iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုကလည္း ပူလာၿပီ။ နည္းနည္းေလာက္ အျပင္ထြက္တာနဲ႔ ေခၽြးေတြကထြက္ စိတ္ေတြ႐ႈပ္လာၿပီ။ ေရေအးေအးေလး မေသာက္ခ်င္ေတာ့ဘူး။ ေရခဲမုန္႔ေျပာင္းစားခ်င္တယ္။ ခ်ိဳခ်ိဳေအးေအးေလးနဲ႔ အေမာေျပသြားတဲ့ ေရခဲမုန္႔ဟာ ေႏြရာသီနဲ႔ အလုိက္ဖက္ဆံုး စားစရာပါပဲ။ ေရခဲမုန္႔စားခ်င္လို႔ အေၾကာင္းျပခ်က္ ႐ွာေနတယ္ဆုိရင္ေတာ့ ဒါေတြက အေကာင္းဆံုး အေၾကာင္းျပခ်က္ေတြျဖစ္ပါလိမ့္မယ္။

၁။ ဗီတာမင္နဲ႔သတၱဳဓာတ္

ဗီတာမင္ A, B6, B12, C, D နဲ႔ ဗီတာမင္ E တုိ႔ ပါဝင္ေနတာကို သိပါသလား။ ဒါ့အျပင္ ဗီတာမင္ K လည္း ပါဝင္ေနတာမို႔လို႔ ေသြးခဲျခင္းကို ကာကြယ္ေပးပါတယ္။ ႏိုင္ယာစင္ (niacin)၊ သိုင္ယာမိုင္း (thiamine) နဲ႔ ရစ္ဘိုဖလာဗင္ (riboflavin) တုိ႔လို သတၱဳဓာတ္ေတြလည္း ပါဝင္ပါတယ္။ ကယ္လ္ဆီယံ (calcium) နဲ႔ ေဖာ့စ္ေဖာရပ္စ္ (phosphorus) တို႔လို ခႏၶာကိုယ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ သတၱဳဓာတ္ေတြလည္း ပါဝင္ပါတယ္။ ဒါေတြက အ႐ိုးေတြကိုသန္မာေစၿပီး ဆီးေက်ာက္တည္ျခင္းကေနလည္း ကာကြယ္ေပးပါတယ္။

၂။ ခႏၶာကိုယ္စြမ္းအင္ကိုအေထာက္ကူျပဳ

ေရခဲမုန္႔လုပ္တဲ့အခါ ႏို႔၊ သၾကားနဲ႔ အျခား အာရျဖစ္ေစတဲ့ပစၥည္းေတြလည္း ထည့္သြင္းျပဳလုပ္ရပါတယ္။ အဲ့ဒီအာဟာရတန္ဖိုးေတြက ခႏၶာကိုယ္အတြက္ ခြန္အားျဖစ္ေစပါတယ္။ ကစီဓာတ္၊ အဆီနဲ႔ ပ႐ိုတင္းဓာတ္ေတြဟာ လူကို အား႐ွိေစတယ္ေလ။

၃။ စိတ္ကိုေပ်ာ္႐ႊင္ေစ

ေရခဲမုန္႔စားလိုက္တဲ့အခါ thrombotonin ဆုိတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထြက္လာေအာင္ ဦးေႏွာက္ကေန လႈံ႕ေဆာ္ေပးပါတယ္။ ဒီေဟာ္မုန္းက စိတ္ကိုေပ်ာ္ရႊင္ေစၿပီး စိတ္ဓာတ္က်တာေတြကို ေလ်ာ့က်သြားေစပါတယ္။ ေရခဲမုန္႔မွာပါဝင္တဲ့ ႏို႔က အာ႐ံုေၾကာစနစ္ကို အနားရေအာင္ ကူညီေပးပါတယ္။ ဒါေၾကာင့္မို႔လို႔ ေရခဲမုန္႔စားၿပီးတဲ့အခါ စိတ္သက္ေတာင့္သက္သာျဖစ္ၿပီး အိပ္စက္ဖို႔လည္း လြယ္ကူသြားတယ္ေလ။ စိတ္ညစ္ေနတဲ့အခ်ိန္မ်ိဳးမွာ ေရခဲမုန္႔ေလးစားလိုက္ရင္ ေနလို႔ေကာင္းသြားမွာပါ။



Credit :Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီဥတုကလည်း ပူလာပြီ။ နည်းနည်းလောက် အပြင်ထွက်တာနဲ့ ချွေးတွေကထွက် စိတ်တွေရှုပ်လာပြီ။ ရေအေးအေးလေး မသောက်ချင်တော့ဘူး။ ရေခဲမုန့်ပြောင်းစားချင်တယ်။ ချိုချိုအေးအေးလေးနဲ့ အမောပြေသွားတဲ့ ရေခဲမုန့်ဟာ နွေရာသီနဲ့ အလိုက်ဖက်ဆုံး စားစရာပါပဲ။ ရေခဲမုန့်စားချင်လို့ အကြောင်းပြချက် ရှာနေတယ်ဆိုရင်တော့ ဒါတွေက အကောင်းဆုံး အကြောင်းပြချက်တွေဖြစ်ပါလိမ့်မယ်။

၁။ ဗီတာမင်နဲ့သတ္တုဓာတ်

ဗီတာမင် A, B6, B12, C, D နဲ့ ဗီတာမင် E တို့ ပါဝင်နေတာကို သိပါသလား။ ဒါ့အပြင် ဗီတာမင် K လည်း ပါဝင်နေတာမို့လို့ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။ နိုင်ယာစင် (niacin)၊ သိုင်ယာမိုင်း (thiamine) နဲ့ ရစ်ဘိုဖလာဗင် (riboflavin) တို့လို သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယံ (calcium) နဲ့ ဖော့စ်ဖောရပ်စ် (phosphorus) တို့လို ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါတွေက အရိုးတွေကိုသန်မာစေပြီး ဆီးကျောက်တည်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

၂။ ခန္ဓာကိုယ်စွမ်းအင်ကိုအထောက်ကူပြု

ရေခဲမုန့်လုပ်တဲ့အခါ နို့၊ သကြားနဲ့ အခြား အာရဖြစ်စေတဲ့ပစ္စည်းတွေလည်း ထည့်သွင်းပြုလုပ်ရပါတယ်။ အဲ့ဒီအာဟာရတန်ဖိုးတွေက ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေပါတယ်။ ကစီဓာတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တွေဟာ လူကို အားရှိစေတယ်လေ။

၃။ စိတ်ကိုပျော်ရွှင်စေ

ရေခဲမုန့်စားလိုက်တဲ့အခါ thrombotonin ဆိုတဲ့ ဟော်မုန်းတစ်မျိုး ထွက်လာအောင် ဦးနှောက်ကနေ လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းက စိတ်ကိုပျော်ရွှင်စေပြီး စိတ်ဓာတ်ကျတာတွေကို လျော့ကျသွားစေပါတယ်။ ရေခဲမုန့်မှာပါဝင်တဲ့ နို့က အာရုံကြောစနစ်ကို အနားရအောင် ကူညီပေးပါတယ်။ ဒါကြောင့်မို့လို့ ရေခဲမုန့်စားပြီးတဲ့အခါ စိတ်သက်တောင့်သက်သာဖြစ်ပြီး အိပ်စက်ဖို့လည်း လွယ်ကူသွားတယ်လေ။ စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ရေခဲမုန့်လေးစားလိုက်ရင် နေလို့ကောင်းသွားမှာပါ။



Credit :Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top