iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ျပဳလုပ္ေလ့ရွိတဲ့ အေၾကာင္းအရာေတြထဲမွာ သတိမျပဳတဲ့ က်န္းမာေရးအတြက္ အေႏွာင့္အယွက္ျဖစ္ေစတဲ့ အမွားေသးေသးမႊားမႊားေလးေတြ ရွိေနတတ္ပါတယ္။ ဒီထဲကမွ အျမဲလိုလို ျပဳလုပ္မိတတ္တဲ့ ကိစၥေသးေသးေလး (၄) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

ေခါင္းေလွ်ာ္ရည္ မ်ားမ်ား အသံုးျပဳၿပီး ေခါင္းေလွ်ာ္တာဟာ အျမွဳပ္မ်ားမ်ားထြက္တာေၾကာင့္ ဆံပင္မွာရွိတဲ့ အညစ္အေၾကးေတြ ပိုမိုသန္႔စင္ေစၿပီး စိုစြတ္မႈေတြ ေပးစြမ္းႏိုင္တယ္လို႔ ယူဆၾကၿပီး ေခါင္းေလွ်ာ္ရည္မ်ားမ်ားနဲ႔ ေလွ်ာ္ၾကပါတယ္။ တကယ္ေတာ့ ေခါင္းေလွ်ာ္ရည္မွာ ပါ၀င္တဲ့ ဓာတုပစၥည္းေတြဟာ ဆံပင္ရဲ႕ နဂိုမူလရွိတဲ့အေရာင္ကို ေလ်ာ့က်ေစၿပီး ေျခာက္ေသြ႔ျခင္းကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ရည္မ်ားမ်ား အသံုးျပဳတဲ့ အက်င့္ကို ေမ့ပစ္လုိက္တာက အေကာင္းဆံုးပါပဲ။

ေရခ်ိဳးတဲ့အခါမွာ ခႏၶာကိုယ္မွာရွိတဲ့ ေခ်း(ေဂ်း) ေတြ ဖယ္ရွားဖို႔အတြက္ ပိုက္ေပ်ာ့ေပ်ာ့ေလးနဲ႔ ျပဳလုပ္ထားတဲ့ ေခ်း(ေဂ်း)တြန္းတဲ့ အဖတ္ေလးေတြ အသံုးျပဳေလ့ရွိပါတယ္။ အသံုးျပဳၿပီးတဲ့အခါ ေရစိုစိုနဲ႔ တိုင္မွာ ခ်ိတ္ထားတတ္ၾကပါတယ္။ ေရစိုေနတဲ့ အဖတ္မွာ ဘက္တီးရီးယားေတြ ေနတတ္ၾကပါတယ္။ ဘက္တီးရီးယားေတြ ရွိေနတဲ့ အဖတ္နဲ႔ အေရျပားကို ထိေတြ႔မယ္ဆိုရင္ အေရျပားယားယံျခင္းနဲ႔ နီျမန္းျခင္းေတြ ျဖစ္ေစပါတယ္။

ဂြမ္းစေလးနဲ႔ ျပဳလုပ္ထားတဲ့ နားဖာေခ်း(ေဂ်း) ဖယ္ရွားတဲ့ အေခ်ာင္းေလးေတြဟာ နားထဲကို ပိုးမႊားမ်ား ၀င္ေရာက္ဖို႔ အခြင့္အလမ္းမ်ားတာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။

အစားစားၿပီးတဲ့အခါ ပလုတ္က်င္းတာက ေကာင္းတဲ့အေလ့အက်င့္ဆိုေပမယ့္ အစားစားၿပီးၿပီးခ်င္း သြားတိုက္တာကေတာ့ မေကာင္းပါဘူး။ အစားစားၿပီးၿပီးခ်င္း သြားတိုက္တာဟာ သြားေတြရဲ႕ၾကံခိုင္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အနည္းဆံုးေတာ့ နာရီ၀က္ေလာက္ ျခားၿပီးမွ သြားတိုက္သင့္ပါတယ္။

Credit : momolay
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့စဉ်ပြုလုပ်လေ့ရှိတဲ့ အကြောင်းအရာတွေထဲမှာ သတိမပြုတဲ့ ကျန်းမာရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အမှားသေးသေးမွှားမွှားလေးတွေ ရှိနေတတ်ပါတယ်။ ဒီထဲကမှ အမြဲလိုလို ပြုလုပ်မိတတ်တဲ့ ကိစ္စသေးသေးလေး (၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။

ခေါင်းလျှော်ရည် များများ အသုံးပြုပြီး ခေါင်းလျှော်တာဟာ အမြှုပ်များများထွက်တာကြောင့် ဆံပင်မှာရှိတဲ့ အညစ်အကြေးတွေ ပိုမိုသန့်စင်စေပြီး စိုစွတ်မှုတွေ ပေးစွမ်းနိုင်တယ်လို့ ယူဆကြပြီး ခေါင်းလျှော်ရည်များများနဲ့ လျှော်ကြပါတယ်။ တကယ်တော့ ခေါင်းလျှော်ရည်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆံပင်ရဲ့ နဂိုမူလရှိတဲ့အရောင်ကို လျော့ကျစေပြီး ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်များများ အသုံးပြုတဲ့ အကျင့်ကို မေ့ပစ်လိုက်တာက အကောင်းဆုံးပါပဲ။

ရေချိုးတဲ့အခါမှာ ခန္ဓာကိုယ်မှာရှိတဲ့ ချေး(ဂျေး) တွေ ဖယ်ရှားဖို့အတွက် ပိုက်ပျော့ပျော့လေးနဲ့ ပြုလုပ်ထားတဲ့ ချေး(ဂျေး)တွန်းတဲ့ အဖတ်လေးတွေ အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပြီးတဲ့အခါ ရေစိုစိုနဲ့ တိုင်မှာ ချိတ်ထားတတ်ကြပါတယ်။ ရေစိုနေတဲ့ အဖတ်မှာ ဘက်တီးရီးယားတွေ နေတတ်ကြပါတယ်။ ဘက်တီးရီးယားတွေ ရှိနေတဲ့ အဖတ်နဲ့ အရေပြားကို ထိတွေ့မယ်ဆိုရင် အရေပြားယားယံခြင်းနဲ့ နီမြန်းခြင်းတွေ ဖြစ်စေပါတယ်။

ဂွမ်းစလေးနဲ့ ပြုလုပ်ထားတဲ့ နားဖာချေး(ဂျေး) ဖယ်ရှားတဲ့ အချောင်းလေးတွေဟာ နားထဲကို ပိုးမွှားများ ဝင်ရောက်ဖို့ အခွင့်အလမ်းများတာကြောင့် ရှောင်ရှားသင့်ပါတယ်။

အစားစားပြီးတဲ့အခါ ပလုတ်ကျင်းတာက ကောင်းတဲ့အလေ့အကျင့်ဆိုပေမယ့် အစားစားပြီးပြီးချင်း သွားတိုက်တာကတော့ မကောင်းပါဘူး။ အစားစားပြီးပြီးချင်း သွားတိုက်တာဟာ သွားတွေရဲ့ကြံခိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အနည်းဆုံးတော့ နာရီဝက်လောက် ခြားပြီးမှ သွားတိုက်သင့်ပါတယ်။

Credit : momolay

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top