iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အရက်လုံးဝရှောင်ပါ။
Credit:(ရွှေအင်းလေး)
Unicode Version
အသည်းအဆီဖုံးခြင်း ၊ အသည်းခြောက်ခြင်း ၊ အသည်းကြီးခြင်း စသဖြင့် အသည်းရောဂါကြောင့် လူပေါင်းများစွာ သေဆုံးနေကြရပါတယ် ။ အသည်းရောဂါဟာ အရက်သောက်တဲ့သူတွေမှာ အဖြစ်များလေ့ရှိသော်လည်း အရက်မသောက်ဘဲနဲ့လည်း မိမိရဲ့ နေထိုင်စားသောက်ပုံ မှားယွင်းမှုကြောင့် အသည်းရောဂါ ရနိုင်ပါတယ် ။ ဒါ့ကြောင့် အသည်းကျန်းမာရေးအတွက် လိုအပ်သော အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အရက်လုံးဝရှောင်ပါ။
၂။ ဖြစ်နိုင်လျှင် ဆေးလိပ်သောက်ခြင်းကိုလည်း မလုပ်ပါနှင့်။
၃။အသည်းကိုသန့်စင်ပေးတဲ့ အစားအစာများကိုစားပါ ။ ဥပမာ - ကြက်သွန်ဖြူ ၊ နနွင်း ၊ ပန်းသီး ၊ ဂရိပ်ဖရုသ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ သံပုယိုသီး၊သစ်ကြားသီး စသည်တို့ကို စားပေးသင့်ပါသည်။
၄။နေ့စဉ် Green Tea ကို နှစ်ခွက် မှ သုံးခွက်အထိ ပုံမှန်သောက်ပါ။
၅။ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ စားသုံးပါ။ လိမ္မော်သီး ၊သံပုရာသီး ၊ စတော်ဘယ်ရီ ၊ သင်္ဘောသီး ၊ စပျစ်သီး၊နာနတ်သီး စတဲ့ အသီးတွေဟာ ဗီတာမင်စီ ကြွယ်ဝပါတယ်။
၆။ အသားစားခြင်း နဲ့ အငန်စားခြင်းကို သတ်သတ်မှတ်မှတ်ထား၍ သုံးဆောင်ပါ။
၇။ အသင့်စား အစားအသောက်များကို တတ်နိုင်သလောက် ရှောင်ကြည်ပါ။
၈။နေ့စဉ် လမ်းလျှောက်ခြင်း ၊ ရေကူးခြင်း ၊ ပြေးခြင်း ၊ ယောဂကစားခြင်း စသဖြင့် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန် လုပ်ဆောင်ပါ။
၉။ဝမ်းချုပ်ခြင်းမဖြစ်အောင် သတိထား နေထိုင်ပါ။
၁၀။ ကိုလက်စထရော မများအောင် ကျန်းမာရေးနဲ့အညီ နေထိုင်ပါ။
၁၁။ ခန္ဓာကိုယ် အဆီပိုတွေများနေလျှင် ဝိတ်လျှော့ပါ။
၁၂။ဆီးချိုရှိလျှင် သွေးတွင်းသကြားဓါတ်ကို မများအောင် သတိထားထိန်းသိမ်းပါ။
Credit:(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top