iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ေကတီပယ္ရီ (Katy Perry)တစ္ေယာက္ သိပ္ခ်စ္ပါတယ္ဆုိတဲ့ ေအာ္လန္ဒိုဘလြန္းမ္ (Orlando Bloom)နဲ႔ ခ်စ္သူေတြအျဖစ္က ရပ္စဲလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။ သိပ္မၾကာပါဘူး။ ေကတီဟာ သူမရဲ႕ဆံပင္ပံုစံကို ခပ္တိုတိုညႇပ္ပစ္လိုက္ၿပီး ႏုငယ္လန္းဆန္းတဲ့အသြင္ကို ခ်က္ျခင္းေျပာင္းလဲလိုက္ပါေရာ။

အသည္းကြဲတဲ့ မိန္းကေလးတစ္ေယာက္ဟာ မႈိင္ေတြပူေဆြးေနတာထက္ ေကတီ့လိုေနလိုက္တာ အမွန္ကန္ဆံုးပါပဲ။ တမိႈင္မႈိင္တေတြေတြနဲ႔ ပူေဆြးဝမ္းနည္းေနျခင္းဟာ ျမင္ရသူေတြကို စိတ္မသက္မသာ ျဖစ္ေစပါတယ္။ ကိုယ္တိုင္လည္း မွန္ေတာင္ မၾကည့္ခ်င္ေလာက္ေအာင္ ျဖစ္ေနမိတယ္မဟုတ္လား။ အဲ့ဒီလိုမ်ိဳး မေနပါနဲ႔။

ဆံပင္ပံုစံကို ညႇပ္႐ံုသာမက၊ ေကာက္တာ၊ ေျဖာင့္တာ ၊ ေဆးဆုိးတာေတြပါ လုပ္ပစ္လုိက္ပါ။ ဆံပင္ပံုစံကို လံုးဝ ေျပာင္းလဲလိုက္တာဟာ ကိုယ့္ရဲ႕႐ုပ္ရည္အတြက္သာ မဟုတ္ပါဘူး။ ဒီကိစၥမွာ ကိုယ့္ဘက္က မွားယြင္းခဲ့တာမဟုတ္လို႔ ျပတ္သြားလည္း ကိုယ္က အသာႀကီးပဲလို႔ ျပသေနရာေရာက္ပါတယ္။ တျခားလူေတြက တီးတိုးသဖန္းပိုး ေဝဖန္သံေတြကိုလည္း ဂ႐ုမစိုက္ေၾကာင္း ျပသလိုက္ပါ။ အခ်စ္ေဟာင္းဆုိတာ ဆံပင္ပံုစံအေဟာင္းလိုပဲ ၊ ခုေတာ့ အေဟာင္းေတြကို ေခါက္ပစ္လိုက္ၿပီလို႔ သူမ်ားေတြသိသြားပါေစ။ ဆံပင္ပံုစံေျပာင္းလိုက္လို႔ ပိုလွလာတာကို ျမင္ရတဲ့အခါ ကိုယ္တုိင္လည္း စိတ္ခ်မ္းသာရပါတယ္။ စိတ္သစ္လူသစ္ ျဖစ္သြားသလို ခံစားမိလာပါလိမ့္မယ္ဆိုတာ ရဲရဲႀကီး ေျပာရဲပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဆိုတော်ကေတီပယ်ရီ (Katy Perry)တစ်ယောက် သိပ်ချစ်ပါတယ်ဆိုတဲ့ အော်လန်ဒိုဘလွန်းမ် (Orlando Bloom)နဲ့ ချစ်သူတွေအဖြစ်က ရပ်စဲလိုက်ပြီလို့ သတင်းထွက်လာပါတယ်။ သိပ်မကြာပါဘူး။ ကေတီဟာ သူမရဲ့ဆံပင်ပုံစံကို ခပ်တိုတိုညှပ်ပစ်လိုက်ပြီး နုငယ်လန်းဆန်းတဲ့အသွင်ကို ချက်ခြင်းပြောင်းလဲလိုက်ပါရော။

အသည်းကွဲတဲ့ မိန်းကလေးတစ်ယောက်ဟာ မှိုင်တွေပူဆွေးနေတာထက် ကေတီ့လိုနေလိုက်တာ အမှန်ကန်ဆုံးပါပဲ။ တမှိုင်မှိုင်တတွေတွေနဲ့ ပူဆွေးဝမ်းနည်းနေခြင်းဟာ မြင်ရသူတွေကို စိတ်မသက်မသာ ဖြစ်စေပါတယ်။ ကိုယ်တိုင်လည်း မှန်တောင် မကြည့်ချင်လောက်အောင် ဖြစ်နေမိတယ်မဟုတ်လား။ အဲ့ဒီလိုမျိုး မနေပါနဲ့။

ဆံပင်ပုံစံကို ညှပ်ရုံသာမက၊ ကောက်တာ၊ ဖြောင့်တာ ၊ ဆေးဆိုးတာတွေပါ လုပ်ပစ်လိုက်ပါ။ ဆံပင်ပုံစံကို လုံးဝ ပြောင်းလဲလိုက်တာဟာ ကိုယ့်ရဲ့ရုပ်ရည်အတွက်သာ မဟုတ်ပါဘူး။ ဒီကိစ္စမှာ ကိုယ့်ဘက်က မှားယွင်းခဲ့တာမဟုတ်လို့ ပြတ်သွားလည်း ကိုယ်က အသာကြီးပဲလို့ ပြသနေရာရောက်ပါတယ်။ တခြားလူတွေက တီးတိုးသဖန်းပိုး ဝေဖန်သံတွေကိုလည်း ဂရုမစိုက်ကြောင်း ပြသလိုက်ပါ။ အချစ်ဟောင်းဆိုတာ ဆံပင်ပုံစံအဟောင်းလိုပဲ ၊ ခုတော့ အဟောင်းတွေကို ခေါက်ပစ်လိုက်ပြီလို့ သူများတွေသိသွားပါစေ။ ဆံပင်ပုံစံပြောင်းလိုက်လို့ ပိုလှလာတာကို မြင်ရတဲ့အခါ ကိုယ်တိုင်လည်း စိတ်ချမ်းသာရပါတယ်။ စိတ်သစ်လူသစ် ဖြစ်သွားသလို ခံစားမိလာပါလိမ့်မယ်ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။


Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top