iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္လႈပ္ရွားရုန္းကန္ေနရတဲ႔ ဘဝမွာ မနက္ခင္း အားလပ္ခ်ိန္ဆိုတာ မရွိသေလာက္ကို နည္းပါးပါတယ္။ ဒါေၾကာင့္ ေက်ာင္းသြား၊ ရံုးသြားဖို႔ ျပင္ဆင္ေနရတဲ႔ မနက္ခင္းမွာ တရားထိုင္ျခင္းကို ျပဳလုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ မိနစ္အနည္းငယ္ တရားထိုင္ျခင္းကေန ရလာတဲ႔ အက်ိဳးေက်းဇူးကေတာ့ မ်ားျပားလွပါတယ္။ ေလ့လာမႈေတြအရ ဆိုလွ်င္ေတာ့ သတိရွိျခင္း၊ စိတ္ဖိစီးမႈကို ေလွ်ာ့က်ေစျခင္း၊ အာရံုစူးစိုက္မႈကို တိုးျမွင့္ေပးျခင္းစတဲ႔ ေကာင္းက်ိဳးေတြ ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ခင္းမွာ (၅)မိနစ္တာ အခ်ိန္နဲ႔ ဘယ္လိုတရားထုိင္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တရားထိုင္မယ့္ေနရာက သက္ေတာင့္သက္သာရွိမယ့္ ေနရာမ်ိဳးျဖစ္ပါေစ။ တရားထိုင္တဲ႔ ေနရာမွာ မ်က္လံုးကိုပိတ္ထားရမယ္လို႔ မဆိုလိုပါဘူး။ သင္မ်က္လံုးဖြင့္ထားျခင္တဲ႔ ဆႏၵရွိပါက ဖြင့္ထားႏိုင္ပါတယ္။

(၂) တျခားအေၾကာင္းအရာေတြ စိတ္ထဲဝင္လာႏိုင္တာကို သတိျပဳပါ။ တရားထိုင္ျခင္းအေပၚ စိတ္မေရာက္ပဲ တျခားအေၾကာင္းအရာေတြသာ ေတြးမိေနလွ်င္လည္း ထိတ္လန္႔သြားတာမ်ိဳးမျဖစ္ပါနဲ႔။ စိတ္ဆိုတာ ေျခဦးတည့္ရာသြားတတ္တာမို႔ ဒါဟာ တရားထိုင္ဖို႔က်ရွံုးတယ္ လို႔ေတာ့ မဆိုလို္ပါဘူး။ လိုအပ္တာက သင္ဟာ သင့္ကိုယ္သင္ စိတ္လႊင့္ေနၿပီဆိုတာ သတိျပဳမိတာနဲ႔ သင့္ရဲ႕အေတြးကို ရုပ္သိမ္းၿပီး ဝင္ေလထြက္ေလကို အာရံုျပန္စိုက္ဖို႔ပါပဲ။
(၃) ျပင္းျပတဲ႔ ရည္မွန္းခ်က္နဲ႔ အဆံုးသတ္ပါ။ မနက္ခင္းမွာ တရားထိုင္ျခင္းက သင့္ရဲ႕အေတြးနဲ႔ လုပ္ေဆာင္မႈကို တစ္ေနကုန္ အေကာင္းဘက္ ဦးတည္ေစပါတယ္။ မနက္ခင္းမွာ ျပင္းျပတဲ႔စိတ္ဆႏၵနဲ႔ စတင္ျခင္းက သင့္ရဲ႕တစ္ေန႔တာ လုပ္ေဆာင္မႈကို တိုးျမွင့္ေပးေစပါတယ္။

Credit:မိုမိုေလး

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝမှာ မနက်ခင်း အားလပ်ချိန်ဆိုတာ မရှိသလောက်ကို နည်းပါးပါတယ်။ ဒါကြောင့် ကျောင်းသွား၊ ရုံးသွားဖို့ ပြင်ဆင်နေရတဲ့ မနက်ခင်းမှာ တရားထိုင်ခြင်းကို ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိနစ်အနည်းငယ် တရားထိုင်ခြင်းကနေ ရလာတဲ့ အကျိုးကျေးဇူးကတော့ များပြားလှပါတယ်။ လေ့လာမှုတွေအရ ဆိုလျှင်တော့ သတိရှိခြင်း၊ စိတ်ဖိစီးမှုကို လျှော့ကျစေခြင်း၊ အာရုံစူးစိုက်မှုကို တိုးမြှင့်ပေးခြင်းစတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ (၅)မိနစ်တာ အချိန်နဲ့ ဘယ်လိုတရားထိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) တရားထိုင်မယ့်နေရာက သက်တောင့်သက်သာရှိမယ့် နေရာမျိုးဖြစ်ပါစေ။ တရားထိုင်တဲ့ နေရာမှာ မျက်လုံးကိုပိတ်ထားရမယ်လို့ မဆိုလိုပါဘူး။ သင်မျက်လုံးဖွင့်ထားခြင်တဲ့ ဆန္ဒရှိပါက ဖွင့်ထားနိုင်ပါတယ်။

(၂) တခြားအကြောင်းအရာတွေ စိတ်ထဲဝင်လာနိုင်တာကို သတိပြုပါ။ တရားထိုင်ခြင်းအပေါ် စိတ်မရောက်ပဲ တခြားအကြောင်းအရာတွေသာ တွေးမိနေလျှင်လည်း ထိတ်လန့်သွားတာမျိုးမဖြစ်ပါနဲ့။ စိတ်ဆိုတာ ခြေဦးတည့်ရာသွားတတ်တာမို့ ဒါဟာ တရားထိုင်ဖို့ကျရှုံးတယ် လို့တော့ မဆိုလိုပါဘူး။ လိုအပ်တာက သင်ဟာ သင့်ကိုယ်သင် စိတ်လွှင့်နေပြီဆိုတာ သတိပြုမိတာနဲ့ သင့်ရဲ့အတွေးကို ရုပ်သိမ်းပြီး ဝင်လေထွက်လေကို အာရုံပြန်စိုက်ဖို့ပါပဲ။
(၃) ပြင်းပြတဲ့ ရည်မှန်းချက်နဲ့ အဆုံးသတ်ပါ။ မနက်ခင်းမှာ တရားထိုင်ခြင်းက သင့်ရဲ့အတွေးနဲ့ လုပ်ဆောင်မှုကို တစ်နေကုန် အကောင်းဘက် ဦးတည်စေပါတယ်။ မနက်ခင်းမှာ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ စတင်ခြင်းက သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်မှုကို တိုးမြှင့်ပေးစေပါတယ်။

Credit:မိုမိုလေး



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top