iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလးၿမိဳ႕တြင္ ျပဳလုပ္ မည့္ ေမြးေန႔ေဖ်ာ္ေျဖပြဲ၌ ၿမိဳ႕မ၏ တီးခတ္မႈႏွင့္အတူ သီဆိုခြင့္ရရွိျခင္းသည္ စိတ္ကူးယဥ္အိပ္မက္တစ္ခုျဖစ္ေၾကာင္း   စိုင္းစိုင္းခမ္း လိႈင္က ေျပာသည္။

‘‘မႏၲေလးမွာ ပြဲလုပ္တဲ့အခ်ိန္ မွာ ထူးထူးျခားျခားဘယ္လိုစီစဥ္ ရင္ေကာင္းမလဲဆိုၿပီး ကိုရွမ္းမနဲ႔ တိုင္ပင္တဲ့ အခ်ိန္မွာ ကိုရွမ္းမက ဒီအႀကံေလးရလာတာ ျဖစ္ပါ တယ္။ ဒီလိုမ်ဳိးၿမိဳ႕မလို ကြၽန္ေတာ္ ဂါရ၀ထားရတဲ့ တီး၀ိုင္း၊ ေလးစား ရတဲ့ ျမတ္ႏိုးရတဲ့ တီး၀ိုင္းနဲ႔ တီးခြင့္ရဖို႔ဆိုတာ ကြၽန္ေတာ့္အတြက္ အိပ္မက္တစ္ခုလည္း ျဖစ္ပါတယ္’’ဟု ၎က ေျပာသည္။

ဧၿပီ ၁၀ ရက္တြင္က်ေရာက္ မည့္ စိုင္းစိုင္းခမ္းလိႈင္၏ ေမြးေန႔ ေဖ်ာ္ေျဖပြဲကို ယခုႏွစ္တြင္ မႏၲေလး၌ ျပဳလုပ္မည္ျဖစ္သည္။

‘‘ေဖ်ာ္ေျဖပြဲတစ္ခုလံုးရွိသမွ် သီခ်င္းအားလံုးတီးမယ္ဆိုရင္ ေတာ့ သီခ်င္းတိုက္ရတာ အရမ္း ကို ပင္ပန္းမွာလည္း ျဖစ္တယ္။ ကြၽန္ေတာ့္သီခ်င္းေတြထဲမွာ DJ Performance နဲ႔မွ ေဖ်ာ္ေျဖလို႔ ေကာင္းမယ့္ သီခ်င္းေတြလည္း ပါ မယ္။ ဒါေပမဲ့ Orchestra နဲ႔ တီးမွ သင့္ေတာ္တဲ့ သီခ်င္းေတြလည္း ကြၽန္ေတာ့္မွာရွိပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကဆိုရင္ ရန္ကုန္က ဆရာ ဓီရာမိုရ္တို႔တီး၀ိုင္းနဲ႔ တီးခဲ့တာလည္း ျဖစ္တယ္။ ၿမိဳ႕မတီး၀ိုင္းနဲ႔ သင့္ ေတာ္မယ့္ သီခ်င္းေလးေတြကို ေရြးထုတ္ၿပီး ၿမိဳ႕မဘက္ကို အကူ အညီေတာင္းတဲ့အခါမွာ လက္ခံ တဲ့အတြက္ အစီအစဥ္ကို ဆက္ လက္ေဆာင္ရြက္ခဲ့တာပါ’’ဟု စိုင္းစိုင္းခမ္းလိႈင္က ေျပာသည္။

အဆိုပါေဖ်ာ္ေျဖပြဲတြင္ ေဖ်ာ္ေျဖခ်ိန္ ေလးနာရီစာ သီခ်င္း ၃၆ ပုဒ္မွ ၄၆ ပုဒ္အၾကား ျပင္ဆင္ထားၿပီး ပထမဆံုးတစ္ကိုယ္ေတာ္ေခြမွ ေနာက္ဆံုးထြက္ရွိခဲ့သည့္ သီခ်င္းမ်ားအထိ ေခတ္အဆက္ဆက္သီခ်င္းမ်ားပါ၀င္ႏုိင္ေအာင္ စီစဥ္ေနေၾကာင္း ၎က ဆိုသည္။

ထို႔အျပင္ ၎၏ ေမြးေန႔ေဖ်ာ္ ေျဖပြဲကို မႏၲေလးၿမိဳ႕၌ ၂၀၁၂ က တစ္ႀကိမ္ျပဳလုပ္ခဲ့ဖူးေသာ္လည္း ေဖ်ာ္ေျဖေနခ်ိန္တြင္ မိုးရြာခဲ့ၿပီး ပြဲရပ္နားခဲ့ရသျဖင့္ ယခုတစ္ႀကိမ္သည္ ပြဲတစ္ခုလို ခံစားရေၾကာင္း စိုင္းစိုင္းခမ္းလိႈင္က ေျပာသည္။

‘‘ရန္ကုန္က ပရိသတ္ေတြ အကုန္လံုးက နားလည္ခြင့္လႊတ္ ေပးမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ ပါတယ္။ တစ္ခါတေလလုပ္တာ ျဖစ္ပါတယ္။ ရန္ကုန္ပရိသတ္မ်ားက ကြၽန္ေတာ့္ကို ဒီႏွစ္မႏၲေလးမွာ က်င္းပတဲ့အတြက္ စိတ္မကြက္ဖို႔ ကြၽန္ေတာ့္ကိုေရာ မႏၲေလးက ပရိ သတ္ေတြကိုေရာ နားလည္ခြင့္ လႊတ္ေပးပါလို႔’’ဟု ရန္ကုန္တြင္ ေမြးေန႔ေဖ်ာ္ေျဖပြဲမလုပ္ျဖစ္သည့္ အေပၚ ၎က ေတာင္းပန္စကားဆိုသည္။

သို႔ေသာ္လည္း ၎၏ SAI Cosmetic က ဧၿပီ ၂ ရက္တြင္ ျဖန္႔ ခ်ိမည့္ အလွကုန္ပစၥည္းသစ္မ်ား ပ႐ိုမိုးရွင္းပြဲျပဳလုပ္ကာ ေမြးေန႔အႀကိဳ ရန္ကုန္ပရိသတ္မ်ားႏွင့္ ေတြ႕ဆံုရန္ စီစဥ္ထားသည္ဟု ၎က ဆိုသည္။

စိုင္းစိုင္းခမ္းလိႈင္၏ တစ္ ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို ၿပီးခဲ့ သည့္ ၂၀၀၆ တြင္ စတင္ျပဳလုပ္ခဲ့ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ေအာင္ျမင္မႈရရွိခဲ့ကာ မႏၲေလး၌ ျပဳလုပ္မည့္ ေဖ်ာ္ေျဖပြဲသည္ ၁၃ ႏွစ္ဆက္တိုက္ျပဳလုပ္မည့္ ေမြးေန႔ပြဲျဖစ္သည္။




Credit  :7day  daily
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မန္တလေးမြို့တွင် ပြုလုပ် မည့် မွေးနေ့ဖျော်ဖြေပွဲ၌ မြို့မ၏ တီးခတ်မှုနှင့်အတူ သီဆိုခွင့်ရရှိခြင်းသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုဖြစ်ကြောင်း   စိုင်းစိုင်းခမ်း လှိုင်က ပြောသည်။

‘‘မန္တလေးမှာ ပွဲလုပ်တဲ့အချိန် မှာ ထူးထူးခြားခြားဘယ်လိုစီစဉ် ရင်ကောင်းမလဲဆိုပြီး ကိုရှမ်းမနဲ့ တိုင်ပင်တဲ့ အချိန်မှာ ကိုရှမ်းမက ဒီအကြံလေးရလာတာ ဖြစ်ပါ တယ်။ ဒီလိုမျိုးမြို့မလို ကျွန်တော် ဂါရဝထားရတဲ့ တီးဝိုင်း၊ လေးစား ရတဲ့ မြတ်နိုးရတဲ့ တီးဝိုင်းနဲ့ တီးခွင့်ရဖို့ဆိုတာ ကျွန်တော့်အတွက် အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဧပြီ ၁၀ ရက်တွင်ကျရောက် မည့် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖျော်ဖြေပွဲကို ယခုနှစ်တွင် မန္တလေး၌ ပြုလုပ်မည်ဖြစ်သည်။

‘‘ဖျော်ဖြေပွဲတစ်ခုလုံးရှိသမျှ သီချင်းအားလုံးတီးမယ်ဆိုရင် တော့ သီချင်းတိုက်ရတာ အရမ်း ကို ပင်ပန်းမှာလည်း ဖြစ်တယ်။ ကျွန်တော့်သီချင်းတွေထဲမှာ DJ Performance နဲ့မှ ဖျော်ဖြေလို့ ကောင်းမယ့် သီချင်းတွေလည်း ပါ မယ်။ ဒါပေမဲ့ Orchestra နဲ့ တီးမှ သင့်တော်တဲ့ သီချင်းတွေလည်း ကျွန်တော့်မှာရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ရန်ကုန်က ဆရာ ဓီရာမိုရ်တို့တီးဝိုင်းနဲ့ တီးခဲ့တာလည်း ဖြစ်တယ်။ မြို့မတီးဝိုင်းနဲ့ သင့် တော်မယ့် သီချင်းလေးတွေကို ရွေးထုတ်ပြီး မြို့မဘက်ကို အကူ အညီတောင်းတဲ့အခါမှာ လက်ခံ တဲ့အတွက် အစီအစဉ်ကို ဆက် လက်ဆောင်ရွက်ခဲ့တာပါ’’ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် ဖျော်ဖြေချိန် လေးနာရီစာ သီချင်း ၃၆ ပုဒ်မှ ၄၆ ပုဒ်အကြား ပြင်ဆင်ထားပြီး ပထမဆုံးတစ်ကိုယ်တော်ခွေမှ နောက်ဆုံးထွက်ရှိခဲ့သည့် သီချင်းများအထိ ခေတ်အဆက်ဆက်သီချင်းများပါဝင်နိုင်အောင် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ၎င်း၏ မွေးနေ့ဖျော် ဖြေပွဲကို မန္တလေးမြို့၌ ၂၀၁၂ က တစ်ကြိမ်ပြုလုပ်ခဲ့ဖူးသော်လည်း ဖျော်ဖြေနေချိန်တွင် မိုးရွာခဲ့ပြီး ပွဲရပ်နားခဲ့ရသဖြင့် ယခုတစ်ကြိမ်သည် ပွဲတစ်ခုလို ခံစားရကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

‘‘ရန်ကုန်က ပရိသတ်တွေ အကုန်လုံးက နားလည်ခွင့်လွှတ် ပေးမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။ တစ်ခါတလေလုပ်တာ ဖြစ်ပါတယ်။ ရန်ကုန်ပရိသတ်များက ကျွန်တော့်ကို ဒီနှစ်မန္တလေးမှာ ကျင်းပတဲ့အတွက် စိတ်မကွက်ဖို့ ကျွန်တော့်ကိုရော မန္တလေးက ပရိ သတ်တွေကိုရော နားလည်ခွင့် လွှတ်ပေးပါလို့’’ဟု ရန်ကုန်တွင် မွေးနေ့ဖျော်ဖြေပွဲမလုပ်ဖြစ်သည့် အပေါ် ၎င်းက တောင်းပန်စကားဆိုသည်။

သို့သော်လည်း ၎င်း၏ SAI Cosmetic က ဧပြီ ၂ ရက်တွင် ဖြန့် ချိမည့် အလှကုန်ပစ္စည်းသစ်များ ပရိုမိုးရှင်းပွဲပြုလုပ်ကာ မွေးနေ့အကြို ရန်ကုန်ပရိသတ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

စိုင်းစိုင်းခမ်းလှိုင်၏ တစ် ကိုယ်တော်ဖျော်ဖြေပွဲကို ပြီးခဲ့ သည့် ၂၀၀၆ တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုရရှိခဲ့ကာ မန္တလေး၌ ပြုလုပ်မည့် ဖျော်ဖြေပွဲသည် ၁၃ နှစ်ဆက်တိုက်ပြုလုပ်မည့် မွေးနေ့ပွဲဖြစ်သည်။




Credit  :7day  daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top