iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ႀကီးငယ္မေ႐ြး အမ်ိဳးသမီး တိုင္း မွာ အႏၲရာယ္ တခုက အၿမဲေစာင့္ႀကိဳေနၿပီး အဲဒီအႏၲရာယ္ကေတာ့ လိင္ ပိုင္းဆိုင္ရာ က်ဴးေက်ာ္ ေစာ္ကားမႈနဲ႕ မုဒိမ္းမႈ ေတြျဖစ္ပါတယ္။ လိင္ ပိုင္းဆိုင္ရာ က်ဴးေက်ာ္ေစာ္ကားမႈနဲ႕ မုဒိမ္းမႈ ေတြေၾကာင့္ အမ်ိဳးသမီး ေတြ မွာ တသက္တာထာဝရ မေပ်ာက္မပ်က္နိုင္တဲ့ စိတ္ ဒဏ္ရာေတြရရွိသြားၿပီး လူ႕အသိုင္းအဝိုင္းမွာ ဝင္မဆန႔္နိုင္ေတာ့ တဲ့ အေျခအေနေတြေရာက္ရွိသြားၾကပါတယ္။ ဒီတပတ္ရဲ႕ လိင္ ပညာေပးအျဖစ္ မုဒိမ္းမႈေတြ ဘယ္လိုကာကြယ္မလဲ ဆိုတဲ့ အမ်ိဳးသမီး ေတြ သိသင့္သိထိုက္အေၾကာင္းအရာေတြကို ေဖာ္ျပလိုက္ပါတယ္။

ႀကိဳတင္ႀကံစည္ထားတဲ့ မုဒိမ္းမႈ (Date Rape) ဆိုတာ ဘာလဲ။

အလိုမတူဘဲ မတရားျပဳက်င့္မႈ တနည္းအားျဖင့္ မုဒိန္းမႈ ဆိုတာမ်ိဳးက သူစိမ္းတေယာက္က ဆိတ္ကြယ္ရာ အရပ္တခုမွာ က်ဴးလြန္တတ္တဲ့ ကိစၥတခု အျဖစ္ အမ်ားစုက နားလည္ထားၾကပါတယ္။ ဒါေပမယ့္ သိထားရမယ့္ အေရးႀကီးတဲ့ အခ်က္ က လိင္မႈဆိုင္ရာ က်ဴးလြန္ေစာ္ကားျခင္းကို သူစိမ္းေတြကသာ လုပ္တတ္ၾကတာမဟုတ္ပါဘူး။ မုဒိန္းမႈ နဲ႕ ပတ္သက္တဲ့ အစီ ခံစာေတြ အရ အမႈေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းမွာ ကာယံရွင္ေတြနဲ႕ သိကြၽမ္းသူေတြက က်ဴးလြန္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါ တယ္။

အမႈအမ်ားစုမွာ ျပဳက်င့္ခံရသူေတြဟာ ငယ္႐ြယ္တဲ့ မိန္းကေလးေတြ၊ အမ်ိဳးသမီးေတြ ျဖစ္ေပမယ့္ အမ်ိဳးသားေတြ လည္းႀကဳံ ရတာေတြ ရွိပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြ၊ အသိအကြၽမ္းေတြ ေနာက္ဆုံး ခ်စ္သူရည္းစား ဆိုတာေတြက ကိုယ့္ကို ထိ ခိုက္နာက်င္ေအာင္ မလုပ္မယ့္သူေတြ၊ အဓမၼျပဳက်င့္ မယ့္သူေတြ မဟုတ္ဘူးဆိုေပမယ့္ သူတို႔ကပဲ ေစာ္ကားသြားတာ မ်ိဳး ေတြရွိပါတယ္။ သိကြၽမ္းသူတေယာက္က ေစာ္ကားတာကို Date Rape ဒါမွမဟုတ္ Acquaintance Rape (သိကြၽမ္း တဲ့သူ အဓမၼျပဳျခင္း) လို႔ သတ္မွတ္ပါတယ္။

တခ်ိဳ႕ေတြက အဲဒီလိုျဖစ္ရတာဟာ မိန္းကေလး ရဲ႕ ဝတ္စားဆင္ယင္မႈ ဒါမွမဟုတ္ အေနအထိုင္ မတတ္မႈက အႏၲရာယ္ကို ဖိတ္ေခၚခဲ့တယ္လို႔ ယူဆၾကပါတယ္။ ဒါေပမယ့္ အဓမၼျပဳက်င့္ခံရသူထက္ပို ၿပီးေတာ့ အျပစ္ဆိုရမွာက ျပဳက်င့္တဲ့ တရားခံ ကိုျဖစ္ပါတယ္။ ၂ ဦး သေဘာတူခ်ိန္းဆို ေတြ႕ဆုံမႈမွာေတာင္မွ ကာမကို အင္အားသုံးၿပီး အတင္းရယူရင္ မုဒိန္းမႈေျမာက္ပါ တယ္။ တကယ္ခ်စ္တဲ့ သူက ဘယ္ေတာ့မွ အင္အားသုံးမွာ မဟုတ္ပါဘူး။

အရက္နဲ႕ ေဆးဝါးေတြကို သတိထားပါ။

Date Rape ေတြ အမ်ားစုက အရက္ သို႔မဟုတ္ မူးယစ္ေဆး နဲ႕ ဆက္ႏြယ္ေနပါတယ္။ အရက္က အရွက္အေၾကာက္ကို ေလ်ာ့ပါးေစပါတယ္။ ဆင္ျခင္နိုင္စြမ္းကို ထိုင္းမွိုင္းေစပါတယ္။ လူတေယာက္ကို ပိုၿပီးေတာ့ ေသြးဆူ တက္ႂကြ ေစနိုင္ ပါတယ္။ အခ်ိဳ႕ေဆးဝါးေတြက ေရထဲမွာ ေဖ်ာ္ရည္ထဲမွာ အလြယ္တကူ ေပ်ာ္ဝင္နိုင္ပါတယ္။ ဒါကို ေသာက္မိရင္ သတိ လက္လြတ္ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ဘာျဖစ္မွန္းကို သိနိုင္ေတာ့မွာ မဟုတ္ပါဘူး။ အရက္နဲ႕ မူးယစ္ေဆး ေရာစပ္ ထားတာ မ်ိဳးဆိုရင္ ပိုၿပီး အႏၲရာယ္ႀကီးပါတယ္။ အသက္ကိုေတာင္ ေသေစနိုင္ပါတယ္။

ႀကိဳတင္ကာကြယ္ရမည့္ အခ်က္မ်ား

ကိုယ့္ရဲ႕ အေဖာ္ကို ကိုယ္က ယုံၾကည္တယ္ဆိုရင္ေတာင္မွ သတိထားၿပီး ႀကိဳတင္ျပင္ဆင္ထားတာ ေကာင္းပါတယ္။ ဒါ ေၾကာင့္ ဆိတ္ကြယ္ရာကို မသြားပါနဲ႕။ ကိုယ့္ အိမ္ျဖစ္ေနရင္ေတာင္ အိမ္သားေတြ မရွိရင္ မသြားပါနဲ႕။ တျခားသူကိုလည္း မလာပါ ေစနဲ႕။ ကိုယ္သေဘာက် ႏွစ္ၿခိဳက္မႈ မရွိတဲ့သူနဲ႕ ၂ ေယာက္ထဲ ရွိမယ့္ အေျခအေနမ်ိဳးကို ေရွာင္ပါ။ အရက္ေသစာနဲ႕ မူးယစ္ေဆးကို ေရွာင္ပါ။ အထူးသျဖင့္ ကိုယ္နဲ႕ ေကာင္းေကာင္းမသိတဲ့ လူတေယာက္နဲ႕ ရွိေနတဲ့ အခ်ိန္ မ်ိဳးမွာ လုံး၀ မသုံးစြဲမိပါေစနဲ႕။

တကယ္လို႔ ကိုယ္နဲ႕ အတူရွိေနသူနဲ႕ ကိုယ့္ရဲ႕ဆက္ဆံေရးက ဘယ္လိုအေနအထားမ်ိဳး ရွိတယ္ဆိုတာကို ကိုယ့္ဘက္က စိတ္ရွင္းမယ္ဆိုရင္ သူကလည္း ရွင္းရွင္းလင္းလင္းသိေအာင္လုပ္ပါ။ ကိုယ့္ရဲ႕ ခံစားခ်က္နဲ႕ အယူအဆကို ေလးစားဖို႔ ေျပာ ပါ။ ဖိအား အနည္းငယ္ေပးလာ႐ုံေလာက္နဲ႕ ကိုယ္မလုပ္ခ်င္တဲ့ အရာမ်ိဳးကို မလုပ္မိပါေစနဲ႕။ အႏၲရာယ္ရွိေနၿပီလို႔ ခံစားရ မယ္ဆိုရင္ အကူအညီ ရယူပါ။ ကိုယ္ခံပညာသင္ၾကားထားပါ ။

အကူအညီေတာင္းခံပါ

ႀကိဳတင္ကာကြယ္မႈေတြ ရွိတယ္ဆိုေပမယ့္ Date Rape ေတြက ျဖစ္ေနပါေသးတယ္။ တကယ္လို႔ ကိုယ့္ကို မဖြယ္မရာ ေစာ္ကားခံရရင္ ဒါမွ မဟုတ္ မတရားျပဳက်င့္ခံရရင္ လုပ္ေဆာင္ရမွာေတြကေတာ့ ကိုယ့္ရဲ႕ သူငယ္ခ်င္း၊ မိသားစုဝင္ သို႔မဟုတ္ ယုံၾကည္စိတ္ခ်ရတဲ့ သူ တေယာက္ေယာက္ကို အျဖစ္အပ်က္နဲ႕ ပတ္သက္လို႔ အမွန္အတိုင္း ဖြင့္ေျပာ အသိ ေပးပါ။ အရွက္အတြက္ မ်ိဳသိပ္ထားရင္ ကိုယ့္ကို က်ဴးလြန္သူ တရားခံက လြတ္ေျမာက္ခြင့္ ရ သြားမွာ ျဖစ္သလို ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ရွိလာရင္လည္း ကိုယ္တေယာက္တည္းသာ ရင္ဆိုင္ရေတာ့မွာ ျဖစ္တဲ့ အတြက္ အေျခအေန ပိုၿပီးဆိုး႐ြားသြားပါလိမ့္မယ္။

ဆရာဝန္နဲ႕ ကြၽမ္းက်င္သူေတြ ရွိတဲ့ ေဆး႐ုံေဆးခန္းေတြကို ခ်က္ခ်င္း သြားပါ။ သူတို႔က လိုအပ္တဲ့ က်န္းမာေရး ေစာင့္ ေရွာက္မႈ အကူအညီေပးပါလိမ့္မယ္။ သက္ဆိုင္ရာကိုလည္း တိုင္ၾကားရမွာ ျဖစ္ပါတယ္။ ရဲကို အျမန္ဆုံး အေၾကာင္း ၾကားပါ။ သက္ေသျပစရာ ျဖစ္တဲ့ ဒဏ္ရာ ေတြ၊ မိမိရဲ႕ အဝတ္အစားေတြ ကိုလည္း ထိန္းသိမ္းရမွာ ျဖစ္ပါတယ္။ အဓမၼက်င့္ခံရစဥ္က အဝတ္အစားေတြကို ေလွ်ာ္ဖြပ္ လိုက္တာ မ်ိဳး မလုပ္ပါနဲ႕။ ျဖစ္စဥ္ကိုလည္း ျပန္လည္ စဥ္းစားၿပီး မွတ္သားပါ။

ကိုယ့္ရဲ႕ နစ္နာမႈအေၾကာင္း ေျပာသင့္တဲ့သူကို ေျပာဖို႔ မေၾကာက္ပါနဲ႕။ မိဘအုပ္ထိန္းသူေတြ၊ ေဆးဘက္ဆိုင္ရာ ဆရာဝန္ ေတြနဲ႕ အမႈစစ္ရဲ အရာရွိက ဒီအေၾကာင္းေတြ သိမွ ကူညီနိုင္မွာ ျဖစ္တဲ့ အတြက္ သူတို႔ကိုေျပာျပရမွာ ျဖစ္ပါတယ္။ ကိုယ့္ ရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားမႈေတြ၊ အျခားသူေတြ ရဲ႕ အမ်ိဳးမ်ိဳးေသာ တုန႔္ျပန္မႈေတြ ႀကဳံလာတဲ့ အခါမွာ ႏွစ္သိမ့္ေဆြး ေႏြး အႀကံေပးမယ့္သူေတြ၊ စိတ္ပညာကြၽမ္းက်င္သူေတြ ရဲ႕ အကူအညီကို ရယူပါ။ ဒါမွလည္း လက္ရွိ စိတ္ခံစားမႈေတြကို ေက်ာ္ ျဖတ္နိုင္မွာ ျဖစ္သလို ေနာက္ဆက္တြဲ က်န္းမာေရး၊ လူမႈ ေရး အခက္အခဲေတြကို ရင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။


Credit: burma irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက်ကြီးငယ်မရွေး အမျိုးသမီး တိုင်း မှာ အန္တရာယ် တခုက အမြဲစောင့်ကြိုနေပြီး အဲဒီအန္တရာယ်ကတော့ လိင် ပိုင်းဆိုင်ရာ ကျူးကျော် စော်ကားမှုနဲ့ မုဒိမ်းမှု တွေဖြစ်ပါတယ်။ လိင် ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုနဲ့ မုဒိမ်းမှု တွေကြောင့် အမျိုးသမီး တွေ မှာ တသက်တာထာဝရ မပျောက်မပျက်နိုင်တဲ့ စိတ် ဒဏ်ရာတွေရရှိသွားပြီး လူ့အသိုင်းအဝိုင်းမှာ ဝင်မဆန့်နိုင်တော့ တဲ့ အခြေအနေတွေရောက်ရှိသွားကြပါတယ်။ ဒီတပတ်ရဲ့ လိင် ပညာပေးအဖြစ် မုဒိမ်းမှုတွေ ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ အမျိုးသမီး တွေ သိသင့်သိထိုက်အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှု (Date Rape) ဆိုတာ ဘာလဲ။

အလိုမတူဘဲ မတရားပြုကျင့်မှု တနည်းအားဖြင့် မုဒိန်းမှု ဆိုတာမျိုးက သူစိမ်းတယောက်က ဆိတ်ကွယ်ရာ အရပ်တခုမှာ ကျူးလွန်တတ်တဲ့ ကိစ္စတခု အဖြစ် အများစုက နားလည်ထားကြပါတယ်။ ဒါပေမယ့် သိထားရမယ့် အရေးကြီးတဲ့ အချက် က လိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်းကို သူစိမ်းတွေကသာ လုပ်တတ်ကြတာမဟုတ်ပါဘူး။ မုဒိန်းမှု နဲ့ ပတ်သက်တဲ့ အစီ ခံစာတွေ အရ အမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ကာယံရှင်တွေနဲ့ သိကျွမ်းသူတွေက ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။

အမှုအများစုမှာ ပြုကျင့်ခံရသူတွေဟာ ငယ်ရွယ်တဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေ ဖြစ်ပေမယ့် အမျိုးသားတွေ လည်းကြုံ ရတာတွေ ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ အသိအကျွမ်းတွေ နောက်ဆုံး ချစ်သူရည်းစား ဆိုတာတွေက ကိုယ့်ကို ထိ ခိုက်နာကျင်အောင် မလုပ်မယ့်သူတွေ၊ အဓမ္မပြုကျင့် မယ့်သူတွေ မဟုတ်ဘူးဆိုပေမယ့် သူတို့ကပဲ စော်ကားသွားတာ မျိုး တွေရှိပါတယ်။ သိကျွမ်းသူတယောက်က စော်ကားတာကို Date Rape ဒါမှမဟုတ် Acquaintance Rape (သိကျွမ်း တဲ့သူ အဓမ္မပြုခြင်း) လို့ သတ်မှတ်ပါတယ်။

တချို့တွေက အဲဒီလိုဖြစ်ရတာဟာ မိန်းကလေး ရဲ့ ဝတ်စားဆင်ယင်မှု ဒါမှမဟုတ် အနေအထိုင် မတတ်မှုက အန္တရာယ်ကို ဖိတ်ခေါ်ခဲ့တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် အဓမ္မပြုကျင့်ခံရသူထက်ပို ပြီးတော့ အပြစ်ဆိုရမှာက ပြုကျင့်တဲ့ တရားခံ ကိုဖြစ်ပါတယ်။ ၂ ဦး သဘောတူချိန်းဆို တွေ့ဆုံမှုမှာတောင်မှ ကာမကို အင်အားသုံးပြီး အတင်းရယူရင် မုဒိန်းမှုမြောက်ပါ တယ်။ တကယ်ချစ်တဲ့ သူက ဘယ်တော့မှ အင်အားသုံးမှာ မဟုတ်ပါဘူး။

အရက်နဲ့ ဆေးဝါးတွေကို သတိထားပါ။

Date Rape တွေ အများစုက အရက် သို့မဟုတ် မူးယစ်ဆေး နဲ့ ဆက်နွယ်နေပါတယ်။ အရက်က အရှက်အကြောက်ကို လျော့ပါးစေပါတယ်။ ဆင်ခြင်နိုင်စွမ်းကို ထိုင်းမှိုင်းစေပါတယ်။ လူတယောက်ကို ပိုပြီးတော့ သွေးဆူ တက်ကြွ စေနိုင် ပါတယ်။ အချို့ဆေးဝါးတွေက ရေထဲမှာ ဖျော်ရည်ထဲမှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒါကို သောက်မိရင် သတိ လက်လွတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းကို သိနိုင်တော့မှာ မဟုတ်ပါဘူး။ အရက်နဲ့ မူးယစ်ဆေး ရောစပ် ထားတာ မျိုးဆိုရင် ပိုပြီး အန္တရာယ်ကြီးပါတယ်။ အသက်ကိုတောင် သေစေနိုင်ပါတယ်။

ကြိုတင်ကာကွယ်ရမည့် အချက်များ

ကိုယ့်ရဲ့ အဖော်ကို ကိုယ်က ယုံကြည်တယ်ဆိုရင်တောင်မှ သတိထားပြီး ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။ ဒါ ကြောင့် ဆိတ်ကွယ်ရာကို မသွားပါနဲ့။ ကိုယ့် အိမ်ဖြစ်နေရင်တောင် အိမ်သားတွေ မရှိရင် မသွားပါနဲ့။ တခြားသူကိုလည်း မလာပါ စေနဲ့။ ကိုယ်သဘောကျ နှစ်ခြိုက်မှု မရှိတဲ့သူနဲ့ ၂ ယောက်ထဲ ရှိမယ့် အခြေအနေမျိုးကို ရှောင်ပါ။ အရက်သေစာနဲ့ မူးယစ်ဆေးကို ရှောင်ပါ။ အထူးသဖြင့် ကိုယ်နဲ့ ကောင်းကောင်းမသိတဲ့ လူတယောက်နဲ့ ရှိနေတဲ့ အချိန် မျိုးမှာ လုံး၀ မသုံးစွဲမိပါစေနဲ့။

တကယ်လို့ ကိုယ်နဲ့ အတူရှိနေသူနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးက ဘယ်လိုအနေအထားမျိုး ရှိတယ်ဆိုတာကို ကိုယ့်ဘက်က စိတ်ရှင်းမယ်ဆိုရင် သူကလည်း ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်နဲ့ အယူအဆကို လေးစားဖို့ ပြော ပါ။ ဖိအား အနည်းငယ်ပေးလာရုံလောက်နဲ့ ကိုယ်မလုပ်ချင်တဲ့ အရာမျိုးကို မလုပ်မိပါစေနဲ့။ အန္တရာယ်ရှိနေပြီလို့ ခံစားရ မယ်ဆိုရင် အကူအညီ ရယူပါ။ ကိုယ်ခံပညာသင်ကြားထားပါ ။

အကူအညီတောင်းခံပါ

ကြိုတင်ကာကွယ်မှုတွေ ရှိတယ်ဆိုပေမယ့် Date Rape တွေက ဖြစ်နေပါသေးတယ်။ တကယ်လို့ ကိုယ့်ကို မဖွယ်မရာ စော်ကားခံရရင် ဒါမှ မဟုတ် မတရားပြုကျင့်ခံရရင် လုပ်ဆောင်ရမှာတွေကတော့ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ သူ တယောက်ယောက်ကို အဖြစ်အပျက်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖွင့်ပြော အသိ ပေးပါ။ အရှက်အတွက် မျိုသိပ်ထားရင် ကိုယ့်ကို ကျူးလွန်သူ တရားခံက လွတ်မြောက်ခွင့် ရ သွားမှာ ဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာရင်လည်း ကိုယ်တယောက်တည်းသာ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့ အတွက် အခြေအနေ ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။

ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေ ရှိတဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်း သွားပါ။ သူတို့က လိုအပ်တဲ့ ကျန်းမာရေး စောင့် ရှောက်မှု အကူအညီပေးပါလိမ့်မယ်။ သက်ဆိုင်ရာကိုလည်း တိုင်ကြားရမှာ ဖြစ်ပါတယ်။ ရဲကို အမြန်ဆုံး အကြောင်း ကြားပါ။ သက်သေပြစရာ ဖြစ်တဲ့ ဒဏ်ရာ တွေ၊ မိမိရဲ့ အဝတ်အစားတွေ ကိုလည်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အဓမ္မကျင့်ခံရစဉ်က အဝတ်အစားတွေကို လျှော်ဖွပ် လိုက်တာ မျိုး မလုပ်ပါနဲ့။ ဖြစ်စဉ်ကိုလည်း ပြန်လည် စဉ်းစားပြီး မှတ်သားပါ။

ကိုယ့်ရဲ့ နစ်နာမှုအကြောင်း ပြောသင့်တဲ့သူကို ပြောဖို့ မကြောက်ပါနဲ့။ မိဘအုပ်ထိန်းသူတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန် တွေနဲ့ အမှုစစ်ရဲ အရာရှိက ဒီအကြောင်းတွေ သိမှ ကူညီနိုင်မှာ ဖြစ်တဲ့ အတွက် သူတို့ကိုပြောပြရမှာ ဖြစ်ပါတယ်။ ကိုယ့် ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ၊ အခြားသူတွေ ရဲ့ အမျိုးမျိုးသော တုန့်ပြန်မှုတွေ ကြုံလာတဲ့ အခါမှာ နှစ်သိမ့်ဆွေး နွေး အကြံပေးမယ့်သူတွေ၊ စိတ်ပညာကျွမ်းကျင်သူတွေ ရဲ့ အကူအညီကို ရယူပါ။ ဒါမှလည်း လက်ရှိ စိတ်ခံစားမှုတွေကို ကျော် ဖြတ်နိုင်မှာ ဖြစ်သလို နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှု ရေး အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


Credit: burma irrawaddy


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top