iMyanmarHouse.com - Best Property Website for Myanmar
×

အေမး -
သမီး 17 weeks ပတ္တုန္းက ရိုက္ထားတဲ့ Ultrasound Result နဲ႔ အခု 36 weeks မွာ ရိုက္ထားတဲ့ Ultrasound Result ကို ပို႔ေပးလုိက္ပါတယ္ရွင့္။ သမီးသိခ်င္တာေလးကို ေျဖေပးပါဦးေနာ္။ ေနာက္ဆံုးရာသီလာခဲ့တဲ့ရက္က (3.9.2013) ပါ။ OG ကေတာ့ 36 weeks လို႔ေျပာပါတယ္။ Ultrasound Result မွာက်ေတာ့ 34+ လို႔ေရးထားပါတယ္။ ကေလးႏွင့္ Ultrasound Result ကိုက္၊ မကိုက္ေလးလည္း ေျပာေပးပါဦးေနာ္။
(၁) သမီးေမြးမဲ့ Due Date ေလးတြက္ေပးပါဦးေနာ္။
(၂) ကေလး အေနအထားႏွင့္ သာမန္ေလာက္ပဲလား၊ ထြားလားဆိုတာေလးပါ
(၃) Ultreasound Result အရ သမီး ရိုးရိုးေမြးရမည္လား၊ ခြဲေမြးရမည္လားရွင့္
(၄) ေျခလက္အဂၤါစံု၊ မစံု ႏွင့္ တစ္စံုတစ္ရာ ခ်ဳိ႕ယြင္းခ်က္ရိွရင္လည္း ေျပာၾကားေပးပါဦးေနာ္

အေျဖ -
၁။ ေစာရိုက္တာအရ ခန္႔မွန္းေမြးရက္ = ၄-၆-၂ဝ၁၄
၂။ ေနာက္ရိုက္တာအရ ခန္႔မွန္းေမြးရက္ =၂၃-၅-၂ဝ၁၄
၃။ ရာသီရက္အရ ခန္႔မွန္းေမြးရက္ = ၇-၆-၂ဝ၁၄
၄။ အခ်င္းေအာက္က်ေနလို႔ ခြဲေမြးရပါမယ္။
၅။ က်န္တာေတြေကာင္းပါတယ္။

အေမး -
ကေလးက သာမန္ေလာက္ပဲလား။ ထြားပါလားရွင့္။ ခြဲေမြးရမည္ဆိုလွ်င္ ကေလးက ထြားလို႔ရပါလားရွင့္။

အေျဖ -
မဟုတ္ဘူး။ အခ်င္းေရွ႕ေရာက္လို႔ပါ။ ကေလးေရွ႕မွာ။ အခ်င္းေအာက္မွာရွိေနတယ္လို႔လဲေရးတယ္။

Low lying placenta အခ်င္းေအာက္ဖက္မွာ ကပ္တယ္ဆိုရင္ မူမမွန္ ျဖစ္ေနတာပါ။ မေမြးခင္ ေသြးဆင္းတာကို (APH) ေခၚတယ္။ အေရးၾကီးတယ္။ ကေလးဟာ ကိုယ္ဝန္ ဘယ္အရြယ္ရေနေန ေမြးလမ္းေၾကာင္းကေန ဖြါးလို႔ မရႏိုင္ပါ။ ကိုယ္ဝန္ ရင့္တာဆိုရင္ ေသျခာေပါက္ (LSCS) ဗိုက္ခြဲေမြးရတယ္။

အခ်င္းက ေနရာမွန္ ျပန္မေရာက္ႏိုင္ပါ။ ကေလးအေနအထားကသာ ျပင္သြားတတ္တယ္။ အခုတခါ အဲလိုျဖစ္ေပမဲ့ ေနာင္ ကိုယ္ဝန္ေတြမွာ ပံုမွန္ျဖစ္ႏိုင္တယ္။ ဒါက လူကေန လုပ္ေပးႏိုင္တာသာ ျဖစ္တယ္။ ဘာ့ေၾကာင့္ျဖစ္ရတယ္ဆိုတာ ေျပာရရင္ ကံတရားပါဘဲ။ မိဘေတြ ခ်ိဳ႕ယြင္းၾကလို႔ မဟုတ္ပါ။ သေႏၶတည္တည္ခ်င္း အခ်င္းကပ္တာက သားအိမ္ အထက္ပိုင္းမွာ ပံုမွန္ကပ္ရမွာကို ေအာက္မွာ သြားကပ္လို႔ ဒီလိုျဖစ္လာတာ။

ကိုယ္ဝန္ေဆာင္ ၂၅ဝ မွာ ၁ ေယာက္ျဖစ္တယ္။ တခ်ိဳ႕စာရင္းဇယားေတြအရ ဝ႕၅% (၂ဝဝ မွာ ၁ ေယာက္) လို႔ ဆိုတယ္။ ယမုန္နာ-ေဆးခန္း အခုစာေရးတဲ့ အခ်ိန္မထိ ကေလး ၂ဝဝ တိတိ ေမြးေပးျပီးျပီ။ အခ်င္းေရွ႕ေရာက္သူ ၂ ေယာက္ ေတြ႔ရတယ္။ ဆန္းစစ္တဲ့ အေရအတြက္ နည္းလြန္းလို႔ ၁% ရွိမယ္ဆိုျပီး၊ သုေတသနသေဘာ ေျပာမရပါ။

ဒီဂရီ (အေျပာ့-အျပင္း) ၃ မ်ိဳး ခြဲျခားတယ္။ အခ်င္းက သားအိပ္အဝကို ဘယ္ေလာက္အထိ ဖံုးေနသလဲအေပၚမွာ မူတည္တယ္။ အစြန္းေလးမွာ ဖံုးတာ ၄၅%၊ တဝက္တပ်က္ဖံုးတာ ၅ဝ% နဲ႔ လံုးလံုးဖံုးတာ ၅% ျဖစ္ႏိုင္တယ္။ တခ်ိဳ႕က အတန္းအစား ၄ မ်ိဳးခြဲတယ္။ စာသင္ၾကားရာမွာသာ အေရးပါတာပါ။

Placenta Previa အခ်င္းေရွ႕ေရာက္ျဖစ္ျခင္း
မေမြးခင္ ေသြးဆင္းတာ၂ မ်ိဳးရွိတယ္။ တခ်ိဳ႕မွာ Placental abruption သားအိမ္တြင္းမွာ အခ်င္းကြာတာ ျဖစ္တယ္။ အခုျဖစ္ေနတာက Placental Previa အခ်င္းေရွ႕ေရာက္ျဖစ္တာပါ။ ေမးတဲ့သူမွာ ျဖစ္ေနတာကို သိတာက ကိုယ္ဝန္ ၂ဝ ပါတ္ဆိုေတာ့ ဒုတိယ ၃ လ အပိုင္းထဲမွာ ျဖစ္တယ္။ ကိုယ္ဝန္ကို ၃ လ စီ ပိုင္းျပီး၊ ေလ့လာရတယ္။ ေမြးကာနီးမွ သိရတာထက္ နဲနဲ ေတာ္ေသးတယ္လို႔ ဆိုႏိုင္တယ္။

ဘာလို႔လဲဆိုေတာ့ ကိုယ္ဝန္ ၁၆ ပါတ္မွာ သားအိမ္ အတြင္း မ်က္ႏွာျပင္ရဲ႕ ၂၅-၅ဝ% ကို အခ်င္းက ေနရာယူထားတယ္။ တတိယ ၃ လပါတ္ေရာက္ရင္ သားအိမ္-ေအာက္ပိုင္းလို႔ ေခၚတဲ့ အေရးပါတဲ့ Lower uterine segment ျဖစ္လာတယ္။ ဒါေၾကာင့္ အတြင္းမ်က္ႏွာေနရာ ပိုက်ယ္လာတယ္။ ဒါေၾကာင့္ သားအိမ္အဝနဲ႔ ေဝးတာ ျဖစ္လာႏိုင္ေျခရွိတယ္။ ကိန္းဂဏန္းနဲ႔ ရွိတာ ေျပာရရင္ ဒုတိယ ၃ လထဲမွာ အဆင့္ (၃) လံုးလံုး ပိတ္ေနသူေတြထဲက ၉ဝ%၊ နဲနဲသာ ပိတ္ေနသူေတြထဲက ၉၅% ေတြဟာ သူ႔အလိုလို အေျခအေန ေကာင္းလာႏိုင္တယ္။ အရင္ေျဖစာမွာ အခ်င္း ေနရာ ေျပာင္းသြားတာ မရွိဘူးလို႔ ေျဖခဲ့တယ္။ အခုလိုရွင္းမွ အခ်င္း ေနရာ ေျပာင္းတာ မဟုတ္၊ သာအိမ္ အတြင္းမ်က္ႏွာျပင္ က်ယ္လာတာလို႔ နားလည္ေစခ်င္တယ္။ Ultrasound ထပ္ရိုက္ရလိမ့္မယ္။

ေန႔ေစ့လေစ့အထိ အခ်င္းက သားအိမ္အဝမွာကပ္ေနရင္ အေရးၾကီးျပီ။
ကေလးအတြက္ဆိုရင္ -
၁။ ေသြးလံုေလာက္ေအာင္ မရလို႔ မေကာင္းတာ (ဆံုးသြားတာ) ျဖစ္ႏိုင္တယ္။
၂။ (IUGR) အထဲမွာ ကေလးၾကီးထြားမႈ အားနည္းေစမယ္။
၃။ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ တျခားကေလးေတြထက္ ပိုမ်ားႏိုင္ေျခရွိတယ္။

မိခင္ေလာင္းအတြက္ဆိုရင္ -
၁။ အသက္ကို ျခိမ္းေျခာက္ႏိုင္ေလာက္ေအာင္ ေသြးဆင္းျခင္း၊
၂။ ဗိုက္ခြဲေမြးရျခင္း၊
၃။ ေမြးဖြါးျပီး သူမ်ားထက္ ေသြးပိုဆင္းျခင္း၊
၄။ Placenta accreta အခ်င္းက ရွားရွားပါးပါး သားအိမ္-ၾကြက္သားအထိ တြယ္ကပ္ျခင္း၊

Placenta previa ဆိုတာ သိတာနဲ႔ ကိုယ္ဝန္ေဆာင္ကို လံုးဝနားေစရမယ္။ လိုမယ္ထင္ရင္ ေဆးရံုတင္ပါ။ လိုမယ္ဆိုတာ ကိုယ္ဝန္ အႏု-အရင့္၊ ကေလးအေျခအေနေတြ ၾကည့္ရမယ္။ ကေလးအဆုပ္ ရင့္သန္ေအာင္ Steroid shots ေဆးထိုးရတတ္တယ္။ ေသြးဆင္းေနတာ မရပ္ရင္ေတာ့ ခြဲေပေတာ့။

အခ်င္းေရွ႕ေရာက္ျဖစ္ရသူေတြထဲမွာ -
- အသက္ၾကီးသူ၊ ငယ္လြန္းသူေတြကိုလဲ ထည့္ႏိုင္တယ္။
- ကေလးအေမြးမ်ားသူ၊
- အမႊာျဖစ္လို႔၊ ဒါမွမဟုတ္ Erythroblastosis ျဖစ္လို႔ အခ်င္းအရြယ္ သိပ္ၾကီးေနသူ၊
- အရင္ကလဲ LSCS သားအိမ္ကိုခြဲစိတ္ခံရဘူးသူ၊ D and C သားအိမ္ျခစ္ဘူးသူေတြ ပါေနတယ္။

(APH) မေမြးမီ ေသြးဆင္းျခင္း မွန္သမွ်ထဲက အမ်ာဆံုးျဖစ္တာ PP အခ်င္းေရွ႕ေရာက္ျဖစ္တာ ျဖစ္ပါတယ္။ ျမန္မာဘာသာျပန္က အဂၤလိပ္ေဆးစာ ေရွ႕ကသြားတယ္ ဆိုတဲ့အတိုင္း မွန္တယ္။ ဘာရဲ႕ ေရွ႕ကလဲ။ ကေလးေရွ႕က။ ကေလးဖြါးတယ္ဆိုတာ ဒုတိယအဆင့္ ကေလးက အရင္ေမြးျပီး တတိယအဆင့္ေရာက္မွ အခ်င္းက ဆင္းရမွာ။

ေသြး နဲ႔ အက်ိအခြ်ဲနဲ႔ ေရာဆင္းတာကို Show ေခၚတယ္။ ပံုမွန္ ကေလးဖြါးကာနီးသူတိုင္း ျဖစ္တယ္။ APH ျဖစ္လို႔ ေသြးဆင္းတာက နီနီရဲရဲ၊ ဗိုက္လဲ မနာဘဲ ဆင္းတာမ်ိဳး ျဖစ္တယ္။ ေန႔လည္ခင္းမွာ စဆင္းတာ မ်ားတယ္။ ကိုယ္ဝန္ ၂၄ ပါတ္ ေက်ာ္သူေတြမွာ အဲလိုျဖစ္ရင္ အခ်င္းေရွ႕ေရာက္ကို သံသယရွိရေတာ့မယ္။ ႏုေသးရင္ ကိုယ္ဝန္ပ်က္စာရင္းထဲ ဝင္မယ္။

(VE) ေမြးလမ္းကို လက္နဲ႔ စမ္းတာမွာ အထူး သတိထားရတယ္။ စမ္းတဲ့လက္က သားအိမ္အဝမွာ ဘာရွိသလဲ ေသျခာေအာင္ စမ္းရင္း ကပ္ေနတဲ့ အခ်င္းကို ထိုးခြါေပးသလို ျဖစ္တတ္တယ္။ သတိၾကီးတဲ့ ဆရာဝန္ေတြက သံသယရွိေနရင္ ခြဲေမြးႏိုင္ေအာင္ ျပင္ဆင္မႈေတြ အရင္လုပ္တယ္။

ေတာမွာ ဒါမွမဟုတ္ ခြဲစိတ္ကရိယာ မရွိတာမ်ိဳးၾကံဳရင္ ေမြးလမ္းကေန ေမြးေပးနည္းလဲ ၾကံဖန္ႏိုင္ပါေသးတယ္။ ၂ နည္း ရွိတယ္။ မေအကို ကယ္ဘို႔သာ ျဖစ္ပါတယ္။


Credit:Dr. တင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမေး -
သမီး 17 weeks ပတ်တုန်းက ရိုက်ထားတဲ့ Ultrasound Result နဲ့ အခု 36 weeks မှာ ရိုက်ထားတဲ့ Ultrasound Result ကို ပို့ပေးလိုက်ပါတယ်ရှင့်။ သမီးသိချင်တာလေးကို ဖြေပေးပါဦးနော်။ နောက်ဆုံးရာသီလာခဲ့တဲ့ရက်က (3.9.2013) ပါ။ OG ကတော့ 36 weeks လို့ပြောပါတယ်။ Ultrasound Result မှာကျတော့ 34+ လို့ရေးထားပါတယ်။ ကလေးနှင့် Ultrasound Result ကိုက်၊ မကိုက်လေးလည်း ပြောပေးပါဦးနော်။
(၁) သမီးမွေးမဲ့ Due Date လေးတွက်ပေးပါဦးနော်။
(၂) ကလေး အနေအထားနှင့် သာမန်လောက်ပဲလား၊ ထွားလားဆိုတာလေးပါ
(၃) Ultreasound Result အရ သမီး ရိုးရိုးမွေးရမည်လား၊ ခွဲမွေးရမည်လားရှင့်
(၄) ခြေလက်အင်္ဂါစုံ၊ မစုံ နှင့် တစ်စုံတစ်ရာ ချို့ယွင်းချက်ရှိရင်လည်း ပြောကြားပေးပါဦးနော်

အဖြေ -
၁။ စောရိုက်တာအရ ခန့်မှန်းမွေးရက် = ၄-၆-၂ဝ၁၄
၂။ နောက်ရိုက်တာအရ ခန့်မှန်းမွေးရက် =၂၃-၅-၂ဝ၁၄
၃။ ရာသီရက်အရ ခန့်မှန်းမွေးရက် = ၇-၆-၂ဝ၁၄
၄။ အချင်းအောက်ကျနေလို့ ခွဲမွေးရပါမယ်။
၅။ ကျန်တာတွေကောင်းပါတယ်။

အမေး -
ကလေးက သာမန်လောက်ပဲလား။ ထွားပါလားရှင့်။ ခွဲမွေးရမည်ဆိုလျှင် ကလေးက ထွားလို့ရပါလားရှင့်။

အဖြေ -
မဟုတ်ဘူး။ အချင်းရှေ့ရောက်လို့ပါ။ ကလေးရှေ့မှာ။ အချင်းအောက်မှာရှိနေတယ်လို့လဲရေးတယ်။

Low lying placenta အချင်းအောက်ဖက်မှာ ကပ်တယ်ဆိုရင် မူမမှန် ဖြစ်နေတာပါ။ မမွေးခင် သွေးဆင်းတာကို (APH) ခေါ်တယ်။ အရေးကြီးတယ်။ ကလေးဟာ ကိုယ်ဝန် ဘယ်အရွယ်ရနေနေ မွေးလမ်းကြောင်းကနေ ဖွါးလို့ မရနိုင်ပါ။ ကိုယ်ဝန် ရင့်တာဆိုရင် သေခြာပေါက် (LSCS) ဗိုက်ခွဲမွေးရတယ်။

အချင်းက နေရာမှန် ပြန်မရောက်နိုင်ပါ။ ကလေးအနေအထားကသာ ပြင်သွားတတ်တယ်။ အခုတခါ အဲလိုဖြစ်ပေမဲ့ နောင် ကိုယ်ဝန်တွေမှာ ပုံမှန်ဖြစ်နိုင်တယ်။ ဒါက လူကနေ လုပ်ပေးနိုင်တာသာ ဖြစ်တယ်။ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ပြောရရင် ကံတရားပါဘဲ။ မိဘတွေ ချို့ယွင်းကြလို့ မဟုတ်ပါ။ သန္ဓေတည်တည်ချင်း အချင်းကပ်တာက သားအိမ် အထက်ပိုင်းမှာ ပုံမှန်ကပ်ရမှာကို အောက်မှာ သွားကပ်လို့ ဒီလိုဖြစ်လာတာ။

ကိုယ်ဝန်ဆောင် ၂၅ဝ မှာ ၁ ယောက်ဖြစ်တယ်။ တချို့စာရင်းဇယားတွေအရ ဝ့၅% (၂ဝဝ မှာ ၁ ယောက်) လို့ ဆိုတယ်။ ယမုန်နာ-ဆေးခန်း အခုစာရေးတဲ့ အချိန်မထိ ကလေး ၂ဝဝ တိတိ မွေးပေးပြီးပြီ။ အချင်းရှေ့ရောက်သူ ၂ ယောက် တွေ့ရတယ်။ ဆန်းစစ်တဲ့ အရေအတွက် နည်းလွန်းလို့ ၁% ရှိမယ်ဆိုပြီး၊ သုတေသနသဘော ပြောမရပါ။

ဒီဂရီ (အပြော့-အပြင်း) ၃ မျိုး ခွဲခြားတယ်။ အချင်းက သားအိပ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာ ဖုံးတာ ၄၅%၊ တဝက်တပျက်ဖုံးတာ ၅ဝ% နဲ့ လုံးလုံးဖုံးတာ ၅% ဖြစ်နိုင်တယ်။ တချို့က အတန်းအစား ၄ မျိုးခွဲတယ်။ စာသင်ကြားရာမှာသာ အရေးပါတာပါ။

Placenta Previa အချင်းရှေ့ရောက်ဖြစ်ခြင်း
မမွေးခင် သွေးဆင်းတာ၂ မျိုးရှိတယ်။ တချို့မှာ Placental abruption သားအိမ်တွင်းမှာ အချင်းကွာတာ ဖြစ်တယ်။ အခုဖြစ်နေတာက Placental Previa အချင်းရှေ့ရောက်ဖြစ်တာပါ။ မေးတဲ့သူမှာ ဖြစ်နေတာကို သိတာက ကိုယ်ဝန် ၂ဝ ပါတ်ဆိုတော့ ဒုတိယ ၃ လ အပိုင်းထဲမှာ ဖြစ်တယ်။ ကိုယ်ဝန်ကို ၃ လ စီ ပိုင်းပြီး၊ လေ့လာရတယ်။ မွေးကာနီးမှ သိရတာထက် နဲနဲ တော်သေးတယ်လို့ ဆိုနိုင်တယ်။

ဘာလို့လဲဆိုတော့ ကိုယ်ဝန် ၁၆ ပါတ်မှာ သားအိမ် အတွင်း မျက်နှာပြင်ရဲ့ ၂၅-၅ဝ% ကို အချင်းက နေရာယူထားတယ်။ တတိယ ၃ လပါတ်ရောက်ရင် သားအိမ်-အောက်ပိုင်းလို့ ခေါ်တဲ့ အရေးပါတဲ့ Lower uterine segment ဖြစ်လာတယ်။ ဒါကြောင့် အတွင်းမျက်နှာနေရာ ပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ်အဝနဲ့ ဝေးတာ ဖြစ်လာနိုင်ခြေရှိတယ်။ ကိန်းဂဏန်းနဲ့ ရှိတာ ပြောရရင် ဒုတိယ ၃ လထဲမှာ အဆင့် (၃) လုံးလုံး ပိတ်နေသူတွေထဲက ၉ဝ%၊ နဲနဲသာ ပိတ်နေသူတွေထဲက ၉၅% တွေဟာ သူ့အလိုလို အခြေအနေ ကောင်းလာနိုင်တယ်။ အရင်ဖြေစာမှာ အချင်း နေရာ ပြောင်းသွားတာ မရှိဘူးလို့ ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်း နေရာ ပြောင်းတာ မဟုတ်၊ သာအိမ် အတွင်းမျက်နှာပြင် ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရလိမ့်မယ်။

နေ့စေ့လစေ့အထိ အချင်းက သားအိမ်အဝမှာကပ်နေရင် အရေးကြီးပြီ။
ကလေးအတွက်ဆိုရင် -
၁။ သွေးလုံလောက်အောင် မရလို့ မကောင်းတာ (ဆုံးသွားတာ) ဖြစ်နိုင်တယ်။
၂။ (IUGR) အထဲမှာ ကလေးကြီးထွားမှု အားနည်းစေမယ်။
၃။ မွေးရာပါချို့ယွင်းချက် တခြားကလေးတွေထက် ပိုများနိုင်ခြေရှိတယ်။

မိခင်လောင်းအတွက်ဆိုရင် -
၁။ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် သွေးဆင်းခြင်း၊
၂။ ဗိုက်ခွဲမွေးရခြင်း၊
၃။ မွေးဖွါးပြီး သူများထက် သွေးပိုဆင်းခြင်း၊
၄။ Placenta accreta အချင်းက ရှားရှားပါးပါး သားအိမ်-ကြွက်သားအထိ တွယ်ကပ်ခြင်း၊

Placenta previa ဆိုတာ သိတာနဲ့ ကိုယ်ဝန်ဆောင်ကို လုံးဝနားစေရမယ်။ လိုမယ်ထင်ရင် ဆေးရုံတင်ပါ။ လိုမယ်ဆိုတာ ကိုယ်ဝန် အနု-အရင့်၊ ကလေးအခြေအနေတွေ ကြည့်ရမယ်။ ကလေးအဆုပ် ရင့်သန်အောင် Steroid shots ဆေးထိုးရတတ်တယ်။ သွေးဆင်းနေတာ မရပ်ရင်တော့ ခွဲပေတော့။

အချင်းရှေ့ရောက်ဖြစ်ရသူတွေထဲမှာ -
- အသက်ကြီးသူ၊ ငယ်လွန်းသူတွေကိုလဲ ထည့်နိုင်တယ်။
- ကလေးအမွေးများသူ၊
- အမွှာဖြစ်လို့၊ ဒါမှမဟုတ် Erythroblastosis ဖြစ်လို့ အချင်းအရွယ် သိပ်ကြီးနေသူ၊
- အရင်ကလဲ LSCS သားအိမ်ကိုခွဲစိတ်ခံရဘူးသူ၊ D and C သားအိမ်ခြစ်ဘူးသူတွေ ပါနေတယ်။

(APH) မမွေးမီ သွေးဆင်းခြင်း မှန်သမျှထဲက အမျာဆုံးဖြစ်တာ PP အချင်းရှေ့ရောက်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်က အင်္ဂလိပ်ဆေးစာ ရှေ့ကသွားတယ် ဆိုတဲ့အတိုင်း မှန်တယ်။ ဘာရဲ့ ရှေ့ကလဲ။ ကလေးရှေ့က။ ကလေးဖွါးတယ်ဆိုတာ ဒုတိယအဆင့် ကလေးက အရင်မွေးပြီး တတိယအဆင့်ရောက်မှ အချင်းက ဆင်းရမှာ။

သွေး နဲ့ အကျိအချွဲနဲ့ ရောဆင်းတာကို Show ခေါ်တယ်။ ပုံမှန် ကလေးဖွါးကာနီးသူတိုင်း ဖြစ်တယ်။ APH ဖြစ်လို့ သွေးဆင်းတာက နီနီရဲရဲ၊ ဗိုက်လဲ မနာဘဲ ဆင်းတာမျိုး ဖြစ်တယ်။ နေ့လည်ခင်းမှာ စဆင်းတာ များတယ်။ ကိုယ်ဝန် ၂၄ ပါတ် ကျော်သူတွေမှာ အဲလိုဖြစ်ရင် အချင်းရှေ့ရောက်ကို သံသယရှိရတော့မယ်။ နုသေးရင် ကိုယ်ဝန်ပျက်စာရင်းထဲ ဝင်မယ်။

(VE) မွေးလမ်းကို လက်နဲ့ စမ်းတာမှာ အထူး သတိထားရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေခြာအောင် စမ်းရင်း ကပ်နေတဲ့ အချင်းကို ထိုးခွါပေးသလို ဖြစ်တတ်တယ်။ သတိကြီးတဲ့ ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေ အရင်လုပ်တယ်။

တောမှာ ဒါမှမဟုတ် ခွဲစိတ်ကရိယာ မရှိတာမျိုးကြုံရင် မွေးလမ်းကနေ မွေးပေးနည်းလဲ ကြံဖန်နိုင်ပါသေးတယ်။ ၂ နည်း ရှိတယ်။ မအေကို ကယ်ဘို့သာ ဖြစ်ပါတယ်။


Credit:Dr. တင့်ဆွေ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top