iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္ ဘဝေနထိုင္မႈ ပံုစံေၾကာင့္ လူေတြ အိပ္ေရးပ်က္တာ ၊ တီဗီ၊ ကြန္ပ်ဴတာ အၾကည့္မ်ားတာ၊ အင္တာနက္ အသံုးမ်ား တာေတြ ျဖစ္လာ ပါတယ္။

အိပ္ေရး ပ်က္တာေၾကာင့္ မ်က္လံုး ေဖာင္းအစ္တာနဲ႔ မ်က္စိေညာင္းညာ တာေတြ ျဖစ္လာပါတယ္။ ေညာင္းညာ ပင္ပန္း ေနတဲ့ မ်က္စိဟာ ၾကည့္ရတာ သက္ေသာင့္ သက္သာ မျဖစ္႐ံုမက ဆြဲေဆာင္မႈလည္း မရွိေတာ့ ပါဘူး။ မ်က္စိေညာင္းညာမႈ ျဖစ္ရေသာ အေၾကာင္းရင္း အိပ္ေရး ပ်က္တာက မ်က္စိ ေညာင္းညာမႈ ျဖစ္ေစတဲ့ အဓိက အေၾကာင္း ရင္းပါ။ တျခား အေၾကာင္းရင္း ေတြက စိတ္ဖိစီးမႈ မ်ား တာ၊ မ်က္ကပ္ မွန္ေၾကာင့္ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္တာ၊ ေရဓာတ္ခမ္း ေျခာက္တာ၊ ေဆးကု သမႈ တခ်ိဳ႕၊ ကြန္ပ်ဴတာ အသံုးမ်ားတာ၊ ႏွာေခါင္း ပိတ္တာ၊ စာဖတ္မ်ား တာနဲ႔ ေတာက္ပတဲ့ အလင္းေရာင္ ကို ၾကာၾကာ ၾကည့္မိတာ ေတြေၾကာင့္ ျဖစ္တတ္ ပါတယ္။

မ်က္စိ ေညာင္ညာေသာ အဓိက လကၡဏာမ်ား မ်က္စိ ေညာင္းညာတဲ့ အဓိက အေၾကာင္းရင္းေတြ ကေတာ့-

- မ်က္စိကို ဖြင့္ထားရင္ေတာင္ ေလးလံၿပီး မသက္မသာ ခံစား ရတာ၊

- မ်က္စိစပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာ၊ မသက္မသာျဖစ္တာ၊

- မ်က္စိေျခာက္ေသြ႕တာ၊ မ်က္စိနာတာ၊ မ်က္ရည္က်တာ၊

- ေခါင္းကိုက္တာနဲ႔ အလင္းေရာင္နဲ႔ ထိေတြ႕ရင္ က်ိန္းစပ္စပ္ ျဖစ္တာတို႔ ျဖစ္ၾကပါတယ္။

မ်က္စိေညာင္းညာမႈ သက္သာေစရန္

(၁) ေရခဲ ေသတၲာထဲမွာ ေအးခဲေအာင္ သိမ္းထားတဲ့ လက္ဖက္ အိတ္ႏွစ္ အိတ္ကို ယူၿပီး မ်က္စိ ေပၚကို မိနစ္ ၂၀ ၾကာ တင္ထား ပါ။ မ်က္စိလန္းဆန္းၿပီး ေညာင္းညာမႈ သက္သာသြား ပါလိမ့္မယ္။

(၂) လတ္လတ္ ဆတ္ဆတ္ လွီးျဖတ္ထားတဲ့ သခြားသီး စိတ္ကို မ်က္စိေပၚမွာ မိနစ္ ၃၀ ၾကာ တင္လိုက္ပါ။ ၿပီးရင္ မ်က္စိကို ေရေအးနဲ႔ ေဆးေၾကာသန္႔စင္ ေပးပါ။

(၃) ႏွင္းဆီ ေရထဲမွာ စိမ္ထားတဲ့ ဝါဂြမ္းစကို မ်က္စိေပၚမွာ ၁၅ မိနစ္ခန္႔တင္ပါ။

(၄) ေအးခဲေနတဲ့ နို႔ထဲမွာ စိမ္ထားတဲ့ ဝါဂြမ္းစကို မ်က္ခြံေပၚမွာ မိနစ္ အနည္းငယ္ၾကာ တင္ေပးပါ။ မ်က္စိ ေဖာင္းအစ္မႈ ေလ်ာ့က် ေစၿပီး လန္းဆန္း သြားပါလိမ့္မယ္။

(၅) ေရခဲ ေသတတၱာထဲ ထည့္ထားတဲ့ ဇြန္းနွစ္ေခ်ာင္းကို မ်က္စိေပၚ တင္ေပးရင္ မ်က္စိေညာင္းညာမႈ ေလ်ာ့ပါး သြားပါ လိမ့္မယ္။

(၆) ေရဓာတ္ ခန္းေျခာက္မႈေၾကာင့္ မ်က္စိ ေညာင္းညာမႈ မျဖစ္ ေအာင္ တစ္ေန႔လံုး ေရမ်ားမ်ား ေသာက္ေပး ရပါမယ္။

(၇) မ်က္စိကို သန္႔ရွင္းတဲ့ ေရခဲေရနဲ႔ မၾကာခဏ ေဆးေၾကာ ေပးတာက မ်က္စိ ေညာင္းညာမႈ၊ ယားယံမႈနဲ႔ ႏြမ္းနယ္မႈ သက္သာ ေစပါတယ္။


Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။


Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top