iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးခ်င္း လိင္တူ ဆက္ဆံသူေတြ ဟာလည္း လိင္ဆက္ဆံ မႈေၾကာင့္ ကူးစက္တဲ့ ေရာဂါေတြနဲ႔ အျခားေသာ က်န္းမာ ေရး ျပႆနာေတြ အေတာ္ မ်ားမ်ား ေတြ႔ရ တာမို႔ အရမ္းကို အႏၱရာယ္ မ်ားတဲ့ အမူအက်င့္ တခု ျဖစ္ပါတယ္။

ဒါေပမယ့္ အမ်ိဳးသမီး လိင္တူ ဆက္ဆံသူ ေတြရဲ႕ က်န္းမာေရး ဆိုင္ရာ ေနာက္ဆက္တြဲနဲ႔ ပတ္သက္လို႔ စနစ္တက် ေလ့လာ မွတ္တမ္းတင္ မႈက နည္းပါးပါတယ္။ က်န္းမာေရးဆုိင္ရာ ရႈေထာင့္ မွာလည္း အမ်ဳိးသမီးခ်င္း လိင္တူ ဆက္ဆံ မႈကုိ ဂရုျပဳမႈ နည္းပါး ၾကသလုိ ဒါကို ကူးစက္ ေရာဂါေတြ ပ်ံ႕ႏွံ႔ျဖစ္ ပြားႏုိင္တဲ့ အမူအက်င့္ လို႔လည္း မျမင္ၾကပါဘူး။

အမ်ဳိးသားလိင္တူ ဆက္ဆံသူေတြ ထက္ေတာ့ အမ်ဳိးသမီးခ်င္း လိင္တူ ဆက္ဆံမႈက အႏၲရာယ္ မမ်ားဘူးလို႔ေတာ့ ဆုိႏုိင္ပါတယ္။ အမ်ဳိးသမီး ခ်င္း လိင္တူ ဆက္ဆံတယ္ ဆုိေပမယ့္ အဲဒီ အမ်ဳိးသမီး ေတြက အမ်ဳိးသားေတြနဲ႔ မကင္းလြတ္ ၾကပါဘူး။ ဒီတပတ္ လိင္မႈဆုိင္ရာ ပညာေပးမႈ အျဖစ္ အမ်ဳိးသမီးခ်င္း လိင္တူ ဆက္ဆံျခင္း ေနာက္ကြယ္မွ အႏၱရာယ္ မ်ားကို တင္ျပ လိုက္ပါတယ္။

အမ်ဳိးသမီးခ်င္းလိင္တူဆက္ဆံမႈဆုိတာ
အမ်ိဳးသမီးခ်င္း လိင္တူ ဆက္ဆံသူ အေရအတြက္က အမ်ိဳးသားခ်င္း လိင္တူဆက္ဆံသူ အေရ အတြက္ထက္ နည္းေန တာေၾကာင့္လည္း ျဖစ္ပါ တယ္။ ဒါ့အျပင္ အမ်ိဳးသမီး လိင္တူ ဆက္ဆံ သူေတြက အမ်ိဳးသားေတြလို လိင္ဆက္ဆံဖက္ မ်ားတာမ်ိဳး၊ ျပင္းထန္ အစြန္း ေရာက္တဲ့ ဆက္ဆံမႈမ်ိဳး ရွိၾကတယ္လို႔ အေထာက္ အထား မျပသႏိုင္ပါဘူး။

အမ်ိဳးသမီးခ်င္းလိင္တူဆက္ဆံသူ သို႔မဟုတ္ အမ်ိဳးသမီးခ်င္း ခ်စ္ခင္ႏွစ္သက္သူ အျဖစ္ တိတိက်က် သတ္မွတ္ႏိုင္ဖို႔ မလြယ္ကူ တာပဲ ျဖစ္ပါတယ္။

ေလ့လာမူေတြအရ မိမိကိုယ္မိမိ အမ်ိဳးသမီးခ်င္း လိင္တူ ဆက္ဆံသူ ပါလို႔ ဖြင့္ဟ ၀န္ခံခဲ့သူ အမ်ိဳးသမီးေတြ ထဲက အမ်ားစုက အမ်ိဳးသားေတြ နဲ႔လည္း လိင္ဆက္ဆံ မႈေတြရွိ ေန လို႔ ျဖစ္ပါတယ္။

သူတို႔ထဲက ၇ ရာခိုင္ႏႈန္း ကသာ အမ်ိဳးသားေတြနဲ႔ လိင္ဆက္ဆံမႈ လံုး၀ မျပဳခဲ့ဖူး သူေတြ ျဖစ္တယ္ ဆိုတာ ကို လိင္ေၾကာင့္ ကူးစက္ တတ္တဲ့ ေရာဂါေတြကို သုေတသနျပဳေနတဲ့ ၾသစေၾတးလ် ႏိုင္ငံက သုေတသီေတြ က ေတြ႔ ရွိခဲ့ ရပါတယ္။

သူတို႔ရဲ႕ ေလ့လာမႈအရ အမ်ိဳးသမီးခ်င္း လိင္တူ ဆက္ဆံမႈ ျပဳတတ္တဲ့ မိန္းမေတြဟာ အမ်ိဳးသားေတြနဲ႔ လည္း လိင္ဆက္ဆံ မႈရွိ႐ံုသာ မက အမ်ိဳးသား အေျမာက္ အမ်ားနဲ႔ ပတ္သက္ေန သူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

သူတို႔ရဲ႕ အမ်ိဳးသား အေဖာ္ အေရ အတြက္ဟာ သာမန္အမ်ိဳးသမီး (အမ်ိဳးသားမ်ားနဲ႔သာ လိင္ကြဲ ဆက္ဆံမႈ ျပဳေလ့ရွိသူ) ေတြရဲ႕ အမ်ိဳးသား အေဖာ္ အေရ အတြက္ ရဲ႕ ၂ဆ ရွိတယ္ လို႔သိရပါတယ္။

က်န္းမာေရး အႏၱရာယ္မ်ား

အမ်ဳိးသမီးခ်င္း လိင္တူ ဆက္ဆံ သူေတြမွာ အဓိက ႀကဳံရတဲ့ က်န္းမာေရး ျပႆနာေတြ ကေတာ့ အမ်ိဳးသမီး အဂၤါက အရည္ဆင္းျခင္း၊ အသည္းေရာင္ ဘီပိုးနဲ႔ စီပိုး ကူးစက္မႈေတြ ျဖစ္ေပၚေလ့ ရွိပါတယ္။ အမ်ဳိးသမီး လိင္တူ ဆက္ဆံ သူေတြမွာ ေတြ႕ရတဲ့ အမူ အက်င့္ေတြက ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ မူးယစ္ေဆး သံုးစြဲျခင္း တုိ႔ပဲျဖစ္ပါတယ္။

ျပည့္တန္ဆာ အေတာ္ မ်ားမ်ားကလည္း အမ်ဳိးသမီးခ်င္း လိင္တူ ဆက္ဆံတဲ့ အမူ အက်င့္ကုိ က်င့္သုံးေလ့ ရွိၾကပါတယ္။

ေလ့လာမႈ တခုအရ အမ်ိဳးသမီး ခ်င္းသာ လိင္တူ ဆက္ဆံခဲ့တဲ့ အမ်ိဳးသမီး ေတြထဲက ၃၀ ရာခိုင္ႏႈန္း
 ေလာက္ဟာ အမ်ိဳးသမီး အဂၤါက အရည္ဆင္းတဲ့ ေရာဂါ ရေနတယ္လို႔ ေတြ႔ရွိ ခဲ့ရ ပါတယ္။ ဒီေရာဂါေၾကာင့္ တင္ပါးဆံုတြင္း အဂၤါမ်ား ေယာင္ရမ္းတဲ့ ေရာဂါ ျဖစ္ေစႏိုင္ သလို တျခား လိင္ဆက္ဆံ မႈေၾကာင့္ ကူး စက္ႏိုင္တဲ့ ေရာဂါေတြနဲ႔လည္း ဆက္စပ္ ေနပါတယ္။

က်န္းမာေရး သုေတသီေတြရဲ႕ အဆုိအရ အမ်ိဳးသမီးခ်င္း လိင္တူ ဆက္ဆံသူေတြ ၾကားမွာ လိင္အဂၤါ အနာျဖစ္တာ၊ ၾကြက္ႏို႔ျဖစ္တာ၊ ေရယုန္ ျဖစ္ပြားတာေတြ႔ ရတယ္လုိ႔ ဆုိပါတယ္။

အမ်ိဳးသမီးခ်င္းသာ လိင္ ဆက္ဆံမႈ ျပဳလုပ္ ဖူးၿပီး အမ်ိဳးသားေတြနဲ႔ လိင္ဆက္ဆံမႈ လံုး၀ မလုပ္ဖူးတဲ့ အမ်ိဳးသမီး ေတြမွာလည္း Human Papilloma Virus (HPV)၊ Trichomoniasis နဲ႔ စအို နဲ႔ လိင္လမ္းေၾကာင္းမွာ ၾကြက္ႏို႔ ေတြ ေတြ႔ရတယ္လို႔ သုေတသီေတြက ဆုိပါတယ္။

Original link - http://burma.irrawaddy.com/article/2015/05/30/75710.html

Credit:Burma.Irrawaddy
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူတွေ ဟာလည်း လိင်ဆက်ဆံ မှုကြောင့် ကူးစက်တဲ့ ရောဂါတွေနဲ့ အခြားသော ကျန်းမာ ရေး ပြဿနာတွေ အတော် များများ တွေ့ရ တာမို့ အရမ်းကို အန္တရာယ် များတဲ့ အမူအကျင့် တခု ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသမီး လိင်တူ ဆက်ဆံသူ တွေရဲ့ ကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲနဲ့ ပတ်သက်လို့ စနစ်တကျ လေ့လာ မှတ်တမ်းတင် မှုက နည်းပါးပါတယ်။ ကျန်းမာရေးဆိုင်ရာ ရှုထောင့် မှာလည်း အမျိုးသမီးချင်း လိင်တူ ဆက်ဆံ မှုကို ဂရုပြုမှု နည်းပါး ကြသလို ဒါကို ကူးစက် ရောဂါတွေ ပျံ့နှံ့ဖြစ် ပွားနိုင်တဲ့ အမူအကျင့် လို့လည်း မမြင်ကြပါဘူး။

အမျိုးသားလိင်တူ ဆက်ဆံသူတွေ ထက်တော့ အမျိုးသမီးချင်း လိင်တူ ဆက်ဆံမှုက အန္တရာယ် မများဘူးလို့တော့ ဆိုနိုင်ပါတယ်။ အမျိုးသမီး ချင်း လိင်တူ ဆက်ဆံတယ် ဆိုပေမယ့် အဲဒီ အမျိုးသမီး တွေက အမျိုးသားတွေနဲ့ မကင်းလွတ် ကြပါဘူး။ ဒီတပတ် လိင်မှုဆိုင်ရာ ပညာပေးမှု အဖြစ် အမျိုးသမီးချင်း လိင်တူ ဆက်ဆံခြင်း နောက်ကွယ်မှ အန္တရာယ် များကို တင်ပြ လိုက်ပါတယ်။

အမျိုးသမီးချင်းလိင်တူဆက်ဆံမှုဆိုတာ

အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူ အရေအတွက်က အမျိုးသားချင်း လိင်တူဆက်ဆံသူ အရေ အတွက်ထက် နည်းနေ တာကြောင့်လည်း ဖြစ်ပါ တယ်။ ဒါ့အပြင် အမျိုးသမီး လိင်တူ ဆက်ဆံ သူတွေက အမျိုးသားတွေလို လိင်ဆက်ဆံဖက် များတာမျိုး၊ ပြင်းထန် အစွန်း ရောက်တဲ့ ဆက်ဆံမှုမျိုး ရှိကြတယ်လို့ အထောက် အထား မပြသနိုင်ပါဘူး။

အမျိုးသမီးချင်းလိင်တူဆက်ဆံသူ သို့မဟုတ် အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သူ အဖြစ် တိတိကျကျ သတ်မှတ်နိုင်ဖို့ မလွယ်ကူ တာပဲ ဖြစ်ပါတယ်။

လေ့လာမူတွေအရ မိမိကိုယ်မိမိ အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူ ပါလို့ ဖွင့်ဟ ဝန်ခံခဲ့သူ အမျိုးသမီးတွေ ထဲက အများစုက အမျိုးသားတွေ နဲ့လည်း လိင်ဆက်ဆံ မှုတွေရှိ နေ လို့ ဖြစ်ပါတယ်။

သူတို့ထဲက ၇ ရာခိုင်နှုန်း ကသာ အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှု လုံး၀ မပြုခဲ့ဖူး သူတွေ ဖြစ်တယ် ဆိုတာ ကို လိင်ကြောင့် ကူးစက် တတ်တဲ့ ရောဂါတွေကို သုတေသနပြုနေတဲ့ သြစတြေးလျ နိုင်ငံက သုတေသီတွေ က တွေ့ ရှိခဲ့ ရပါတယ်။

သူတို့ရဲ့ လေ့လာမှုအရ အမျိုးသမီးချင်း လိင်တူ ဆက်ဆံမှု ပြုတတ်တဲ့ မိန်းမတွေဟာ အမျိုးသားတွေနဲ့ လည်း လိင်ဆက်ဆံ မှုရှိရုံသာ မက အမျိုးသား အမြောက် အများနဲ့ ပတ်သက်နေ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့ အမျိုးသား အဖော် အရေ အတွက်ဟာ သာမန်အမျိုးသမီး (အမျိုးသားများနဲ့သာ လိင်ကွဲ ဆက်ဆံမှု ပြုလေ့ရှိသူ) တွေရဲ့ အမျိုးသား အဖော် အရေ အတွက် ရဲ့ ၂ဆ ရှိတယ် လို့သိရပါတယ်။

ကျန်းမာရေး အန္တရာယ်များ

အမျိုးသမီးချင်း လိင်တူ ဆက်ဆံ သူတွေမှာ အဓိက ကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေ ကတော့ အမျိုးသမီး အင်္ဂါက အရည်ဆင်းခြင်း၊ အသည်းရောင် ဘီပိုးနဲ့ စီပိုး ကူးစက်မှုတွေ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အမျိုးသမီး လိင်တူ ဆက်ဆံ သူတွေမှာ တွေ့ရတဲ့ အမူ အကျင့်တွေက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း တို့ပဲဖြစ်ပါတယ်။

ပြည့်တန်ဆာ အတော် များများကလည်း အမျိုးသမီးချင်း လိင်တူ ဆက်ဆံတဲ့ အမူ အကျင့်ကို ကျင့်သုံးလေ့ ရှိကြပါတယ်။

လေ့လာမှု တခုအရ အမျိုးသမီး ချင်းသာ လိင်တူ ဆက်ဆံခဲ့တဲ့ အမျိုးသမီး တွေထဲက ၃၀ ရာခိုင်နှုန်း

 လောက်ဟာ အမျိုးသမီး အင်္ဂါက အရည်ဆင်းတဲ့ ရောဂါ ရနေတယ်လို့ တွေ့ရှိ ခဲ့ရ ပါတယ်။ ဒီရောဂါကြောင့် တင်ပါးဆုံတွင်း အင်္ဂါများ ယောင်ရမ်းတဲ့ ရောဂါ ဖြစ်စေနိုင် သလို တခြား လိင်ဆက်ဆံ မှုကြောင့် ကူး စက်နိုင်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ် နေပါတယ်။

ကျန်းမာရေး သုတေသီတွေရဲ့ အဆိုအရ အမျိုးသမီးချင်း လိင်တူ ဆက်ဆံသူတွေ ကြားမှာ လိင်အင်္ဂါ အနာဖြစ်တာ၊ ကြွက်နို့ဖြစ်တာ၊ ရေယုန် ဖြစ်ပွားတာတွေ့ ရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးချင်းသာ လိင် ဆက်ဆံမှု ပြုလုပ် ဖူးပြီး အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှု လုံး၀ မလုပ်ဖူးတဲ့ အမျိုးသမီး တွေမှာလည်း Human Papilloma Virus (HPV)၊ Trichomoniasis နဲ့ စအို နဲ့ လိင်လမ်းကြောင်းမှာ ကြွက်နို့ တွေ တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Original link - http://burma.irrawaddy.com/article/2015/05/30/75710.html


Credit:Burma.Irrawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top