iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ္ ေရာင္ယမ္းျခင္း၊ အခ်ဥ္ေပါက္ျခင္းအျပင္ ေလထိုးေလေအာင့္ျဖစ္ျခင္း စတဲ့ ေဝဒနာမ်ားကို မၾကာခဏဆိုသလို ခံစားေနရတာေၾကာင့္ အစာစားခ်င္စိတ္မ်ားေပ်ာက္ၿပီး က်န္းမာသန္စြမ္းစြာအလုပ္မလုပ္ႏိုင္ပဲ စိတ္ညစ္ေနရတဲ့သူမ်ားအတြက္ လ်င္ျမန္စြာသက္သာေစႏိုင္တဲ့ လြယ္ကူ႐ိုး႐ွင္းေသာ နည္းလမ္းေကာင္းေလးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္႐ွင့္။

* ငွက္ေပ်ာသီးစားပါ။ ေဆးပညာ႐ွင္မ်ားေျပာၾကားခ်က္အရ သစ္သီးဝရံမ်ားကို ေန႔စဥ္ပံုမွန္စားတာဟာ အစာအိမ္အခ်ဥ္ေပါက္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ အထူးသျဖင့္ ငွက္ေပ်ာသီးမွာပါဝင္တဲ့ Vitamin B6 က အဆိပ္အေတာက္မ်ားထုတ္လႊတ္မႈကို ထိန္းခ်ဳပ္ေပးႏိုင္သည့္အျပင္ အစာအိမ္တြင္း႐ွိ Acid မ်ားျပန္စီးျခင္းကို သက္သာေစႏိုင္ပါတယ္။

*ေခါင္းအံုးအျမင့္ျဖင့္အိပ္စက္ပါ။ အစာအိမ္နာေနသူမ်ားအေနျဖင့္ ညအိပ္ခ်ိန္မွာ ဦးေခါင္းႏွင့္ ပခံုးကို အနည္းငယ္ျမွင့္တင္ထားေပးပါ။ ဦးေခါင္းႏွင့္ ပခံုးကို ၆လက္မခန္႔ျမင့္ေသာ အေနအထားျဖင့္ အိပ္စက္အနားယူသင့္ပါတယ္။ ၄င္းအေနအထားျဖင့္အိပ္စက္ျခင္းဟာ အစာအိမ္ျပြန္တြင္း႐ွိ အဆိပ္အေတာက္မ်ား အထက္သို႔တက္မလာေစရန္ တားျမစ္ေပးႏိုင္တယ္လို႔ ေဆးပညာ႐ွင္မ်ားက ေလ့လာသိ႐ွိခဲ့ၾကပါတယ္။

* အုတ္ဂ်ံဳ၊ ေျပာင္းဆန္ စားပါ။ အစာအိမ္နာသူမ်ားအတြက္ အထူးသင့္ေလ်ာ္ၿပီး အာဟာရဓာတ္ျပည့္ဝတဲ့ အစားအစာတစ္ခုပဲျဖစ္ပါတယ္။ အုတ္ဂ်ံဳ၊ ေျပာင္းဆန္တြင္ ထူးျခားေသာ အစြမ္းအာနင္သင္မ်ားပါဝင္မႈမ႐ွိေသာ္လည္း အစာေခ်ဖ်က္ရာမွာ လြယ္ကူျမန္ဆန္တာေၾကာင့္ အစာအိမ္နာသူမ်ားအတြက္ အထူးသင့္ေလ်ာ္တဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။

* ေရေအးေအးမေသာက္ပါႏွင့္။ အစာအိမ္ေရာဂါခံစားေနရသူအမ်ားစုဟာဆိုရင္ အစာအိမ္နာက်င္ခ်ိန္မွာ ေရေသာက္လိုက္လွ်င္ သက္သာလာမယ္လို႔ထင္တတ္ၾကပါတယ္။ အမွန္တကယ္လည္း သက္သာလာတာကို ေတြ႔ရပါလိမ့္မယ္။ သို႔ေသာ္ အခ်ိန္ခဏမွ်သာ သက္သာျခင္းျဖစ္ပါတယ္။ ေရေအးေသာက္ျခင္းက အစာအိမ္အခ်ဥ္ဓာတ္မ်ားထုတ္လႊတ္မႈကို ပိုၿပီးအားေပးလိုက္သလို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အစာအိမ္နာခ်ိန္မွာ ေရေႏြးေႏြးေလးသာ အနည္းငယ္မွ်ေသာက္သံုးသင့္ပါတယ္။


Credit:(ေ႐ႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အစာအိမ် ရောင်ယမ်းခြင်း၊ အချဉ်ပေါက်ခြင်းအပြင် လေထိုးလေအောင့်ဖြစ်ခြင်း စတဲ့ ဝေဒနာများကို မကြာခဏဆိုသလို ခံစားနေရတာကြောင့် အစာစားချင်စိတ်များပျောက်ပြီး ကျန်းမာသန်စွမ်းစွာအလုပ်မလုပ်နိုင်ပဲ စိတ်ညစ်နေရတဲ့သူများအတွက် လျင်မြန်စွာသက်သာစေနိုင်တဲ့ လွယ်ကူရိုးရှင်းသော နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။

* ငှက်ပျောသီးစားပါ။ ဆေးပညာရှင်များပြောကြားချက်အရ သစ်သီးဝရံများကို နေ့စဉ်ပုံမှန်စားတာဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ငှက်ပျောသီးမှာပါဝင်တဲ့ Vitamin B6 က အဆိပ်အတောက်များထုတ်လွှတ်မှုကို ထိန်းချုပ်ပေးနိုင်သည့်အပြင် အစာအိမ်တွင်းရှိ Acid များပြန်စီးခြင်းကို သက်သာစေနိုင်ပါတယ်။

*ခေါင်းအုံးအမြင့်ဖြင့်အိပ်စက်ပါ။ အစာအိမ်နာနေသူများအနေဖြင့် ညအိပ်ချိန်မှာ ဦးခေါင်းနှင့် ပခုံးကို အနည်းငယ်မြှင့်တင်ထားပေးပါ။ ဦးခေါင်းနှင့် ပခုံးကို ၆လက်မခန့်မြင့်သော အနေအထားဖြင့် အိပ်စက်အနားယူသင့်ပါတယ်။ ၎င်းအနေအထားဖြင့်အိပ်စက်ခြင်းဟာ အစာအိမ်ပြွန်တွင်းရှိ အဆိပ်အတောက်များ အထက်သို့တက်မလာစေရန် တားမြစ်ပေးနိုင်တယ်လို့ ဆေးပညာရှင်များက လေ့လာသိရှိခဲ့ကြပါတယ်။

* အုတ်ဂျုံ၊ ပြောင်းဆန် စားပါ။ အစာအိမ်နာသူများအတွက် အထူးသင့်လျော်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အုတ်ဂျုံ၊ ပြောင်းဆန်တွင် ထူးခြားသော အစွမ်းအာနင်သင်များပါဝင်မှုမရှိသော်လည်း အစာချေဖျက်ရာမှာ လွယ်ကူမြန်ဆန်တာကြောင့် အစာအိမ်နာသူများအတွက် အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

* ရေအေးအေးမသောက်ပါနှင့်။ အစာအိမ်ရောဂါခံစားနေရသူအများစုဟာဆိုရင် အစာအိမ်နာကျင်ချိန်မှာ ရေသောက်လိုက်လျှင် သက်သာလာမယ်လို့ထင်တတ်ကြပါတယ်။ အမှန်တကယ်လည်း သက်သာလာတာကို တွေ့ရပါလိမ့်မယ်။ သို့သော် အချိန်ခဏမျှသာ သက်သာခြင်းဖြစ်ပါတယ်။ ရေအေးသောက်ခြင်းက အစာအိမ်အချဉ်ဓာတ်များထုတ်လွှတ်မှုကို ပိုပြီးအားပေးလိုက်သလို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်နာချိန်မှာ ရေနွေးနွေးလေးသာ အနည်းငယ်မျှသောက်သုံးသင့်ပါတယ်။


Credit:(ရွှေအင်းလေး)



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top