iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္က အလုပ္သြားတဲ့အခါ အသက္အရြယ္ၾကီးရင့္ေနျပီျဖစ္တဲ့ မိခင္ကို တစ္ေယာက္တည္းထားခဲ့ရတာမ်ိဳးရွိပါတယ္။ အိမ္ခြဲျပီးေနတာေၾကာင့္ မိဘေတြက တစ္ေယာက္တည္း ျဖစ္ေနတာမ်ိဳး ရွိပါတယ္။ ဒီလိုအေျခအေနမွာ ကိုယ့္ဘက္က သိပ္ဂရုမစိုက္ႏုိင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေအာက္ပါ လကၡဏာ (၄) ရပ္မ်ိဳး ေတြ႕ရတယ္ဆုိရင္ေတာ့ သင့္မိဘေတြကို တစ္ေယာက္တည္း ပစ္မထားသင့္ေတာ့ပါဘူး။

၁ - ထိခိုက္ဒဏ္ရာ

တစ္ေယာက္တည္းေနတာေၾကာင့္ ေခ်ာ္လဲျပီး ထိခိုက္ဒဏ္ရာရတဲ့အခါ သင့္ကို ေျပာမွာ မဟုတ္ပါဘူး။ ပစၥည္းပစၥယေတြ ေရႊ႕ျပီး ပြန္းပဲ့မိရင္ သင့္ကို ေျပာမွာ မဟုတ္ပါဘူး။ သင္ေျပာမွာကို မခံခ်င္တာ၊ သူ႔အတြက္နဲ႔ သင္ဝန္ပိသြားမွာမ်ိဳးကို စိုးရိမ္တာေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ေယာက္တည္းေနတဲ့ သင့္မိဘေတြမွာ ဒီလိုလကၡဏာမ်ိဳးေတြ႕ရရင္ေတာ့ ပစ္မထားသင့္ေတာ့ပါဘူး။

၂ - ေဆးေသာက္ခ်ိန္

ေသာက္ရမယ့္ ေဆးပုလင္းေတြ ပမာဏမေလ်ာ့ဘဲ ဒီအတုိင္းရွိေနတာဟာ သူတို႔ကို ဂရုစိုက္ရမယ္ဆိုတဲ့ ထင္ရွားတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။ တစ္ေယာက္တည္းေနတဲ့အခါ ေဆးပံုမွန္မေသာက္တာကေန ေဆးမွားေသာက္တာေတြအထိ ျဖစ္ႏုိင္ပါတယ္။ ေဆးတိုက္ဂရုစိုက္ဖို႔ အကူတစ္ေယာက္ထားေပးတာမ်ိဳး လုပ္သင့္ပါတယ္။

၃ - သြင္ျပင္လကၡဏာ

သားသမီးေတြ မ်က္ႏွာမေကာင္းတာကို မိဘေတြက အလြယ္တကူရိပ္မိတတ္ပါတယ္။ ဒီလိုပါပဲ အသက္ၾကီးတဲ့ မိဘေတြရဲ႕ အရိပ္အကဲေတြကိုလည္း သားသမီးေတြက သိသင့္ပါတယ္။ မိဘေတြရဲ႕ က်န္းမာေရးအေျခအေနကစလို႔ အေသးစိတ္ေလးကအစ သတိထားေစာင့္ၾကည့္သင့္ပါတယ္။ ပိန္သြားတာ၊ ေခ်ာင္းဆုိးတာကစလို႔  ရုပ္ပိုင္းဆုိင္ရာ လကၡဏာ အနည္းငယ္ ခ်ိဳ႕ယြင္းမႈ ရွိတာနဲ႔ တစ္ေယာက္တည္း ပစ္မထားသင့္ပါဘူး။

၄ - ေမ့တတ္မႈ

ေမ့တတ္တဲ့အက်င့္ ခပ္စိပ္စိပ္ျဖစ္ေနျပီဆိုရင္ေတာ့ သင့္မိဘေတြကို အိမ္မွာတစ္ေယာက္တည္း ထားခဲ့လို လံုးဝမျဖစ္ေတာ့ပါဘူး။ ပံုမွန္မဟုတ္တဲ့ ေမ့တတ္ပံုမ်ိဳးေတြ သင့္မိဘေတြဆီမွာ ျဖစ္ေနျပီဆုိရင္ေတာ့ ပိုဂရုစိုက္ေပးသင့္ပါတယ္။  ေသာ့ကို ဘယ္နားထားခဲ့မွန္းမသိတာမ်ိဳးက ကိစၥမရွိေပမဲ့ ဒီေသာ့ကို ဘယ္လို သံုးရမလဲ မသိတာမ်ိဳးကေတာ့ စုိးရိမ္စရာ အေျခအေန ျဖစ္ပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်က အလုပ်သွားတဲ့အခါ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင်ကို တစ်ယောက်တည်းထားခဲ့ရတာမျိုးရှိပါတယ်။ အိမ်ခွဲပြီးနေတာကြောင့် မိဘတွေက တစ်ယောက်တည်း ဖြစ်နေတာမျိုး ရှိပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က သိပ်ဂရုမစိုက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အောက်ပါ လက္ခဏာ (၄) ရပ်မျိုး တွေ့ရတယ်ဆိုရင်တော့ သင့်မိဘတွေကို တစ်ယောက်တည်း ပစ်မထားသင့်တော့ပါဘူး။

၁ - ထိခိုက်ဒဏ်ရာ

တစ်ယောက်တည်းနေတာကြောင့် ချော်လဲပြီး ထိခိုက်ဒဏ်ရာရတဲ့အခါ သင့်ကို ပြောမှာ မဟုတ်ပါဘူး။ ပစ္စည်းပစ္စယတွေ ရွှေ့ပြီး ပွန်းပဲ့မိရင် သင့်ကို ပြောမှာ မဟုတ်ပါဘူး။ သင်ပြောမှာကို မခံချင်တာ၊ သူ့အတွက်နဲ့ သင်ဝန်ပိသွားမှာမျိုးကို စိုးရိမ်တာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေတဲ့ သင့်မိဘတွေမှာ ဒီလိုလက္ခဏာမျိုးတွေ့ရရင်တော့ ပစ်မထားသင့်တော့ပါဘူး။

၂ - ဆေးသောက်ချိန်

သောက်ရမယ့် ဆေးပုလင်းတွေ ပမာဏမလျော့ဘဲ ဒီအတိုင်းရှိနေတာဟာ သူတို့ကို ဂရုစိုက်ရမယ်ဆိုတဲ့ ထင်ရှားတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ ဆေးပုံမှန်မသောက်တာကနေ ဆေးမှားသောက်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ဆေးတိုက်ဂရုစိုက်ဖို့ အကူတစ်ယောက်ထားပေးတာမျိုး လုပ်သင့်ပါတယ်။

၃ - သွင်ပြင်လက္ခဏာ

သားသမီးတွေ မျက်နှာမကောင်းတာကို မိဘတွေက အလွယ်တကူရိပ်မိတတ်ပါတယ်။ ဒီလိုပါပဲ အသက်ကြီးတဲ့ မိဘတွေရဲ့ အရိပ်အကဲတွေကိုလည်း သားသမီးတွေက သိသင့်ပါတယ်။ မိဘတွေရဲ့ ကျန်းမာရေးအခြေအနေကစလို့ အသေးစိတ်လေးကအစ သတိထားစောင့်ကြည့်သင့်ပါတယ်။ ပိန်သွားတာ၊ ချောင်းဆိုးတာကစလို့  ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ အနည်းငယ် ချို့ယွင်းမှု ရှိတာနဲ့ တစ်ယောက်တည်း ပစ်မထားသင့်ပါဘူး။

၄ - မေ့တတ်မှု

မေ့တတ်တဲ့အကျင့် ခပ်စိပ်စိပ်ဖြစ်နေပြီဆိုရင်တော့ သင့်မိဘတွေကို အိမ်မှာတစ်ယောက်တည်း ထားခဲ့လို လုံးဝမဖြစ်တော့ပါဘူး။ ပုံမှန်မဟုတ်တဲ့ မေ့တတ်ပုံမျိုးတွေ သင့်မိဘတွေဆီမှာ ဖြစ်နေပြီဆိုရင်တော့ ပိုဂရုစိုက်ပေးသင့်ပါတယ်။  သော့ကို ဘယ်နားထားခဲ့မှန်းမသိတာမျိုးက ကိစ္စမရှိပေမဲ့ ဒီသော့ကို ဘယ်လို သုံးရမလဲ မသိတာမျိုးကတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top