iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေလးေယာက္မွာ အနည္းဆံုးတစ္ေယာက္ခန္႔ဟာ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာကို ပံုမွန္ခံစားရေလ့ ရိွပါတယ္။ ေလ့လာမႈေတြအရ ေခါင္းတစ္ျခမ္းကိုက္သူေတြရဲ႕ ၉၁ ရာခိုင္ႏႈန္းဟာ ထိထိေရာက္ေရာက္ သက္သာမႈ မရရိွဘူးလို႔ သိရပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာမခံစားရေအာင္ ေအာက္ပါတို႔ကိုျပဳလုပ္ၾကည့္ပါ။

နံပါတ္တစ္ လႈံ႕ေဆာ္သည့္အရာကို ရပ္တန္႔လိုက္ပါ

ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာျဖစ္ေစတဲ့ အေၾကာင္းအရင္းနံပါတ္တစ္ဟာ စိတ္ဖိစီးမႈပါ။ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာျဖစ္တတ္တဲ့ အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈမ်ားလြန္းရင္ တစ္ပတ္အတြင္း ခုနစ္ႀကိမ္ခန္႔ attack ရႏိုင္ပါတယ္။ ဒါေပမဲ့ ေန႔စဥ္ မိနစ္၃၀ခန္႔ ဖိစီးမႈေျဖေလွ်ာ့တဲ့ နည္းလမ္းေတြ အသံုးျပဳခဲ့ရင္ attack ျဖစ္ခ်ိန္ ထက္ဝက္ခန္႔ ေလ်ာ့သြားပါတယ္။

စိတ္ဖိစီးမႈေလ်ာ့က်တဲ့ နည္းလမ္းကို ပံုမွန္အသံုးျပဳတာေၾကာင့္ နာက်င္မႈျဖစ္ေအာင္ လႈံ႕ေဆာ္တဲ့ ဖိစီးမႈေဟာ္မုန္း ထုတ္လုပ္မႈ ေလ်ာ့က်ႏိုင္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ေရေႏြးနဲ႔ေရစိမ္ခ်ိဳးတာ၊ အသက္ျပင္းျပင္း ႐ွဴသြင္း႐ွဴထုတ္လုပ္တာ၊ စာေရးတာလုိမ်ိဳး ဖိစီးမႈေလ်ာ့က်ေစတာေတြကို ျပဳလုပ္ေပးပါ။

အဓိက ေရာဂါလကၡဏာမ်ားကို ဆရာဝန္အားေျပာျပပါ

ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာခံစားရသူေတြအားလံုးရဲ႕ ထက္ဝက္နီးပါးေလာက္သာ တိက်တဲ့ေရာဂါ သတ္မွတ္တာကို ရရိွၿပီး က်န္သူေတြဟာ သူတို႔ကိုယ္သူတို႔ ဖိစီးမႈေၾကာင့္ ေခါင္းကိုက္တာ(Tension Headache)လို႔ ထင္မွတ္ၾကတယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ဒါေၾကာင့္ ေရာဂါအမွန္သိရိွဖို႔ ေအာက္ပါလကၡဏာေတြ တစ္ခုခု သင့္မွာ ရိွေနရင္ ဆရာဝန္ကိုေျပာျပပါ။

- ေလးနာရီမွ ၇၂နာရီ ၾကာတဲ့အထိ ေခါင္းကိုက္ေနရင္

- ထိုးထိုးၿပီး ေခါင္းကိုက္ေနရင္ (ေသြးတိုးေနသလို)

- အလင္းေရာင္ ဒါမွမဟုတ္ အသံဒဏ္ကို မခံနိုင္ရင္

- ေခါင္းကိုက္ေနစဥ္ ပ်ိဳ႕လာရင္

Attack ျဖစ္ခ်ိန္ေလ်ာ့ေအာင္ ဗီတာမင္ B ေသာက္ပါ

ဗီတာမင္ B2 ၄၀၀ မီလီဂရမ္ကို ေန႔စဥ္ေသာက္ေပးရင္ အမ်ိဳးသမီး ၁၀ ေယာက္မွာ ခုနစ္ေယာက္ခန္႔ဟာ attack ျဖစ္ခ်ိန္ ထက္ဝက္ခန္႔ ေလ်ာ့နည္းသြားတယ္လို႔ ေလ့လာမႈအရ သိရပါတယ္။ ဗီတာမင္ B2 (Riboflavin)ဟာ ဦးေႏွာက္ဆဲလ္ေတြကို adaptable ျဖစ္ေအာင္ ကူညီႏိုင္တာမို႔ ေဟာ္မုန္းနဲ႔ ေသြးတြင္းသၾကားဓာတ္ ျမင့္လိုက္၊ နိမ့္လိုက္ ျဖစ္ေနရင္ ေခါင္းကိုက္ေအာင္ မလံႈ႕ေဆာ္ႏိုင္ဘူးလို႔ သုေတသီေတြက ဆိုပါတယ္။

အစားအစာႏွင့္ ေရာင္ရမ္းမႈ ေလ်ာ့ေအာင္ ျပဳလုပ္ပါ

သစ္သီး၊ ဟင္းသီးဟင္းရြက္နဲ႔ ေကာက္ႏွံတစ္ခုလံုး ပါဝင္တဲ့ အစာေတြကို မ်ားမ်ားစားၿပီး ဆီေၾကာ္စာေတြကို ျဖတ္ထားရင္ ေခါင္းတစ္ျခမ္းကိုက္ႏိုင္ေျခ ၇၁ရာခိုင္ႏႈန္း ေလ်ာ့နည္းတယ္လို႔ သုေတသနအရ သိရပါတယ္။ ေကာက္ႏွံတစ္ခုလံုးမွ ေရာင္ရမ္းမႈ ေလွ်ာ့ခ်ႏိုင္ေသာ သဘာဝပစၥည္း တစ္ရာေက်ာ္ ပါဝင္တာမို႔ နာက်င္မႈ႕ျဖစ္ေအာင္ လံႈေဆာ္မယ့္ ေရာင္ရမ္းမႈေတြ ေလ်ာ့က်သြားတယ္လို႔ သုေတသီေတြက ဆိုပါတယ္။


Credit:Mg Mandalay

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။

နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။

စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။

အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။

- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်

- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)

- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်

- ခေါင်းကိုက်နေစဉ် ပျို့လာရင်

Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ

ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ

သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။


Credit:Mg Mandalay



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top