iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun




Unicode Version

ဘောလုံးကို ဝါသနာကြီးသူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မိုးယံဇွန်ကတော့ ချစ်သူသစ်ကောင်မလေးကို ပွဲထုတ်ဦးမှာပါ။ အနုပညာနယ်ပယ်ထဲက မဟုတ်တဲ့ ကောင်မလေးက သူ့ထက် အသက်(၁)နှစ်ကြီးတယ်လို့လည်း သိရပါတယ်။

 ချစ်သူသက်တမ်း (၂)လလောက်ပဲ ရှိသေးတဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ လက်တွဲထားပါတယ်။ မိုးယံဇွန်ကတော့ ချစ်သူသစ်ကောင်မလေးကို အချိန်တန်ရင် ပရိသတ်တွေရှေ့ ထုတ်ပြမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

သူ့ရဲ့ ကောင်မလေးကတော့ အနုပညာနယ်ပယ်မှာ ပေါ်ပေါ်ထင်ထင်မနေချင်သလို လူသိလည်း သိပ်မခံချင်တာကြောင့် အချိန်တန်မှပဲ ပြောပြတော့မယ်လို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ မိုးယံဇွန်ကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ခပ်စိပ်စိပ်လေး လုပ်လာရပါတယ်။ သူဝါသနာပါတဲ့ ဘောလုံးနဲ့ ပတ်သတ်ပြီး အချိန်ပေးသလို သူချစ်တဲ့ အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်လာပါတယ်။

၂၀၁၆ခုနှစ်ကထက် ပိုပြီး အနုပညာအလုပ်တွေလုပ်လာရတဲ့ မိုးယံဇွန်က  မကြာသေးခင်ကလည်း ရတနာပုံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာတော့ သူနဲ့အတူ ဟိန်းဝေယံ၊ ထွန်းကိုကို၊ ထက်ပိုင်ဦး၊ ကေညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနိုတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပြီး ဇာတ်လမ်း/ဇာတ်ညွှန်းအနေနဲ့ မိုးစက်ဝိုင်နဲ့ သူဝေးတို့က ရေးသားထားတာ ဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီဇာတ်လမ်းတွဲကိုလည်း မကြာခင် ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။


Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top