iMyanmarHouse.com - Best Property Website for Myanmar
×

သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်သူငယ်ချင်းတွေထဲမှာဖြစ်စေ ဗိုက်ဆာနေရင်တောင် ရေခဲသေတ္တာဆီ လမ်းလျှောက်သွားရမှာပျင်းလို့ မသွားပဲ ဆက်ထိုင်နေတတ်တဲ့သူတွေ၊ သူငယ်ချင်းကို ဖုန်းဆက်ပြီး ပြောစရာရှိပေမယ့် ဖုန်းဆက်ရမှာ ပျင်းလို့ နောက်မှဆက်မယ်ဆိုပြီး လုပ်တတ်သူတွေ၊ ဒါမှမဟုတ် ကြည့်နေတဲ့ ချယ်နယ်လိုင်းက စိတ်ဝင်စားစရာမကောင်းတော့တာကြောင့် လိုင်းပြောင်းချင်ပေမယ့် ရိမုဒ်ကွန်ထရိုးကို ထယူရမှာ ပျင်းလို့ ကြည့်နေတဲ့လိုင်းကိုပဲ ပျင်းပျင်းနဲ့ ဆက်ကြည့်နေတတ်တဲ့လူမျိုးတွေ ရှိကြပါလိမ့်မယ်။ ခု ဒီစတိုရီကိုတောင်မှာ စိတ်ဝင်စားပါလျက်နဲ့ ဖတ်ရမှာပျင်းလို့ဆိုပြီး မဖတ်တာမျိုးပေါ့။ အဲ့ဒီလို အပျင်းကြီးတဲ့ ရာသီခွင် စုစုပေါင်း (၃) မျိုး ရှိပါတယ်။ ကဲ ဘယ်ရာသီခွင်တွေများ ဖြစ်မလဲကြည့်လိုက်ပါဦး။

၁။ Taurus - ပြိဿ       ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ပြိဿ      ရာသီဖွားတွေဟာ သူတို့စိတ်နှစ်ပြီး လုပ်တဲ့အရာတွေအတွက် တကယ့်ကို အကျိုးရလာဒ်ကောင်းတွေ ရတတ်ပေမယ့် များသောအားဖြင့်တော့ လိုအပ်တာထက် အချိန်တွေပိုယူပြီး စိတ်မပါလက်မပါ လုပ်နေကြတာ များပါတယ်။ တစ်ခါတစ်လေ သူတို့စိတ်ထဲ လေးလံတဲ့အရာတွေကို လျှော့ချချင်တဲ့အတွက် တာဝန်ယူရမယ့်အရာတွေကို လက်ရှောင်တတ်ကြသလို တစ်ခုခုကို ငေးကြည့်နေတာမျိုးတွေလည်း မကြာခဏ လုပ်တတ်ကြပါတယ်။ နေထွက်တာကို ငေးနေတာမျိုး၊ အပြင်ဘက်က သစ်ရွက်လေးတွေ လှုပ်နေတာကို ငေးကြည့်နေတာမျိုး၊ ဘာမှမဟုတ်ပဲ ရေခဲသေတ္တာကို ငေးနေတာမျိုးတွေပေါ့။

၂။Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

သိဟ်ရာသီဖွားတွေကတော့ တကယ်ကိုအမိုက်စား အပန်းဖြေခရီးတွေဘာတွေ သွားရတာမျိုး နှစ်ခြိုက်ပေမယ့် ဘ၀ကို ထဲထဲဝင်ဝင် လေးလေးနက်နက် ဖြတ်သန်းဖို့တော့ တွန့်ဆုတ်တတ်သူတွေပါ။ ကိုယ်လုပ်ချင်တာနဲ့ လုပ်ရမှာကို မခွဲခြားတတ်ကြတဲ့ သိဟ်ရာသီဖွားတွေမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် အရာတွေကို လျစ်လျူရှုတတ်တဲ့အကျင့်တွေ ရှိနေပါတယ်။ ဒါ့အပြင် အလိုက်အထိုက်နေတတ်ဖို့လည်း လိုပါသေးတယ်။ အဓိကအချက်ကတော့ ဘ၀အတွက် ဘာလုပ်သင့်တယ်ဆိုတာမျိုးကို ငါဘာလုပ်ချင်တယ်ဆိုတာမျိုးနဲ့ မရောထွေးမိစေဖို့ပါပဲ။

၃။Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်န၀ါရီလ ၁၉ ရက် )

မကာရရာသီဖွားတွေကျတော့ တစ်ပါးသူ သူတို့ကို ဘာပြောမယ်၊ ဘယ်လိုထင်မယ်ဆိုတာကို အမြဲထည့်တွေးတတ်ကြပါတယ်။ ဒီတော့ တစ်ခုခုလုပ်မယ်ဆို မလုပ်ချင်ပါဘူး၊ တော်ပါပြီဆိုတာမျိုးတွေ ဖြစ်လာရော။ လူသားတစ်ဦးဖြစ်တဲ့အတွက် အမြဲတမ်း ပြီးပြည့်စုံနေတာမျိုးတော့ မရနိုင်ပါဘူး။ အရှုံးလည်း ရင်ဆိုင်ရမှာပါပဲ။ တစ်ခါရှုံးဖူးလို့ တစ်သက်လုံး ဘာမှမကြိုးစားချင်တော့ဘူးဆိုတဲ့ စိတ်ကို ဖျောက်သင့်ပါတယ်။ ပျင်းတဲ့စိတ်ရှိနေရင်တောင် အဲ့ဒီပျင်းတဲ့စိတ်အတွက် ကိုယ့်ကိုကိုယ် ဒါပျင်းတာမဟုတ်ဘူး၊ အချိန်ယူနေတာ ဆိုတာမျိုး မကာကွယ်ပါနဲ့။ လူသားဆန်ဆန် နေထိုင်ပြုမူပြီး ကိုယ့်ပန်းတိုင်းဆီကို ပုံမှန်ခြေလှမ်းတွေနဲ့ လှမ်းသွားနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top