iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ၾကိဳက္တာ၊ အတူေပ်ာ္ပါးတာေတြက လြယ္တယ္။ တစ္စုံတစ္ဦးနဲ႔ အိမ္ေထာင္ျပဳတာလည္း လြယ္ပါတယ္။ ဒါေပမယ့္ အုိေအာင္ေပါင္းဖုိ႔ အဲဒီေလာက္ မလြယ္ပါဘူး။  ခ်စ္ျခင္းေမတၱာ၊ စိတ္ရွည္သည္းခံမႈနဲ႔ သဟဇာတျဖစ္မႈ ဒါေတြမရိွရင္ ဘဝလက္တဲြေဖာ္နဲ႔ အုိေအာင္မင္းေအာင္ေပါင္းသင္းႏိုင္မွာ မဟုတ္ပါဘူး။  အရင္မ်ဳိးဆက္တုန္းက စုံတြဲ ၇၅% နီးပါးဟာ ဘဝေနာက္ဆုံးခ်ိန္အထိ အတူေနၾကပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္အနည္းငယ္အတြင္း အိမ္ေထာင္ကြာရွင္းမႈႏႈန္း ျမင့္တက္ခဲ့ပါတယ္။ ဒီေတာ့ အိုေအာင္ေပါင္းသင္းဖုိ႔ ျဖစ္ႏုိင္ေသးရဲ႕လား။ လကၡဏာတခ်ဳိ႕က…

၁။ စိတ္တူကိုယ္တူ ရိွတယ္လုိ႔ ယူဆပါသလား။ အဲဒါက ခုိင္ျမဲတဲ့ အခ်စ္ေရးဆက္ဆံမႈရဲ႕ ပထမဆုံးလကၡဏာတစ္ရပ္ ျဖစ္ပါတယ္။  မိမိလက္တြဲေဖာ္နဲ႔ ဘာမဆိုလုပ္ဖို႔ စိတ္အားထက္သန္ျပီး အတူတကြလုပ္ေဆာင္တဲ့ ပ်င္းရိမႈေတြ ေပ်ာက္ကြယ္သြားပါတယ္။

၂။ တျခားၾကည္ႏူးေနတဲ့စုံတြဲေတြ ၾကည့္တဲ့အခါ မိမိမွာ အေကာင္းဆုံးစုံတြဲဘဝပိုင္ဆုိင္ထားျပီမုိ႔ မနာလုိမျဖစ္ပါဘူး။ ပိုက္ဆံရိွတဲ့ အျခားစုံတြဲေတြ ျမင္တဲ့အခါ ကုိယ္ဟာ ေပ်ာ္ရႊင္မႈအတိနဲ႔ လွပတဲ့ဘဝကို ျဖတ္သန္းေနျပီလုိ႔ ခံစားရလုိ႔ လုံးဝစိတ္မပူဘူး။

၃။ တစ္ေယာက္ကိုတစ္ေယာက္ အရႈံးအျမတ္မတြက္၊ ဘယ္ေတာ့မွ မနာလို ဝန္တိုမျဖစ္ၾကပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဆုိးရင္ေတာင္ အႏၱရာယ္ကင္းတဲ့နည္းလမ္းကို ရွာျပီး ျပသနာေျဖရွင္းၾကပါတယ္။

၄။ အခ်င္းခ်င္း ျပဳစုေပးၾကတယ္။ ေရရွည္ခုိင္ျမဲတဲ့ အခ်စ္ေရးတစ္ခုမွာ ဘဝင္ျမင့္မႈ သုိ႔မဟုတ္ သိမ္ငယ္မႈစိတ္ခံစားခ်က္ မရိွၾကပါဘူး။

၅။ ေျပာစရာတစ္စုံတစ္ခု အျမဲတမ္း ရိွၾကပါတယ္။ ဘာေျပာစရာမွမရိွတဲ့အခ်ိန္မွာလည္း အဆင္ေျပတယ္။ အခ်ိန္ကို ဆိတ္ျငိမ္စြာ ကုန္ဆုံးေစတယ္။

၆။ အျခားတစ္စုံတစ္ဦး မိမိတုိ႔ကို ေဝဖန္ သုိ႔မဟုတ္ မေက်မနပ္ေျပာဆိုတဲ့အခါ အခ်င္းခ်င္း ကာကြယ္ေပးေလ့ရိွၾကပါတယ္။ လက္တြဲေဖာ္နဲ႔ အမွန္တရားကို ေျပာဆိုဖုိ႔နဲ႔ လ်ဳိ႕ဝွက္ခ်က္ေတြ မွ်ေဝဖုိ႔ ဘယ္ေတာ့မွမေၾကာက္ပါဘူး။ မိမိလက္တြဲေဖာ္လည္း ထုိနည္း၎ ျဖစ္ပါတယ္။

၇။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္တင္ျခင္းမရိွ သုိ႔မဟုတ္ ညည္းျငဴျခင္း မရိွဘဲ စိန္ေခၚမႈေတြ အတူရင္ဆုိင္ျဖတ္သန္းၾကတယ္။

၈။ မိမိလက္တြဲေဖာ္ မိမိရူးသြပ္မႈကို ဘယ္ေတာ့မွ မေဝဖန္ဘဲ မိမိလည္း လက္တြဲေဖာ္ကို ေဝဖန္ျခင္း သို႔မဟုတ္ ေစာ္ကားျခင္း ဘယ္ေတာ့မွမျပဳပါဘူး။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ချစ်ကြိုက်တာ၊ အတူပျော်ပါးတာတွေက လွယ်တယ်။ တစ်စုံတစ်ဦးနဲ့ အိမ်ထောင်ပြုတာလည်း လွယ်ပါတယ်။ ဒါပေမယ့် အိုအောင်ပေါင်းဖို့ အဲဒီလောက် မလွယ်ပါဘူး။  ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်သည်းခံမှုနဲ့ သဟဇာတဖြစ်မှု ဒါတွေမရှိရင် ဘဝလက်တွဲဖော်နဲ့ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်မှာ မဟုတ်ပါဘူး။  အရင်မျိုးဆက်တုန်းက စုံတွဲ ၇၅% နီးပါးဟာ ဘဝနောက်ဆုံးချိန်အထိ အတူနေကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း အိမ်ထောင်ကွာရှင်းမှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီတော့ အိုအောင်ပေါင်းသင်းဖို့ ဖြစ်နိုင်သေးရဲ့လား။ လက္ခဏာတချို့က…

၁။ စိတ်တူကိုယ်တူ ရှိတယ်လို့ ယူဆပါသလား။ အဲဒါက ခိုင်မြဲတဲ့ အချစ်ရေးဆက်ဆံမှုရဲ့ ပထမဆုံးလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။  မိမိလက်တွဲဖော်နဲ့ ဘာမဆိုလုပ်ဖို့ စိတ်အားထက်သန်ပြီး အတူတကွလုပ်ဆောင်တဲ့ ပျင်းရိမှုတွေ ပျောက်ကွယ်သွားပါတယ်။

၂။ တခြားကြည်နူးနေတဲ့စုံတွဲတွေ ကြည့်တဲ့အခါ မိမိမှာ အကောင်းဆုံးစုံတွဲဘဝပိုင်ဆိုင်ထားပြီမို့ မနာလိုမဖြစ်ပါဘူး။ ပိုက်ဆံရှိတဲ့ အခြားစုံတွဲတွေ မြင်တဲ့အခါ ကိုယ်ဟာ ပျော်ရွှင်မှုအတိနဲ့ လှပတဲ့ဘဝကို ဖြတ်သန်းနေပြီလို့ ခံစားရလို့ လုံးဝစိတ်မပူဘူး။

၃။ တစ်ယောက်ကိုတစ်ယောက် အရှုံးအမြတ်မတွက်၊ ဘယ်တော့မှ မနာလို ဝန်တိုမဖြစ်ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးရင်တောင် အန္တရာယ်ကင်းတဲ့နည်းလမ်းကို ရှာပြီး ပြသနာဖြေရှင်းကြပါတယ်။

၄။ အချင်းချင်း ပြုစုပေးကြတယ်။ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုမှာ ဘဝင်မြင့်မှု သို့မဟုတ် သိမ်ငယ်မှုစိတ်ခံစားချက် မရှိကြပါဘူး။

၅။ ပြောစရာတစ်စုံတစ်ခု အမြဲတမ်း ရှိကြပါတယ်။ ဘာပြောစရာမှမရှိတဲ့အချိန်မှာလည်း အဆင်ပြေတယ်။ အချိန်ကို ဆိတ်ငြိမ်စွာ ကုန်ဆုံးစေတယ်။

၆။ အခြားတစ်စုံတစ်ဦး မိမိတို့ကို ဝေဖန် သို့မဟုတ် မကျေမနပ်ပြောဆိုတဲ့အခါ အချင်းချင်း ကာကွယ်ပေးလေ့ရှိကြပါတယ်။ လက်တွဲဖော်နဲ့ အမှန်တရားကို ပြောဆိုဖို့နဲ့ လျို့ဝှက်ချက်တွေ မျှဝေဖို့ ဘယ်တော့မှမကြောက်ပါဘူး။ မိမိလက်တွဲဖော်လည်း ထိုနည်း၎င်း ဖြစ်ပါတယ်။

၇။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ခြင်းမရှိ သို့မဟုတ် ညည်းငြူခြင်း မရှိဘဲ စိန်ခေါ်မှုတွေ အတူရင်ဆိုင်ဖြတ်သန်းကြတယ်။

၈။ မိမိလက်တွဲဖော် မိမိရူးသွပ်မှုကို ဘယ်တော့မှ မဝေဖန်ဘဲ မိမိလည်း လက်တွဲဖော်ကို ဝေဖန်ခြင်း သို့မဟုတ် စော်ကားခြင်း ဘယ်တော့မှမပြုပါဘူး။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top