iMyanmarHouse.com - Best Property Website for Myanmar
×

ဆာေလာင္မြတ္သိပ္မႈက သင့္ကို မထိန္းမသိမ္း စားေသာက္ေစတတ္ပါတယ္။ ထမင္းကို နည္းနည္းပဲစားျခင္း သုိ႔မဟုတ္ အစာေရွာင္ျခင္းတုိ႔က အလြန္အကြ်ံ စားသုံးမိေစႏိုင္ျပီး ကယ္လုိရီမ်ားတဲ့ အဆာေျပအစားအစာေတြကို အရသာေတြ႔ေစတတ္ပါတယ္။ ဒီအခ်က္ေတြအားလုံးတုိ႔က ဗိုက္အရမ္းဆာေနတဲ့အခ်ိန္ မလုပ္သင့္မစားသင့္တဲ့အရာေတြျဖစ္ ျပီးေတာ့ ကုိယ္ေလးခ်ိန္ေလ်ာ့က်မႈ ဟန္႔တားမယ့္အရာေတြ ျဖစ္ပါတယ္။

၁။ အာလူးေၾကာ္

အာလူးေၾကာ္လုိ အငံဓာတ္ကဲတဲ့ အဆာေျပအစားအစာေတြနဲ႔ ဗုိက္ျဖည့္တဲ့အခါ စိတ္အာသီသေျပေပ်ာက္မႈသာ ေပးပါလိမ့္မယ္။ အစာအိမ္ရဲ႕ တစ္စိတ္တစ္ပုိင္းသာ အာသာဆႏၵေျပေစတဲ့ သေဘာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အာသာျပင္းျပမႈသာ ရိွေနပါလိမ့္မယ္။

၂။ လိေမၼာ္သီးေဖ်ာ္ရည္

ဒီေဖ်ာ္ရည္ေသာက္ျခင္းက ေသြးတြင္းသၾကားဓာတ္ပမာဏ တဟုန္ထိုးတက္ေစျပီး တဒဂၤအာသာေျပမႈသာ ရရိွေစပါတယ္။

၃။ စပ္တဲ့အစားအစာမ်ား

စပ္တဲ့အစားအစာေတြက အစာေျခစနစ္ ကသိကေအာက္ျဖစ္ေစပါလိမ့္မယ္။ စပ္တဲ့အစားအစာေတြက အစာအိမ္အက္ဆစ္ေတြေၾကာင့္ အစာအိမ္အတြင္းမ်က္ႏွာျပင္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေစပါလိမ့္မယ္။

၄။ ေကာ္ဖီ

ေကာ္ဖီက အစာအိမ္ကို အက္ဆစ္ပုိထုတ္ေစပါတယ္။ အစာအိမ္အတြင္းမ်က္ႏွာျပင္ ေရာင္ရမ္းနာက်င္မႈ တုိးျမင့္ေစပါတယ္။

၅။ အားျဖည့္အခ်ဳိရည္

အားျဖည့္အခ်ိဳရည္ေတြမွာ ေဆးသၾကားေတြပါဝင္ျပီး ဆာေလာင္မႈ ေျပေပ်ာက္ေစရာမွာ အဓိကမက်ပါဘူး။ ဒါ့ေၾကာင့္ အစာအိမ္ဟင္းလင္းျဖစ္ေနခ်ိန္ မေသာက္တာ ပိုေကာင္းပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆာလောင်မွတ်သိပ်မှုက သင့်ကို မထိန်းမသိမ်း စားသောက်စေတတ်ပါတယ်။ ထမင်းကို နည်းနည်းပဲစားခြင်း သို့မဟုတ် အစာရှောင်ခြင်းတို့က အလွန်အကျွံ စားသုံးမိစေနိုင်ပြီး ကယ်လိုရီများတဲ့ အဆာပြေအစားအစာတွေကို အရသာတွေ့စေတတ်ပါတယ်။ ဒီအချက်တွေအားလုံးတို့က ဗိုက်အရမ်းဆာနေတဲ့အချိန် မလုပ်သင့်မစားသင့်တဲ့အရာတွေဖြစ် ပြီးတော့ ကိုယ်လေးချိန်လျော့ကျမှု ဟန့်တားမယ့်အရာတွေ ဖြစ်ပါတယ်။

၁။ အာလူးကြော်

အာလူးကြော်လို အငံဓာတ်ကဲတဲ့ အဆာပြေအစားအစာတွေနဲ့ ဗိုက်ဖြည့်တဲ့အခါ စိတ်အာသီသပြေပျောက်မှုသာ ပေးပါလိမ့်မယ်။ အစာအိမ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ အာသာဆန္ဒပြေစေတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် အာသာပြင်းပြမှုသာ ရှိနေပါလိမ့်မယ်။

၂။ လိမ္မော်သီးဖျော်ရည်

ဒီဖျော်ရည်သောက်ခြင်းက သွေးတွင်းသကြားဓာတ်ပမာဏ တဟုန်ထိုးတက်စေပြီး တဒင်္ဂအာသာပြေမှုသာ ရရှိစေပါတယ်။

၃။ စပ်တဲ့အစားအစာများ

စပ်တဲ့အစားအစာတွေက အစာခြေစနစ် ကသိကအောက်ဖြစ်စေပါလိမ့်မယ်။ စပ်တဲ့အစားအစာတွေက အစာအိမ်အက်ဆစ်တွေကြောင့် အစာအိမ်အတွင်းမျက်နှာပြင် စပ်ဖျဉ်းဖျဉ်းဖြစ်စေပါလိမ့်မယ်။

၄။ ကော်ဖီ

ကော်ဖီက အစာအိမ်ကို အက်ဆစ်ပိုထုတ်စေပါတယ်။ အစာအိမ်အတွင်းမျက်နှာပြင် ရောင်ရမ်းနာကျင်မှု တိုးမြင့်စေပါတယ်။

၅။ အားဖြည့်အချိုရည်

အားဖြည့်အချိုရည်တွေမှာ ဆေးသကြားတွေပါဝင်ပြီး ဆာလောင်မှု ပြေပျောက်စေရာမှာ အဓိကမကျပါဘူး။ ဒါ့ကြောင့် အစာအိမ်ဟင်းလင်းဖြစ်နေချိန် မသောက်တာ ပိုကောင်းပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top