iMyanmarHouse.com - Best Property Website for Myanmar
×

အဆုတ္ဟာ ျပင္ပပတ္ဝန္းက်င္နဲ႔ အၿမဲတေစ ထိေတြ႕ေနရတဲ့ ခႏၶာကုိယ္အတြင္းထဲက အဂါၤ အစိတ္ အပိုင္းပါ ။ မ်က္ႏွာေရွ႕မွာ ေဝ့ဝဲေနတဲ့ ဖုန္မႈန္႕နဲ႔ ညစ္ညမ္းတဲ့ ေလထုဟာ အသက္ရွဴသြင္းလိုက္တိုင္း အသက္ရွဴ လမ္းေၾကာင္းထဲ ေရာက္သြားပါတယ္။

အဆုတ္ေတြကို Cilia လို အေမြးအမွင္ေတြနဲ႔ ကန္႔သတ္ထားတဲ့အတြက္ အသက္ရွဴလိုက္လုိ႔ ဝင္လာတဲ့ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္ပိုးနဲ႔ ညစ္ညမ္းတဲ့ေလထုကို တံျမက္စည္းလွည္းသလို လွည္းထုတ္လုိက္ပါတယ္။

အဆုတ္ဟာ ေလထဲက ေအာက္ဆီဂ်င္စစ္ယူၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္နဲ႔ ဖလွယ္တဲ့ အဓိက လုပ္ငန္းတာဝန္ကိုလည္း ထမ္းေဆာင္ပါတယ္။ ဒါေပမယ့္ ညစ္ညမ္းတဲ့ေလထုနဲ႔ အဆက္ မျပတ္ ထိ ေတြ႕ေနရတဲ့ အခါမွာ ဒီလုပ္ငန္းေတြ အေႏွာင့္အယွက္ျဖစ္သြား ပါေတာ့တယ္။

ပန္းသီးစိတ္တခ်ိဳ႕ကုိ ကိုက္ဝါးေပးပါ။ ပန္းသီးအမ်ားႀကီးကို စားတဲ့သူေတြဟာ အနည္းငယ္စားတဲ့ သူေတြထက္နာတာရွည္ သလိပ္ပါတဲ့ ေခ်ာင္းဆိုးႏိုင္ေျခ ၃၃ ရာခုိင္ႏႈန္းေလ်ာ့နည္းေၾကာင္း အမ်ိဳးသား က်န္းမာေရးတကၠသိုလ္ရဲ႕ ေလ့လာမႈအရ သိရပါတယ္။

ပန္းသီးခံြထဲမွာပါတဲ့ Pectin နဲ႔ ဓာတ္တုိးဆန္႔က်င္ပစၥည္း (Antioxidants) ေတြဟာ အဆုတ္ ထဲမွာ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ အိုဇုန္း အဆင့္ျမင့္မားေနခ်ိန္မွာ အိမ္ထဲမွာပဲေနပါ။

ေလထဲက အဆိပ္ေငြ႕ေတြဟာ အသက္ရွဴလမ္းေၾကာင္း က်ဥ္းေစႏိုင္တဲ့ ေရာင္ရမ္းမႈကို ျဖစ္ေစပါတယ္။ တကယ္လို႔ ေျပးတဲ့ေလ့က်င့္ခန္းလုပ္ၿပီး ပံုမွန္မဟုတ္ဘဲ ေမာဟိုက္ေနရင္ သင္ဟာ အိုဇုန္းနဲ႔ ထိေတြ႕ မိတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေလထု ညစ္ညမ္းမႈမ်ားတဲ့ အခ်ိန္မွာ အျပင္မထြက္ဘဲ အိမ္ထဲမွာသာ ေနသင့္တာျဖစ္ပါတယ္။


Credit:Mg Mandalay


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဆုတ်ဟာ ပြင်ပပတ်ဝန်းကျင်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အတွင်းထဲက အဂါၤ အစိတ် အပိုင်းပါ ။ မျက်နှာရှေ့မှာ ဝေ့ဝဲနေတဲ့ ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့ လေထုဟာ အသက်ရှူသွင်းလိုက်တိုင်း အသက်ရှူ လမ်းကြောင်းထဲ ရောက်သွားပါတယ်။

အဆုတ်တွေကို Cilia လို အမွေးအမှင်တွေနဲ့ ကန့်သတ်ထားတဲ့အတွက် အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ ညစ်ညမ်းတဲ့လေထုကို တံမြက်စည်းလှည်းသလို လှည်းထုတ်လိုက်ပါတယ်။

အဆုတ်ဟာ လေထဲက အောက်ဆီဂျင်စစ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖလှယ်တဲ့ အဓိက လုပ်ငန်းတာဝန်ကိုလည်း ထမ်းဆောင်ပါတယ်။ ဒါပေမယ့် ညစ်ညမ်းတဲ့လေထုနဲ့ အဆက် မပြတ် ထိ တွေ့နေရတဲ့ အခါမှာ ဒီလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်သွား ပါတော့တယ်။

ပန်းသီးစိတ်တချို့ကို ကိုက်ဝါးပေးပါ။ ပန်းသီးအများကြီးကို စားတဲ့သူတွေဟာ အနည်းငယ်စားတဲ့ သူတွေထက်နာတာရှည် သလိပ်ပါတဲ့ ချောင်းဆိုးနိုင်ခြေ ၃၃ ရာခိုင်နှုန်းလျော့နည်းကြောင်း အမျိုးသား ကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ပန်းသီးခွံထဲမှာပါတဲ့ Pectin နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေဟာ အဆုတ် ထဲမှာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် အိုဇုန်း အဆင့်မြင့်မားနေချိန်မှာ အိမ်ထဲမှာပဲနေပါ။

လေထဲက အဆိပ်ငွေ့တွေဟာ အသက်ရှူလမ်းကြောင်း ကျဉ်းစေနိုင်တဲ့ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ တကယ်လို့ ပြေးတဲ့လေ့ကျင့်ခန်းလုပ်ပြီး ပုံမှန်မဟုတ်ဘဲ မောဟိုက်နေရင် သင်ဟာ အိုဇုန်းနဲ့ ထိတွေ့ မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လေထု ညစ်ညမ်းမှုများတဲ့ အချိန်မှာ အပြင်မထွက်ဘဲ အိမ်ထဲမှာသာ နေသင့်တာဖြစ်ပါတယ်။


Credit:Mg Mandalay




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top