iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းနီဆိုတာမိန္းကေလးေတြရဲ႕ သည္းေျခႀကိဳက္ အရာေတြထဲက တစ္ခုပါ။ ႏႈတ္ခမ္းနီေတြရဲ႕ွဆြဲအားက ျပင္းထန္သေလာက္ သင္ေကာင္းေကာင္းမသံုးခ်တတ္ရင္လည္း  ဂြမ္းေစတတ္လို႔ သင္အေနနဲ႔အမွားအယြင္း မရွိဖို႔လိုပါတယ္။
ႏႈတ္ခမ္းနီဆိုးတဲ့အခါ လြယ္တယ္လို႔ထင္ရေပမယ့္ တစ္ခါတစ္ေလမွာ အမွားအယြင္းေတြ ရွိတတ္ပါတယ္။ ဘယ္လိုအမွားအယြင္းေတြျဖစ္မလဲဆိုေတာ့…

၁။ႏႈတ္ခမ္းေတြေျခာက္ေသြ႕ကြဲအက္ေနတာ
ၿပီးျပည့္စံုတဲ့ မိတ္ကပ္နဲ႔ ကြဲအက္ၿပီး အဖတ္ဖတ္ေတြလန္ေနတဲ့ ႏႈတ္ခမ္းနီေတြကဘယ္လုိမွ မအပ္စပ္ႏိုင္ပါဘူး။ ေျခာက္ေသြ႔ေနတဲ့ ႏႈတ္ခမ္းေတြမျဖစ္ေစဖို႔ တစ္ေန႔ကို ေရေလးခြက္ကေန ေျခာက္ခြက္ထိ ေသာက္ေပးသင့္ပါတယ္။ ေရဓာတ္ျဖည့္ျခင္းက သင့္ႏႈတ္ခမ္းေတြအတြက္ ေကာင္းေကာင္း အလုပ္မလုပ္ဘူးဆိုရင္ေတာ့ Vaselineေတြ lip balmေတြကို ႏႈတ္ခမ္းနီမဆိုးခင္ လိမ္းေပးသင့္ပါတယ္။

၂။ႏႈတ္ခမ္းကို Scrub မလုပ္တာ
ႏႈတ္ခမ္းကိုအစိုဓာတ္ရေအာင္ လုပ္ၿပီးတဲ့အခါမွာလည္း ႏႈတ္ခမ္းနီမဆိုးခင္ exfoliateလုပ္တာကလည္း အေရးပါပါတယ္။ Exfoliating လုပ္တာက ဆဲလ္အေသေတြကိုဖယ္ရွားေပးႏိုင္ၿပီးႏႈတ္ခမ္းသားကိုု ေခ်ာေမြ႕ေစႏိုင္ပါတယ္။

၃။Lip Linerကိုႏႈတ္ခမ္းနီထက္ အေရာင္ရင့္ရင့္သံုးတာ
 ႏႈတ္ခမ္းနီအေရာင္ႏုႏု ဆိုးေပမယ့္ LipLinerအေရာင္ရင့္ရင့္ကြပ္လိုက္ရင္ သဘာ၀လံုး၀မက်ေတာ့ပါဘူး။ ႏႈတ္ခမ္းကထူထူၾကီး ျဖစ္သြားတဲ့အျပင္ႏႈတ္ခမ္းကအေရာင္က တျခားစီ တမင္သပ္သပ္ၾကီးကို ျဖစ္ေနပါတယ္။ဒါေၾကာင့္ Lip Linerသံုးမယ္ဆိုရင္ ကိုယ္သံုးမယ့္ ႏႈတ္ခမ္းနီနဲ႔ အနီးစပ္ဆံုးတူမယ့္အေရာင္ကို ေရြးပါ။

၄။အေရာင္ေရြးခ်ယ္မႈမွားယြင္းတာ
မိတ္ကပ္ေဖာင္ေဒးရွင္းေတြက အေရာင္အမ်ိဳးမ်ိဳးနဲ႔လာသလိုပဲ ႏႈတ္ခမ္းနီေတြမွာလည္းအေရာင္အမ်ိဳးမ်ိဳး  သင္ေရြးလို႔ရပါတယ္။ အေရာင္ေရြးခ်ယ္တဲ့အခါ ကိုယ္ရဲ႕ အသားအေရာင္နဲ႔ မလိုက္ဖက္တာေတြကို ေရြးခ်ယ္မိတာကလည္း အမွားတစ္ခုပါ။ မလိုက္ဖက္တဲ့ ႏႈတ္ခမ္းနီအေရာင္ေတြက လူကို ပိုရင့္သြားေစႏုိင္သလို  ၾကည့္ရလည္းဆိုးေစပါတယ္။

၅။ႏႈတ္ခမ္းနီအမ်ိဳးအစားမေရြးတတ္တာ
ဒါကလည္း အေရးပါတဲ့အခ်က္တစ္ခ်က္ပါ။ ႏႈတ္ခမ္းနီေတြက သင့္ႏႈတ္ခမ္းကို ေသးငယ္သြားသေယာင္ ထင္ရေစသလို ပိုၿပီးႀကီးသေယာင္ထင္သြားေစပါတယ္။ သင္က ႏႈတ္ခမ္းပါးေနတာကိုGloss Type ဆိုးရင္ အဆင္မေျပႏိုင္ပါဘူး။အေရာင္ရင့္ရင့္ Matteေတြက ႏႈတ္ခမ္းေတြကို ပိုၿပီးပါးလ်တယ္လို႔ ထင္ရေစသလို အေရာင္ေဖ်ာ့ေဖ်ာ့ အဆီပါတဲ့ႏႈတ္ခမ္းနီေတြက ႏႈတ္ခမ္းကို ပိုၿပီး ဖူးဖူးၾကြၾကြေလးျဖစ္ေစပါတယ္။

၆။လုိတာထက္ပိုၿပီး ႏႈတ္ခမ္းသားၾကီးေအာင္ ဆိုးထားတာ
Instagram မွာေခတ္စားသလို ႏႈတ္ခမ္းသားထူထူျပည့္ျပည့္ေလးျဖစ္ေအာင္ ဆိုးတာက ေခတ္စားတယ္ဆိုေပမယ့္ တစ္ခါတစ္ရံမွာ တစ္ခိ်ဳ႕မိန္းကေလးေတြက အလြန္အကၽြံျဖစ္ေအာင္ ျပင္ဆင္တတ္ၾကပါတယ္။ ေခတ္ေရစီးေၾကာင္းဘယ္ေလာက္ပဲ သြားသြား ကိုယ္နဲ႔လိုက္ဖက္လားဆိုတာ အရင္ဆန္းစစ္ၾကည့္ပါ။ ကိုယ့္မ်က္ႏွာကေသးေသးေလးကိုမွ ႏႈတ္ခမ္းကၾကီးေနမယ္ဆိုရင္ေတာ့ ဘယ္လုိမွ အဆင္ေျပမွာမဟုတ္ပါဘူး။ ႏႈတ္ခမ္းသားထူေအာင္ အတင္းလုပ္ယူတာကလည္းသတိျပဳရမယ့္အခ်က္ပါ။

ဒါဆိုအေပၚက အခ်က္ေလးေတြကိုၾကည့္ၿပီး သင္သြားမယ့္ေနရာနဲ႔ အျပင္အဆင္ေပၚမူတည္ၿပီး ႏႈတ္ခမ္းနီကို နည္းစနစ္က်က် ဆိုးၿပီး သင္လိုသလို ပံုေဖာ္လိုက္ပါဦး။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှုတ်ခမ်းနီဆိုတာမိန်းကလေးတွေရဲ့ သည်းခြေကြိုက် အရာတွေထဲက တစ်ခုပါ။ နှုတ်ခမ်းနီတွေရဲ့ှဆွဲအားက ပြင်းထန်သလောက် သင်ကောင်းကောင်းမသုံးချတတ်ရင်လည်း  ဂွမ်းစေတတ်လို့ သင်အနေနဲ့အမှားအယွင်း မရှိဖို့လိုပါတယ်။
နှုတ်ခမ်းနီဆိုးတဲ့အခါ လွယ်တယ်လို့ထင်ရပေမယ့် တစ်ခါတစ်လေမှာ အမှားအယွင်းတွေ ရှိတတ်ပါတယ်။ ဘယ်လိုအမှားအယွင်းတွေဖြစ်မလဲဆိုတော့…

၁။နှုတ်ခမ်းတွေခြောက်သွေ့ကွဲအက်နေတာ
ပြီးပြည့်စုံတဲ့ မိတ်ကပ်နဲ့ ကွဲအက်ပြီး အဖတ်ဖတ်တွေလန်နေတဲ့ နှုတ်ခမ်းနီတွေကဘယ်လိုမှ မအပ်စပ်နိုင်ပါဘူး။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေမဖြစ်စေဖို့ တစ်နေ့ကို ရေလေးခွက်ကနေ ခြောက်ခွက်ထိ သောက်ပေးသင့်ပါတယ်။ ရေဓာတ်ဖြည့်ခြင်းက သင့်နှုတ်ခမ်းတွေအတွက် ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင်တော့ Vaselineတွေ lip balmတွေကို နှုတ်ခမ်းနီမဆိုးခင် လိမ်းပေးသင့်ပါတယ်။

၂။နှုတ်ခမ်းကို Scrub မလုပ်တာ
နှုတ်ခမ်းကိုအစိုဓာတ်ရအောင် လုပ်ပြီးတဲ့အခါမှာလည်း နှုတ်ခမ်းနီမဆိုးခင် exfoliateလုပ်တာကလည်း အရေးပါပါတယ်။ Exfoliating လုပ်တာက ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီးနှုတ်ခမ်းသားကိုု ချောမွေ့စေနိုင်ပါတယ်။

၃။Lip Linerကိုနှုတ်ခမ်းနီထက် အရောင်ရင့်ရင့်သုံးတာ
 နှုတ်ခမ်းနီအရောင်နုနု ဆိုးပေမယ့် LipLinerအရောင်ရင့်ရင့်ကွပ်လိုက်ရင် သဘာဝလုံးဝမကျတော့ပါဘူး။ နှုတ်ခမ်းကထူထူကြီး ဖြစ်သွားတဲ့အပြင်နှုတ်ခမ်းကအရောင်က တခြားစီ တမင်သပ်သပ်ကြီးကို ဖြစ်နေပါတယ်။ဒါကြောင့် Lip Linerသုံးမယ်ဆိုရင် ကိုယ်သုံးမယ့် နှုတ်ခမ်းနီနဲ့ အနီးစပ်ဆုံးတူမယ့်အရောင်ကို ရွေးပါ။

၄။အရောင်ရွေးချယ်မှုမှားယွင်းတာ
မိတ်ကပ်ဖောင်ဒေးရှင်းတွေက အရောင်အမျိုးမျိုးနဲ့လာသလိုပဲ နှုတ်ခမ်းနီတွေမှာလည်းအရောင်အမျိုးမျိုး  သင်ရွေးလို့ရပါတယ်။ အရောင်ရွေးချယ်တဲ့အခါ ကိုယ်ရဲ့ အသားအရောင်နဲ့ မလိုက်ဖက်တာတွေကို ရွေးချယ်မိတာကလည်း အမှားတစ်ခုပါ။ မလိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်တွေက လူကို ပိုရင့်သွားစေနိုင်သလို  ကြည့်ရလည်းဆိုးစေပါတယ်။

၅။နှုတ်ခမ်းနီအမျိုးအစားမရွေးတတ်တာ
ဒါကလည်း အရေးပါတဲ့အချက်တစ်ချက်ပါ။ နှုတ်ခမ်းနီတွေက သင့်နှုတ်ခမ်းကို သေးငယ်သွားသယောင် ထင်ရစေသလို ပိုပြီးကြီးသယောင်ထင်သွားစေပါတယ်။ သင်က နှုတ်ခမ်းပါးနေတာကိုGloss Type ဆိုးရင် အဆင်မပြေနိုင်ပါဘူး။အရောင်ရင့်ရင့် Matteတွေက နှုတ်ခမ်းတွေကို ပိုပြီးပါးလျတယ်လို့ ထင်ရစေသလို အရောင်ဖျော့ဖျော့ အဆီပါတဲ့နှုတ်ခမ်းနီတွေက နှုတ်ခမ်းကို ပိုပြီး ဖူးဖူးကြွကြွလေးဖြစ်စေပါတယ်။

၆။လိုတာထက်ပိုပြီး နှုတ်ခမ်းသားကြီးအောင် ဆိုးထားတာ
Instagram မှာခေတ်စားသလို နှုတ်ခမ်းသားထူထူပြည့်ပြည့်လေးဖြစ်အောင် ဆိုးတာက ခေတ်စားတယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ တစ်ချို့မိန်းကလေးတွေက အလွန်အကျွံဖြစ်အောင် ပြင်ဆင်တတ်ကြပါတယ်။ ခေတ်ရေစီးကြောင်းဘယ်လောက်ပဲ သွားသွား ကိုယ်နဲ့လိုက်ဖက်လားဆိုတာ အရင်ဆန်းစစ်ကြည့်ပါ။ ကိုယ့်မျက်နှာကသေးသေးလေးကိုမှ နှုတ်ခမ်းကကြီးနေမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ နှုတ်ခမ်းသားထူအောင် အတင်းလုပ်ယူတာကလည်းသတိပြုရမယ့်အချက်ပါ။

ဒါဆိုအပေါ်က အချက်လေးတွေကိုကြည့်ပြီး သင်သွားမယ့်နေရာနဲ့ အပြင်အဆင်ပေါ်မူတည်ပြီး နှုတ်ခမ်းနီကို နည်းစနစ်ကျကျ ဆိုးပြီး သင်လိုသလို ပုံဖော်လိုက်ပါဦး။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top