iMyanmarHouse.com - Best Property Website for Myanmar
×

အထီးက်န္ျခင္းကို လူကို ေသဆံုးႏိုင္တယ္ဆိုတာ မယံုမရွိပါနဲ႔။တကယ္ပါ။ ကိုယ့္ရဲ႕မိဘအဖိုးအဖြားေတြကို အသက္ရွည္ရွည္ေနေစခ်င္ရင္ သူတို႔အတြက္ အခ်ိန္ပိုေပးသင့္ပါတယ္။မိဘကပဲ အခ်ိန္တိုင္း ကိုယ့္ကို ဖုန္းဆက္ေနရၿပီး ကုိယ္ကသူတို႔ေမးသမွ်ကို ေျဖရံုေလးပဲ ေျဖေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ၊ပင္ပမ္းေနပါေစ သူတို႔အတြက္ အခ်ိန္ေပး သင့္ၿပီး ဖုန္းျပန္ေခၚဖို႔ ေမ့သြားတယ္ဆိုတာမ်ိဳး မျဖစ္ေအာင္ အတတ္ႏိုင္ ဆံုးေန သင့္ပါတယ္။မိဘေတြက ကိုယ့္ကို အေၾကာင္းမရွိအေၾကာင္းရွာ ဖုန္းေခၚေန တယ္ဆိုတာဟာ သူတို႔တကယ္ပဲအထီးက်န္ေနလို႔ပါ။

ဆယ္စုႏွစ္အေတာ္ ၾကာေလာက္ သား၊ သမီးေတြ နဲ႔အတူေနခဲ့ရၿပီး အခုအ ခ်ိန္မွာေတာ့ တိတ္ ဆိတ္ေျခာက္ကပ္ေနတဲ့ အိမ္ႀကီး ထဲမွာ ေနေနရတာဟာ သူမအတြက္ တကယ္ အထီးက်န္ေစပါတယ္။အသက္ ႀကီးသူေတြရဲ႕အထီး က်န္ျခင္းေနာက္မွာ တျခားက်န္းမာေရးနဲ႔စိတ္ပိုင္း ဆိုင္ရာ ျပသာနာေတြ ကပ္ပါလာတတ္ပါတယ္။အထီးက်န္ျခင္းဟာ ဘယ္ေလာက္ ဆိုးသလဲဆိုရင္ လူႀကီးေတြအေနနဲ႔ အားေ လ်ာ႔လာတာ ေနာက္ဆံုး ေသဆံုးတဲ့အထိ ျဖစ္ေစ တတ္တယ္လို႔ မၾကာေသးမီက ေလ့လာမႈတစ္ခုမွာ ေဖာ္ျပ ခဲ့ပါတယ္။အထီး က်န္ျခင္းဟာ သက္ႀကီးပိုင္းေတြအတြက္ တကယ့္ကို ႀကီးမား တဲ့ျပသာနာတစ္ ခုျဖစ္ပါတယ္။ (၂၀၁၀)ခုႏွစ္ကေတြ႕ရွခ်က္အရ အသက္ (၆၅)ႏွစ္အထက္ ရွိတဲ့ သက္ႀကီး ပိုင္း (၂၈)ရာခိုင္ႏႈန္းနီးပါးဟာ တစ္ေယာက္ တည္းေနၾကၿပီး၊ ကမၻာေပၚမွာ သက္ႀကီး လူဦးေရ(၁၁)သန္းဟာ အထီး က်န္ျခင္းေ၀ဒနာကို ခံစားေနၾကရပါတယ္။

သားသမီးေတြနဲ႔သိုက္သိုက္၀န္း၀န္းအတူေနၾကရတဲ့ သက္ႀကီးပိုင္းေတြဟာ သား သမီးေတြနဲ႔ေ၀းကြာေနရတဲ့ သက္ႀကီးပိုင္းေတြထက္ အသက္ပိုရွည္ၾကတယ္ လို႔  ေလ့လာမႈေတြအရသိရပါတယ္။သား၊သမီးေတြက သူတို႔ရဲ႕အလုပ္ခ်ိန္ ကိုဖဲ့ ၿပီး မိဘေတြအတြက္ အခ်ိန္ေပးျခင္းဟာ မိဘေတြအဖို႔ ငါဟာအေရးပါပါလား ဆို တဲ့ စိတ္ခံစားခ်က္ကို ခံစားရေစပါတယ္။သက္ႀကီးပိုင္းေတြ မိဘအဖိုးအဖြားေတြ နဲ႔အတူအခ်ိန္ကုန္ဆံုးျခင္းအားျဖင့္ သူတို႔ဆီကေန အဖိုးမျဖတ္ႏိုင္တဲ့ ဗဟုသုတ အေတြ႕အႀကံဳေတြကို ရရွိေစႏိုင္သလို၊ဒါဟာ သူတို႔အတြက္ အသက္ရွည္ က်န္း မာေစႏိုင္တဲ့ ေဆးတစ္ခြက္လည္း ျဖစ္ပါတယ္။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အထီးကျန်ခြင်းကို လူကို သေဆုံးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။တကယ်ပါ။ ကိုယ့်ရဲ့မိဘအဖိုးအဖွားတွေကို အသက်ရှည်ရှည်နေစေချင်ရင် သူတို့အတွက် အချိန်ပိုပေးသင့်ပါတယ်။မိဘကပဲ အချိန်တိုင်း ကိုယ့်ကို ဖုန်းဆက်နေရပြီး ကိုယ်ကသူတို့မေးသမျှကို ဖြေရုံလေးပဲ ဖြေနေတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ပင်ပမ်းနေပါစေ သူတို့အတွက် အချိန်ပေး သင့်ပြီး ဖုန်းပြန်ခေါ်ဖို့ မေ့သွားတယ်ဆိုတာမျိုး မဖြစ်အောင် အတတ်နိုင် ဆုံးနေ သင့်ပါတယ်။မိဘတွေက ကိုယ့်ကို အကြောင်းမရှိအကြောင်းရှာ ဖုန်းခေါ်နေ တယ်ဆိုတာဟာ သူတို့တကယ်ပဲအထီးကျန်နေလို့ပါ။

ဆယ်စုနှစ်အတော် ကြာလောက် သား၊ သမီးတွေ နဲ့အတူနေခဲ့ရပြီး အခုအ ချိန်မှာတော့ တိတ် ဆိတ်ခြောက်ကပ်နေတဲ့ အိမ်ကြီး ထဲမှာ နေနေရတာဟာ သူမအတွက် တကယ် အထီးကျန်စေပါတယ်။အသက် ကြီးသူတွေရဲ့အထီး ကျန်ခြင်းနောက်မှာ တခြားကျန်းမာရေးနဲ့စိတ်ပိုင်း ဆိုင်ရာ ပြသာနာတွေ ကပ်ပါလာတတ်ပါတယ်။အထီးကျန်ခြင်းဟာ ဘယ်လောက် ဆိုးသလဲဆိုရင် လူကြီးတွေအနေနဲ့ အားေ လျာ့လာတာ နောက်ဆုံး သေဆုံးတဲ့အထိ ဖြစ်စေ တတ်တယ်လို့ မကြာသေးမီက လေ့လာမှုတစ်ခုမှာ ဖော်ပြ ခဲ့ပါတယ်။အထီး ကျန်ခြင်းဟာ သက်ကြီးပိုင်းတွေအတွက် တကယ့်ကို ကြီးမား တဲ့ပြသာနာတစ် ခုဖြစ်ပါတယ်။ (၂၀၁၀)ခုနှစ်ကတွေ့ရှချက်အရ အသက် (၆၅)နှစ်အထက် ရှိတဲ့ သက်ကြီး ပိုင်း (၂၈)ရာခိုင်နှုန်းနီးပါးဟာ တစ်ယောက် တည်းနေကြပြီး၊ ကမ္ဘာပေါ်မှာ သက်ကြီး လူဦးရေ(၁၁)သန်းဟာ အထီး ကျန်ခြင်းဝေဒနာကို ခံစားနေကြရပါတယ်။

သားသမီးတွေနဲ့သိုက်သိုက်ဝန်းဝန်းအတူနေကြရတဲ့ သက်ကြီးပိုင်းတွေဟာ သား သမီးတွေနဲ့ဝေးကွာနေရတဲ့ သက်ကြီးပိုင်းတွေထက် အသက်ပိုရှည်ကြတယ် လို့  လေ့လာမှုတွေအရသိရပါတယ်။သား၊သမီးတွေက သူတို့ရဲ့အလုပ်ချိန် ကိုဖဲ့ ပြီး မိဘတွေအတွက် အချိန်ပေးခြင်းဟာ မိဘတွေအဖို့ ငါဟာအရေးပါပါလား ဆို တဲ့ စိတ်ခံစားချက်ကို ခံစားရစေပါတယ်။သက်ကြီးပိုင်းတွေ မိဘအဖိုးအဖွားတွေ နဲ့အတူအချိန်ကုန်ဆုံးခြင်းအားဖြင့် သူတို့ဆီကနေ အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတ အတွေ့အကြုံတွေကို ရရှိစေနိုင်သလို၊ဒါဟာ သူတို့အတွက် အသက်ရှည် ကျန်း မာစေနိုင်တဲ့ ဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။


Credit : Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top