iMyanmarHouse.com - Best Property Website for Myanmar
×

ေရေမႊးဆြတ္ျခင္းဟာ ကိုယ့္ခႏၶာကိုယ္က အနံ႔အသက္ေတြကို ဖံုးလို႐ံုသက္သက္နဲ႔ ဆြတ္ျခင္းမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ဆြဲေဆာင္မႈကို ပိုမိုအားေကာင္းလာေစမယ့္ ခ်ပ္ဝတ္တန္ဆာတစ္ခု ဆင္ျမန္းလိုက္တာျဖစ္ပါတယ္။ အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြပါ ေရေမႊးဆြတ္သင့္ပါတယ္။

အျမင္၊ အနံ႔၊ အထိအေတြ႔၊ အၾကား၊ အရသာ၊ စိတ္ခံစားခ်က္ စတဲ့ အာ႐ံုေျခာက္ပါးအနက္ အနံ႔ဟာ လူတစ္ဦးကို ေကာင္းေကာင္းဆြဲေဆာင္ႏိုင္ပါတယ္။ ၿပီးျပည့္စံုတဲ့ ဖက္႐ွင္က်မႈအတြက္ အဝတ္အစားေကာင္းေတြ ဝတ္ဆင္႐ံုနဲ႔ မၿပီးပါဘူး။ ေမႊးပ်ံ႕ၿပီး ဆြဲေဆာင္မႈ႐ွိတဲ့ ေရေမႊးရနံ႔ေလး ေပါင္းစပ္လိုက္မွသာ ကိုယ့္ေဘးကလူေတြကို သိမ္းပိုက္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ့္ခႏၶာကိုယ္က ေမႊးရနံ႔ေလး ရေနေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း ယံုၾကည္မႈ ပိုလာတယ္ေလ။ မိမိကိုယ္ကိုယံုၾကည္မႈဟာ ေအာင္ျမင္ျခင္းေတြကို ေခၚေဆာင္လာမွာပါ။

ေမႊးရနံ႔တစ္ခုေၾကာင့္ စိတ္ခံစားခ်က္ေတြလည္း ေျပာင္းလဲသြားႏိုင္တယ္ဆုိတာေတာ့ မျငင္းပါနဲ႔။ ဒါအျပင္ ရာသီဥတုနဲ႔ ပတ္ဝန္းက်င္ကိုလုိက္ၿပီး ေရေမႊးကို ေရြးခ်ယ္တတ္ဖုိ႔ လိုအပ္ပါတယ္။ သစ္သီးရနံ႔ ၊ ပန္းရနံ႔၊ သစ္ေမႊးရနံ႔ေတြက ေန႔ဘက္သံုးရမွာျဖစ္ၿပီး ေန႔စဥ္အသံုးျပဳလို႔ သင့္ေလွ်ာ္ပါတယ္။ ဗနီလာနံ႔၊ ႏွင္းဆီရနံ႔၊ ကတိုးရနံ႔ေတြကိုေတာ့ ညေနဘက္ ပြဲလမ္းသဘင္ေတြမွာ အသံုးျပဳရမွာပါ။ မိန္းကေလးေတြအေနနဲ႔ ခ်စ္သူနဲ႔ခ်ိန္းထားရင္ျဖစ္ျဖစ္ ေယာက္်ားေလးတစ္ေယာက္ေယာက္ကို ဆြဲေဆာင္လိုရင္ျဖစ္ျဖစ္ ေဖာ္ျပပါရနံ႔ေတြကို ဆြတ္သင့္ပါတယ္။ ေယာက္်ားေလးေတြမွာဆုိရင္ အနံ႔ေအးၿပီး သံပုရာနဲ႔ ပူ႐ွိန္းနံ႔ေတြကို ေရြးခ်ယ္ၾကတာ မ်ားပါတယ္။ ရာသီဥတု၊ ပတ္ဝန္းက်င္နဲ႔ လိုက္ဖက္တဲ့ ေရေမႊးကို ဆြတ္ျဖန္းတတ္တဲ့ ေယာက္်ားတစ္ေယာက္ဟာလည္း မိန္းကေလးေတြရဲ႕ အာ႐ံုကို ညႇိဳ႕ယူႏိုင္မွာပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ရေမွှေးဆွတ်ခြင်းဟာ ကိုယ့်ခန္ဓာကိုယ်က အနံ့အသက်တွေကို ဖုံးလိုရုံသက်သက်နဲ့ ဆွတ်ခြင်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဆွဲဆောင်မှုကို ပိုမိုအားကောင်းလာစေမယ့် ချပ်ဝတ်တန်ဆာတစ်ခု ဆင်မြန်းလိုက်တာဖြစ်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ ရေမွှေးဆွတ်သင့်ပါတယ်။

အမြင်၊ အနံ့၊ အထိအတွေ့၊ အကြား၊ အရသာ၊ စိတ်ခံစားချက် စတဲ့ အာရုံခြောက်ပါးအနက် အနံ့ဟာ လူတစ်ဦးကို ကောင်းကောင်းဆွဲဆောင်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ဖက်ရှင်ကျမှုအတွက် အဝတ်အစားကောင်းတွေ ဝတ်ဆင်ရုံနဲ့ မပြီးပါဘူး။ မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရနံ့လေး ပေါင်းစပ်လိုက်မှသာ ကိုယ့်ဘေးကလူတွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။ မိမိကိုယ်ကိုယုံကြည်မှုဟာ အောင်မြင်ခြင်းတွေကို ခေါ်ဆောင်လာမှာပါ။

မွှေးရနံ့တစ်ခုကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲသွားနိုင်တယ်ဆိုတာတော့ မငြင်းပါနဲ့။ ဒါအပြင် ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ရေမွှေးကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ သစ်သီးရနံ့ ၊ ပန်းရနံ့၊ သစ်မွှေးရနံ့တွေက နေ့ဘက်သုံးရမှာဖြစ်ပြီး နေ့စဉ်အသုံးပြုလို့ သင့်လျှော်ပါတယ်။ ဗနီလာနံ့၊ နှင်းဆီရနံ့၊ ကတိုးရနံ့တွေကိုတော့ ညနေဘက် ပွဲလမ်းသဘင်တွေမှာ အသုံးပြုရမှာပါ။ မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့ချိန်းထားရင်ဖြစ်ဖြစ် ယောက်ျားလေးတစ်ယောက်ယောက်ကို ဆွဲဆောင်လိုရင်ဖြစ်ဖြစ် ဖော်ပြပါရနံ့တွေကို ဆွတ်သင့်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင် အနံ့အေးပြီး သံပုရာနဲ့ ပူရှိန်းနံ့တွေကို ရွေးချယ်ကြတာ များပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ရေမွှေးကို ဆွတ်ဖြန်းတတ်တဲ့ ယောက်ျားတစ်ယောက်ဟာလည်း မိန်းကလေးတွေရဲ့ အာရုံကို ညှို့ယူနိုင်မှာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top