iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးနဲ႔ အမ်ိဳးသားၾကားက ခ်စ္ေရးခ်စ္ရာကိစၥေတြဟာ စိတ္ဆႏၵၿပီးေျမာက္သြား႐ံုနဲ႔ေတာ့ ၿပီးမသြားပါဘူး။ က်န္းမာေရး႐ႈေထာင့္က ၾကည့္မယ္ဆုိရင္ သတိထားရမယ့္အရာေတြ က်န္႐ွိေနပါေသးတယ္။ အမ်ိဳးသမီးေတြအဖုိ႔ ခ်စ္တင္းေႏွာၿပီးစ အခ်ိန္မွာ မလုပ္ျဖစ္ၾကတဲ့ ဒီအရာ ၃ ခုေၾကာင့္ က်န္းမာေရးကို ဆိုး႐ြားေစႏိုင္တယ္လို႔ ဆရာဝန္ေတြက သတိေပးထားၾကပါတယ္။

၁။ ဆပ္ျပာနဲ႔ေဆးျခင္း ကိစၥၿပီးသြားတဲ့အခ်ိန္မွာ မိန္းမကိုယ္ သန္႔႐ွင္းဖုိ႔အတြက္ ဆပ္ျပာနဲ႔ေဆးသင့္တယ္လို႔ ယူဆမိတတ္ၾကပါတယ္။ ဆပ္ျပာ လံုးဝ မလိုပါဘူး။ ဆပ္ျပာမွာ ပါတဲ့ပစၥည္းေတြက ယားယံမႈကို ျဖစ္ေစႏိုင္ၿပီး အခန႔္မသင့္ရင္ ဓာတ္မတည္႔မႈေတာင္္ ျဖစ္သြားႏုိင္ပါတယ္။ မိန္းမကိုယ္အတြင္းပိုင္း တစ္႐ႈးစေတြဟာ ဆပ္ျပာနဲ႔ပြတ္တုိက္ခံရတဲ့အခါ ထိခိုက္ပ်က္စီးသြားၿပီး ပိုးမႊားဝင္ေရာက္ဖုိ႔ အခြင့္အလမ္း ပိုမ်ားသြားတယ္လို႔ မီးယပ္အထူးကု လက္စ္လီက ဆိုပါတယ္။ မိန္းမကိုယ္ဟာ ကိုယ္တုိင္သန္႔စင္ေပးႏိုင္တဲ့ အစိတ္အပိုင္းျဖစ္ၿပီး အရမ္းကို ႏူးညံ့စြာထိေတြ႔ကိုင္တြယ္ရမွာျဖစ္ပါတယ္။

၂။ ေရေႏြးပူစိမ္ျခင္း ေရခ်ိဳးကန္ထဲမွာ ေရေႏြးပူထဲစိမ္ၿပီး ခ်ိဳးတာက သာမာန္အခ်ိန္မွာ ျပႆနာမဟုတ္ေပမဲ့ ခ်စ္တင္းေႏွာၿပီးစဆုိရင္ေတာ့ မလုပ္သင့္တဲ့အရာပါ။ ေရေႏြးပူေၾကာင့္ မိန္းမကိုယ္က ပိုပြင့္သြားတာေၾကာင့္ ေရာဂါပိုးမႊားေတြ ပိုဝင္ဖို႔ လမ္းဖြင့္လိုက္သလို ျဖစ္သြားပါလိမ့္မယ္။ ခ်စ္တင္းေႏွာၿပီးစမွာ တစ္စံုတစ္ေယာက္နဲ႔အတူ ေရေႏြးကန္ထဲစိမ္မယ္ဆုိရင္ေတာ့ သူ႔ရဲ႕ စအိုနဲ႔အေရျပားမွာ ကပ္ၿငိေနတဲ့ ပိုးေတြဟာ သင့္ခႏၶာကိုယ္ထဲကို လြယ္လြယ္ကူကူ ေရာက္လာႏိုင္ပါတယ္။

၃။ အေပါ့မသြားဘဲေနျခင္း မိမိထက္ အသက္ႀကီးရင့္ေနၾကတဲ့ အိမ္ေထာင္သည္ေတြက ခ်စ္တင္းေႏွာၿပီးတာနဲ႔ အေပါ့သြားဖို႔ အၾကံေပးတတ္ၾကပါတယ္။ ဒါဟာ တကယ္ကိုလိုက္နာသင့္တဲ့ အၾကံဉာဏ္ေကာင္းတစ္ခုပါ။ ကိုယ္လက္ႏွီးေႏွာရင္း မေတာ္တဆ ဝင္ေရာက္သြားတဲ့ ဘက္တီးရီးယားနဲ႔ ပိုးမႊားေတြကို ဆီးကတစ္ဆင့္ စြန္႔ထုတ္လိုက္ျခင္းအားျဖင့္ ခႏၶာကိုယ္ကို ပိုးမႊားေတြမဝင္ေရာက္ေတာ့ပါဘူး။ ခ်စ္တင္းေႏွာၿပီး တစ္နာရီအတြင္းမွာ အေပါ့သြားျဖစ္ေအာင္ သြားလိုက္ပါ။

Credit:bahuthuta

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးနဲ့ အမျိုးသားကြားက ချစ်ရေးချစ်ရာကိစ္စတွေဟာ စိတ်ဆန္ဒပြီးမြောက်သွားရုံနဲ့တော့ ပြီးမသွားပါဘူး။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သတိထားရမယ့်အရာတွေ ကျန်ရှိနေပါသေးတယ်။ အမျိုးသမီးတွေအဖို့ ချစ်တင်းနှောပြီးစ အချိန်မှာ မလုပ်ဖြစ်ကြတဲ့ ဒီအရာ ၃ ခုကြောင့် ကျန်းမာရေးကို ဆိုးရွားစေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားကြပါတယ်။

၁။ ဆပ်ပြာနဲ့ဆေးခြင်း ကိစ္စပြီးသွားတဲ့အချိန်မှာ မိန်းမကိုယ် သန့်ရှင်းဖို့အတွက် ဆပ်ပြာနဲ့ဆေးသင့်တယ်လို့ ယူဆမိတတ်ကြပါတယ်။ ဆပ်ပြာ လုံးဝ မလိုပါဘူး။ ဆပ်ပြာမှာ ပါတဲ့ပစ္စည်းတွေက ယားယံမှုကို ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် ဓာတ်မတည့်မှုတောင် ဖြစ်သွားနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းပိုင်း တစ်ရှုးစတွေဟာ ဆပ်ပြာနဲ့ပွတ်တိုက်ခံရတဲ့အခါ ထိခိုက်ပျက်စီးသွားပြီး ပိုးမွှားဝင်ရောက်ဖို့ အခွင့်အလမ်း ပိုများသွားတယ်လို့ မီးယပ်အထူးကု လက်စ်လီက ဆိုပါတယ်။ မိန်းမကိုယ်ဟာ ကိုယ်တိုင်သန့်စင်ပေးနိုင်တဲ့ အစိတ်အပိုင်းဖြစ်ပြီး အရမ်းကို နူးညံ့စွာထိတွေ့ကိုင်တွယ်ရမှာဖြစ်ပါတယ်။

၂။ ရေနွေးပူစိမ်ခြင်း ရေချိုးကန်ထဲမှာ ရေနွေးပူထဲစိမ်ပြီး ချိုးတာက သာမာန်အချိန်မှာ ပြဿနာမဟုတ်ပေမဲ့ ချစ်တင်းနှောပြီးစဆိုရင်တော့ မလုပ်သင့်တဲ့အရာပါ။ ရေနွေးပူကြောင့် မိန်းမကိုယ်က ပိုပွင့်သွားတာကြောင့် ရောဂါပိုးမွှားတွေ ပိုဝင်ဖို့ လမ်းဖွင့်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ချစ်တင်းနှောပြီးစမှာ တစ်စုံတစ်ယောက်နဲ့အတူ ရေနွေးကန်ထဲစိမ်မယ်ဆိုရင်တော့ သူ့ရဲ့ စအိုနဲ့အရေပြားမှာ ကပ်ငြိနေတဲ့ ပိုးတွေဟာ သင့်ခန္ဓာကိုယ်ထဲကို လွယ်လွယ်ကူကူ ရောက်လာနိုင်ပါတယ်။

၃။ အပေါ့မသွားဘဲနေခြင်း မိမိထက် အသက်ကြီးရင့်နေကြတဲ့ အိမ်ထောင်သည်တွေက ချစ်တင်းနှောပြီးတာနဲ့ အပေါ့သွားဖို့ အကြံပေးတတ်ကြပါတယ်။ ဒါဟာ တကယ်ကိုလိုက်နာသင့်တဲ့ အကြံဉာဏ်ကောင်းတစ်ခုပါ။ ကိုယ်လက်နှီးနှောရင်း မတော်တဆ ဝင်ရောက်သွားတဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို ဆီးကတစ်ဆင့် စွန့်ထုတ်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပိုးမွှားတွေမဝင်ရောက်တော့ပါဘူး။ ချစ်တင်းနှောပြီး တစ်နာရီအတွင်းမှာ အပေါ့သွားဖြစ်အောင် သွားလိုက်ပါ။


Credit:bahuthuta



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top