို တစ်ဖန်ပြန်လည်အသက်ဝင်စေဖို့ ကြိုးစားတတ်ကြတယ်လို့ သိရပါတယ်။ ဒါထူးဆန်းတယ်လို့ ပြောရမှာပါ။ စုံတွဲတွေဟာ ချမ်းအေးတဲ့ကာလ၊ ဒီဇင်ဘာလို ရာသီမျိုးတွေမှာ လမ်းခွဲလေ့မရှိကြပါဘူး။ နှစ်ယောက်စလုံးအတူတကွ အားလပ်ရက်တွေမှာ ဘယ်လိုအချိန်ဖြုန်းကြမယ်ဆိုပြီး စီစဉ်ထားကြတာကြောင့်လည်း ပါပါတယ်။ အားလပ်ရက်တွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ သူများတွေလို အတွဲလေးနဲ့ ရှိချင်တဲ့စိတ်လည်း ပါနေတာကြောင့်လို့ သိရပါတယ်။


ဇန်နဝါရီလရောက်လာတဲ့အခါကျတော့လည်း ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ တစ်ယောက်တည်းဖြစ်နေမှာကို ကြောက်ကြတာကြောင့်ပါတဲ့။ ကဲ... ဒီအချက်အလက်ကိုကြားရင် စာဖတ်သူတွေ ရယ်ချင်နေပါလိမ့်မယ်။ ဒါပေမယ့် မတ်လဟာ အခြားလတွေထက် အတွဲတွေ လမ်းအခွဲဆုံးလအဖြစ်တော့ ခုချိန်ထိ နံပါတ်(၁)မှာ ရှိနေဆဲပါပဲ။


Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top