iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားတစ္ေယာက္ကို ခ်စ္မိသြားတဲ့အခါ သူနဲ႔ ဘဝတစ္ခုထူေထာင္ဖုိ႔ ေမွ်ာ္လင့္မိတာပါပဲ။ အမွတ္တရေန႔ရက္ေတြ ျဖတ္သန္းမယ္၊ မဂၤလာေဆာင္မယ္၊ အိမ္ေလးတစ္လံုးမွာ အတူတူေနၾကရင္း ကေလးေတြေမြးၾကမယ္ေပါ့။ တကယ္လို႔မ်ား ကိုယ့္ခ်စ္သူမွာ ဒီလိုအမူအက်င့္ေလးေတြ ႐ွိေနၿပီဆုိရင္ သူဟာ ေနာင္တစ္ခ်ိန္မွာ ဖခင္ေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္ေျခ႐ွိမယ္လို႔ ယူဆရပါတယ္။

၁။ ကေလးေတြနဲ႔ရင္းႏွီးတယ္

သူ႔ရဲ႕တူေတြ၊ ညီ/ညီမေလးေတြနဲ႔လည္း တရင္းတႏွီးေနသလို ကိုယ့္ဘက္ကေဆြမ်ိဳးေတာ္စပ္တဲ့ ကေလးေတြနဲ႔ ရင္းႏွီးမႈရယူႏိုင္တယ္တာလည္း ေကာင္းတဲ့လကၡဏာရပ္ပါပဲ။ ကေလးေတြကလည္း သူ႔ကိုခ်စ္ၾကသလို သူကလည္း ကေလးေတြကိုခ်စ္တာ အဓိကက်တဲ့ လကၡဏာေကာင္းတစ္ခုပါ။ သူက ကေလးေတြကို ဘယ္လိုကိုင္တြယ္ရမလဲဆုိတာ သိေနလို႔ျဖစ္ပါတယ္။

၂။ ကေလးကစားစရာေတြနဲ႔လည္းေဆာ့ႏိုင္တယ္

ေယာက္်ားေလးေတြဆို စူပါဟီး႐ိုးအရုပ္ေတြ၊ ေသနတ္ေတြနဲ႔ ေဆာ့ရတာ ႏွစ္သက္ၾကပါတယ္။ မိန္းကေလးေတြကေတာ့ အရုပ္မေလးေတြနဲ႔ေပါ့။ ဒီလိုကေလးကစားစရာေတြကို ကေလးေတြနဲ႔အတူ ေဆာ့ေပးႏိုင္ပါတယ္။ ေနာက္ဆုိ ဖခင္ဘဝေရာက္လာရင္ ကေလးအတြက္ အ႐ုပ္ေတြလိုက္ေရြးေပးဦးမယ့္လူပါပဲ။

၃။ ကာတြန္းကားႀကိဳက္တယ္

ကာတြန္းကားႀကိဳက္တာ ကေလးဆန္တာမဟုတ္ပါဘူး။ စိတ္ႏွလံုး႐ိုးသားတယ္လို႔ ေကာက္ခ်က္ခ်ႏိုင္တဲ့လူပါ။ လူႀကီးေတြက ကာတြန္းကားဆို မၾကည့္ခ်င္ၾကေပမဲ့ ကိုယ္ငယ္ငယ္တုန္းက ကာတြန္းကားႀကိဳက္ခဲ့တာကိုေတာ့ ျငင္းပယ္လို႔မရႏိုင္ပါဘူး။ သူက ကာတြန္းကားႀကိဳက္တယ္ဆိုရင္ေတာ့ ကေလးေတြရဲ႕စိတ္ကို နီးနီးစပ္စပ္နားလည္ေပးမယ့္သူပါ။

၄။ အိမ္အလုပ္ေတြကူတယ္

သူ႔အိမ္မွာ အေမ့ကို အိမ္မႈကိစၥေတြ ကူေပးတယ္ဆုိရင္ ကိုယ့္ကိုလည္း ကူညီေပးမယ့္ ခင္ပြန္းေကာင္း၊ ဖခင္ေကာင္းတစ္ဦးျဖစ္လာဦးမယ္ ထင္ပါတယ္။ ကိုယ္က အလုပ္မ်ားေနခ်ိန္ သူက အျမင္မေတာ္တာေတြ ကူညီေပးသြားမယ့္ေယာက်္ားမ်ိဳးေပါ့။

၅။ ေခြးခ်စ္တယ္

ေခြးခ်စ္တာနဲ႔ ဖခင္ေကာင္းနဲ႔ ဘာဆုိင္သလဲလို႔ ႐ုတ္တရက္ ခပ္ေၾကာင္ေၾကာင္ ျဖစ္သြားတယ္မဟုတ္လား။ တကယ္ေတာ့ ေခြးေတြဟာ အသိဉာဏ္ျမင့္မားလြန္းတဲ့ တိရစၦာန္ေတြပါ။ လူေတြနဲ႔လည္း နီးနီးစပ္စပ္႐ွိပါတယ္။ ကေလးေတြနဲ႔လည္း တူပါတယ္။ ဂ်ီက်တတ္၊ တြယ္တာတတ္၊ စိတ္ေကာက္တတ္ၾကပါတယ္။ ကိုယ့္ရဲ႕ခ်စ္သူဟာ သူေမြးထားတဲ့ေခြးကို ဂ႐ုစိုက္ ခ်စ္တတ္မယ္ဆုိရင္ေတာ့ ကိုယ့္သားသမီးကိုလည္း ဂ႐ုစိုက္ၾကင္နာဦးမယ့္လူပဲ ျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောက်ျားတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မျှော်လင့်မိတာပါပဲ။ အမှတ်တရနေ့ရက်တွေ ဖြတ်သန်းမယ်၊ မင်္ဂလာဆောင်မယ်၊ အိမ်လေးတစ်လုံးမှာ အတူတူနေကြရင်း ကလေးတွေမွေးကြမယ်ပေါ့။ တကယ်လို့များ ကိုယ့်ချစ်သူမှာ ဒီလိုအမူအကျင့်လေးတွေ ရှိနေပြီဆိုရင် သူဟာ နောင်တစ်ချိန်မှာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်ခြေရှိမယ်လို့ ယူဆရပါတယ်။

၁။ ကလေးတွေနဲ့ရင်းနှီးတယ်

သူ့ရဲ့တူတွေ၊ ညီ/ညီမလေးတွေနဲ့လည်း တရင်းတနှီးနေသလို ကိုယ့်ဘက်ကဆွေမျိုးတော်စပ်တဲ့ ကလေးတွေနဲ့ ရင်းနှီးမှုရယူနိုင်တယ်တာလည်း ကောင်းတဲ့လက္ခဏာရပ်ပါပဲ။ ကလေးတွေကလည်း သူ့ကိုချစ်ကြသလို သူကလည်း ကလေးတွေကိုချစ်တာ အဓိကကျတဲ့ လက္ခဏာကောင်းတစ်ခုပါ။ သူက ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိနေလို့ဖြစ်ပါတယ်။

၂။ ကလေးကစားစရာတွေနဲ့လည်းဆော့နိုင်တယ်

ယောက်ျားလေးတွေဆို စူပါဟီးရိုးအရုပ်တွေ၊ သေနတ်တွေနဲ့ ဆော့ရတာ နှစ်သက်ကြပါတယ်။ မိန်းကလေးတွေကတော့ အရုပ်မလေးတွေနဲ့ပေါ့။ ဒီလိုကလေးကစားစရာတွေကို ကလေးတွေနဲ့အတူ ဆော့ပေးနိုင်ပါတယ်။ နောက်ဆို ဖခင်ဘဝရောက်လာရင် ကလေးအတွက် အရုပ်တွေလိုက်ရွေးပေးဦးမယ့်လူပါပဲ။

၃။ ကာတွန်းကားကြိုက်တယ်

ကာတွန်းကားကြိုက်တာ ကလေးဆန်တာမဟုတ်ပါဘူး။ စိတ်နှလုံးရိုးသားတယ်လို့ ကောက်ချက်ချနိုင်တဲ့လူပါ။ လူကြီးတွေက ကာတွန်းကားဆို မကြည့်ချင်ကြပေမဲ့ ကိုယ်ငယ်ငယ်တုန်းက ကာတွန်းကားကြိုက်ခဲ့တာကိုတော့ ငြင်းပယ်လို့မရနိုင်ပါဘူး။ သူက ကာတွန်းကားကြိုက်တယ်ဆိုရင်တော့ ကလေးတွေရဲ့စိတ်ကို နီးနီးစပ်စပ်နားလည်ပေးမယ့်သူပါ။

၄။ အိမ်အလုပ်တွေကူတယ်

သူ့အိမ်မှာ အမေ့ကို အိမ်မှုကိစ္စတွေ ကူပေးတယ်ဆိုရင် ကိုယ့်ကိုလည်း ကူညီပေးမယ့် ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ဦးဖြစ်လာဦးမယ် ထင်ပါတယ်။ ကိုယ်က အလုပ်များနေချိန် သူက အမြင်မတော်တာတွေ ကူညီပေးသွားမယ့်ယောကျ်ားမျိုးပေါ့။

၅။ ခွေးချစ်တယ်

ခွေးချစ်တာနဲ့ ဖခင်ကောင်းနဲ့ ဘာဆိုင်သလဲလို့ ရုတ်တရက် ခပ်ကြောင်ကြောင် ဖြစ်သွားတယ်မဟုတ်လား။ တကယ်တော့ ခွေးတွေဟာ အသိဉာဏ်မြင့်မားလွန်းတဲ့ တိရစ္ဆာန်တွေပါ။ လူတွေနဲ့လည်း နီးနီးစပ်စပ်ရှိပါတယ်။ ကလေးတွေနဲ့လည်း တူပါတယ်။ ဂျီကျတတ်၊ တွယ်တာတတ်၊ စိတ်ကောက်တတ်ကြပါတယ်။ ကိုယ့်ရဲ့ချစ်သူဟာ သူမွေးထားတဲ့ခွေးကို ဂရုစိုက် ချစ်တတ်မယ်ဆိုရင်တော့ ကိုယ့်သားသမီးကိုလည်း ဂရုစိုက်ကြင်နာဦးမယ့်လူပဲ ဖြစ်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top