iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္လူနဲ႔ တြဲလာတာလည္းၾကာျပီ၊ အသက္အရြယ္ကလည္း အိမ္ေထာင္ျပဳရမယ့္အရြယ္မ်ိဳး ျဖစ္လာျပီဆုိရင္ ဘယ္ေတာ့လဲဆိုတာမ်ိဳး ေမးလာတတ္ၾကပါတယ္။ မိသားစုၾကားမွာလည္း သင္တို႔ႏွစ္ဦးအေၾကာင္း ေျပာလာၾကပါတယ္။ ဒါေပမဲ့ သင့္ဘက္က အိမ္ေထာင္ျပဳလက္ထပ္ခ်င္စိတ္မရွိေသးပါဘူး။ အိမ္ ေထာင္ျပဳလက္ထပ္ဖို႔လည္း အသင့္မျဖစ္ေသးဘူးလို႔ ခံစားေနရႏိုင္ပါတယ္။ ေအာက္ပါအခ်က္အလက္ေတြ ရွိေနရင္ေတာ့ တကယ္လည္း သင္အိမ္ေထာင္ျပဳဖို႔ အသင့္မျဖစ္ေသးပါဘူး။

၁ - လိုက္ေလ်ာမႈနဲ႔အေပးအယူ

လိုက္ေလ်ာရတာေတြ၊ အေပးအယူေတြနဲ႔ ညိႇေနရတာမ်ိဳးေတြ မလုပ္ခ်င္ေသးဘူးဆိုရင္ေတာ့ လက္ထပ္ဖို႔ မစဥ္းစားသင့္ေသးပါဘူး။ လိုက္ေလ်ာမႈနဲ႔ အေပးအယူအစား အရာရာတုိင္းကို ကိုယ္တုိင္ဦးေဆာင္ျပီး လုပ္လိုက္ရမွ စိတ္တုိင္းက်တာမ်ိဳး ဆိုရင္ေတာ့ မျဖစ္ေသးပါဘူး။ အိမ္ေထာင္ျပဳတယ္ဆုိတာ ႏွစ္ဦးသား အတူတကြညိႇႏႈိင္းေနထိုင္ရတဲ့ ဘဝတစ္ခုပါ။

၂ - ဒုကၡကမ်ားမ်ား

ခ်စ္သူဘဝမွာ ေပ်ာ္ရတာထက္ စိတ္ဆင္းရဲရတာက မ်ားေနတယ္ဆုိရင္လည္း မျဖစ္ေသးပါဘူး။ ျပႆနာ ၾကီးၾကီးမားမားၾကီးေတြဆိုတာထက္ စိတ္ကသိကေအာက္ျဖစ္စရာေတြ၊ မေက်နပ္စရာေတြဟာ ျဖစ္သင့္တာထက္ ပိုမ်ားေနတာမ်ိဳး ျဖစ္ပါတယ္။ လက္တြဲေဖာ္ကို အလြန္အမင္းသေဘာက်ေပမဲ့ ဒီလို အျမဲတမ္းျဖစ္ေနတာဟာ လက္ထပ္ဖို႔ထိ မရင့္က်က္ေသးတာလည္း ျဖစ္ႏုိင္ပါတယ္။

၃ - မေတြးမိ

လက္ထပ္တယ္ဆိုတာ ကိုယ္နဲ႔မဆုိင္သလိုပါပဲ။ ေယာင္လို႔ေတာင္ မေတြးမိေသးတာပါ။ အိမ္ေထာင္မျပဳေသးဘူးလားလို႔ ေမးခံရတာမ်ိဳးဟာ သင့္အတြက္ ေၾကာင္ေတာင္ေတာင္ စကားၾကီးလို ခံစားရတာပါ။ တစ္ခါတစ္ေလ စိတ္ကသိကေအာက္ျဖစ္ရျပီး ဒီလိုပဲ ေနလို႔မရဘူးလားလို႔ ေမးလိုက္ခ်င္ပါတယ္။

၄ - ႏွစ္ျမႇပ္ေနထုိင္ျခင္း

ဘဝကို လြပ္လြပ္လပ္လပ္ေနခ်င္ေသးတယ္လို႔ ထင္တာပါ။ တစ္စံုတစ္ရာေပၚ ဘဝကို ႏွစ္ျမႇပ္ေနထုိင္ရတာမ်ိဳးကို ဘယ္လိုမွ စိတ္မပါေသးပါဘူး။ ကိုယ့္ဘဝအစား အျခားတစ္ခုခုကို ျပဳစုပ်ိဳးေထာင္ေနရတာမ်ိဳးကို မလုပ္ခ်င္ေသးပါဘူး။

၅ - အေကာင္းမျမင္

လက္ထပ္တယ္၊ အိမ္ေထာင္ျပဳတယ္ဆိုတာမ်ိဳးကို အေကာင္းမျမင္ေသးတာ ျဖစ္ပါတယ္။ လက္ထပ္တယ္ဆိုတာ ေပ်ာ္စရာကိစၥတစ္ခုအျဖစ္ ဘယ္လိုမွ ျမင္ၾကည့္လို႔မရေသးတာ ျဖစ္ပါတယ္။ ေတြးၾကည့္လိုက္တုိင္း သင့္အတြက္ မေကာင္းဘူးလို႔ပဲ ထင္ေနတာပါ။

၆ - အစဥ္အလာ

အစဥ္အလာကို မလိုက္ခ်င္ဘဲ ပုန္ကန္တဲ့ သေဘာမ်ိဳးျဖစ္ပါတယ္။ အရြယ္ေရာက္၊ အိမ္ေထာင္ျပဳ၊ သားသမီးေတြကို ေစာင့္ေရွာင္ဆိုတဲ့ ပံုေသစံႏႈန္းေတြကို သေဘာမက်တာမ်ိဳး ျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်လူနဲ့ တွဲလာတာလည်းကြာပြီ၊ အသက်အရွယ်ကလည်း အိမ်ထောင်ပြုရမယ့်အရွယ်မျိုး ဖြစ်လာပြီဆိုရင် ဘယ်တော့လဲဆိုတာမျိုး မေးလာတတ်ကြပါတယ်။ မိသားစုကြားမှာလည်း သင်တို့နှစ်ဦးအကြောင်း ပြောလာကြပါတယ်။ ဒါပေမဲ့ သင့်ဘက်က အိမ်ထောင်ပြုလက်ထပ်ချင်စိတ်မရှိသေးပါဘူး။ အိမ် ထောင်ပြုလက်ထပ်ဖို့လည်း အသင့်မဖြစ်သေးဘူးလို့ ခံစားနေရနိုင်ပါတယ်။ အောက်ပါအချက်အလက်တွေ ရှိနေရင်တော့ တကယ်လည်း သင်အိမ်ထောင်ပြုဖို့ အသင့်မဖြစ်သေးပါဘူး။

၁ - လိုက်လျောမှုနဲ့အပေးအယူ

လိုက်လျောရတာတွေ၊ အပေးအယူတွေနဲ့ ညှိနေရတာမျိုးတွေ မလုပ်ချင်သေးဘူးဆိုရင်တော့ လက်ထပ်ဖို့ မစဉ်းစားသင့်သေးပါဘူး။ လိုက်လျောမှုနဲ့ အပေးအယူအစား အရာရာတိုင်းကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်လိုက်ရမှ စိတ်တိုင်းကျတာမျိုး ဆိုရင်တော့ မဖြစ်သေးပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ဦးသား အတူတကွညှိနှိုင်းနေထိုင်ရတဲ့ ဘဝတစ်ခုပါ။

၂ - ဒုက္ခကများများ

ချစ်သူဘဝမှာ ပျော်ရတာထက် စိတ်ဆင်းရဲရတာက များနေတယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။ ပြဿနာ ကြီးကြီးမားမားကြီးတွေဆိုတာထက် စိတ်ကသိကအောက်ဖြစ်စရာတွေ၊ မကျေနပ်စရာတွေဟာ ဖြစ်သင့်တာထက် ပိုများနေတာမျိုး ဖြစ်ပါတယ်။ လက်တွဲဖော်ကို အလွန်အမင်းသဘောကျပေမဲ့ ဒီလို အမြဲတမ်းဖြစ်နေတာဟာ လက်ထပ်ဖို့ထိ မရင့်ကျက်သေးတာလည်း ဖြစ်နိုင်ပါတယ်။

၃ - မတွေးမိ

လက်ထပ်တယ်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ယောင်လို့တောင် မတွေးမိသေးတာပါ။ အိမ်ထောင်မပြုသေးဘူးလားလို့ မေးခံရတာမျိုးဟာ သင့်အတွက် ကြောင်တောင်တောင် စကားကြီးလို ခံစားရတာပါ။ တစ်ခါတစ်လေ စိတ်ကသိကအောက်ဖြစ်ရပြီး ဒီလိုပဲ နေလို့မရဘူးလားလို့ မေးလိုက်ချင်ပါတယ်။

၄ - နှစ်မြှပ်နေထိုင်ခြင်း

ဘဝကို လွပ်လွပ်လပ်လပ်နေချင်သေးတယ်လို့ ထင်တာပါ။ တစ်စုံတစ်ရာပေါ် ဘဝကို နှစ်မြှပ်နေထိုင်ရတာမျိုးကို ဘယ်လိုမှ စိတ်မပါသေးပါဘူး။ ကိုယ့်ဘဝအစား အခြားတစ်ခုခုကို ပြုစုပျိုးထောင်နေရတာမျိုးကို မလုပ်ချင်သေးပါဘူး။

၅ - အကောင်းမမြင်

လက်ထပ်တယ်၊ အိမ်ထောင်ပြုတယ်ဆိုတာမျိုးကို အကောင်းမမြင်သေးတာ ဖြစ်ပါတယ်။ လက်ထပ်တယ်ဆိုတာ ပျော်စရာကိစ္စတစ်ခုအဖြစ် ဘယ်လိုမှ မြင်ကြည့်လို့မရသေးတာ ဖြစ်ပါတယ်။ တွေးကြည့်လိုက်တိုင်း သင့်အတွက် မကောင်းဘူးလို့ပဲ ထင်နေတာပါ။

၆ - အစဉ်အလာ

အစဉ်အလာကို မလိုက်ချင်ဘဲ ပုန်ကန်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အရွယ်ရောက်၊ အိမ်ထောင်ပြု၊ သားသမီးတွေကို စောင့်ရှောင်ဆိုတဲ့ ပုံသေစံနှုန်းတွေကို သဘောမကျတာမျိုး ဖြစ်ပါတယ်။

Credit:duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top