iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုက ပူလာပါၿပီ။ တစ္ေနကုန္ လႈပ္႐ွားထားေတာ့ ညေနဆို လူက ေခၽြးေစာ္ေတြနံခ်င္လာၿပီေလ။ ညအိပ္ခါနီး ေရေလးခ်ိဳးၿပီး အိပ္လိုက္ေတာ့မွပဲ ေနလို႔ေကာင္းသြားပါေတာ့တယ္။ စိတ္ေအးလက္ေအးျဖစ္္သြားၿပီး အိပ္လို႔ေကာင္းသြားတယ္ေလ။

ညမအိပ္မီေရခ်ိဳးျခင္းဟာ တကယ္ကို ေငြမကုန္ေစဘဲ ကိုယ့္အတြက္ ေကာင္းက်ိဳးျဖစ္ထြန္းေစတယ္လို႔ ေျပာရင္ မွားမယ္မထင္ပါဘူး။ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာ့ခ္ၿမိဳ႕က အိပ္စက္ျခင္းဆုိင္ရာ က်န္းမာေရးပညာ႐ွင္ ေဒါက္တာ ဒိုင္ယာနာေအာ္ဂ်ယ္လီက ညမအိပ္မီ ေရခ်ိဳးျခင္းရဲ႕ ေကာင္းက်ိဳးေတြကိုလည္း ေထာက္ျပခဲ့ပါတယ္။

ညမအိပ္မီ ေရခ်ိဳးျခင္းဟာ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကို ေလွ်ာ့က်သြားေစပါတယ္။ ခႏၶာကိုယ္က ေအးသြားေတာ့ အေၾကာအျခင္ေတြ ေတာင့္တင္းေနတာ ေျပေလ်ာ့သြားပါတယ္။ ျမန္ျမန္ဆန္ဆန္နဲ႔လည္း အိပ္ေပ်ာ္သြားေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လည္း အိပ္ေပ်ာ္ႏိုင္ပါတယ္။ အဓိက အေရးႀကီးတာ အခ်ိန္ပါ။ တကယ္အိပ္ေပ်ာ္သြားခ်င္တဲ့ အခ်ိန္ မတိုင္မီ မိနစ္ ၉၀ အလိုမွာ ေရခ်ိဳးေပးရပါမယ္။ ခႏၶာကိုယ္က အိပ္စက္မႈအတြက္ လႈံ႔ေဆာ္ေပးဖုိ႔ အခ်ိန္လိုအပ္တယ္ေလ။ ေရခ်ိဳးၿပီး မိနစ္ ၉၀ အၾကာမွာ ကိုယ္ပူခ်ိန္ကလည္း တျဖည္းျဖည္းေလ်ာ့သြားၿပီး အိပ္စက္ဖုိ႔ အေကာင္းဆံုးျဖစ္လာပါလိမ့္မယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီဥတုက ပူလာပါပြီ။ တစ်နေကုန် လှုပ်ရှားထားတော့ ညနေဆို လူက ချွေးစော်တွေနံချင်လာပြီလေ။ ညအိပ်ခါနီး ရေလေးချိုးပြီး အိပ်လိုက်တော့မှပဲ နေလို့ကောင်းသွားပါတော့တယ်။ စိတ်အေးလက်အေးဖြစ်သွားပြီး အိပ်လို့ကောင်းသွားတယ်လေ။

ညမအိပ်မီရေချိုးခြင်းဟာ တကယ်ကို ငွေမကုန်စေဘဲ ကိုယ့်အတွက် ကောင်းကျိုးဖြစ်ထွန်းစေတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့က အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပညာရှင် ဒေါက်တာ ဒိုင်ယာနာအော်ဂျယ်လီက ညမအိပ်မီ ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

ညမအိပ်မီ ရေချိုးခြင်းဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျှော့ကျသွားစေပါတယ်။ ခန္ဓာကိုယ်က အေးသွားတော့ အကြောအခြင်တွေ တောင့်တင်းနေတာ ပြေလျော့သွားပါတယ်။ မြန်မြန်ဆန်ဆန်နဲ့လည်း အိပ်ပျော်သွားစေပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်နိုင်ပါတယ်။ အဓိက အရေးကြီးတာ အချိန်ပါ။ တကယ်အိပ်ပျော်သွားချင်တဲ့ အချိန် မတိုင်မီ မိနစ် ၉၀ အလိုမှာ ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်က အိပ်စက်မှုအတွက် လှုံ့ဆော်ပေးဖို့ အချိန်လိုအပ်တယ်လေ။ ရေချိုးပြီး မိနစ် ၉၀ အကြာမှာ ကိုယ်ပူချိန်ကလည်း တဖြည်းဖြည်းလျော့သွားပြီး အိပ်စက်ဖို့ အကောင်းဆုံးဖြစ်လာပါလိမ့်မယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top