iMyanmarHouse.com - Best Property Website for Myanmar
×

 ေယာက်ာ္းေတြဟာ ကာမအေၾကာင္းကို ၆ စကၠန္႔တိုင္းမွာ ေတြးေလ႔ရွိတယ္လို႔ ဆိုၾကပါတယ္။ တခ်ိဳ႕ေယာက်ာ္းေတြရဲ႕ ဦးေႏွာက္ထဲမွာ ကာမ က တကယ္ရွိေၾကာင္းကို သိပၸံပညာရွင္ေတြက သက္ေသျပခဲ႔ပါတယ္။
ေယာက်ာ္းေတြဟာ ဦးေႏွာက္ဆဲလ္အပိုႏွစ္ခု ပိုင္ဆိုင္ထားေၾကာင္း ေဖာက္ထြင္းျမင္ရၿပီး အလြန္ေသးငယ္တဲ႔ ပိုးေကာင္ေတြကို ေလ႔လာၿပီး ရွာေဖြေတြ႕ရွိခဲ႔ပါတယ္။ ဒီလို ဦးေႏွာက္ဆဲလ္အပိုႏွစ္ခု ရွိတဲ႔အတြက္ ကာမကို ရွာေဖြေနတာ ျဖစ္ပါတယ္။

တကယ္႔ကိုပဲ၊ အဲဒီ႔ဆဲလ္ေတြမွာ အားေကာင္းတဲ႔ ဆြဲငင္မႈရွိၿပီး အစားထက္ ကာမကို ပိုဦးစားေပးေစမႈကို ျဖစ္ေပၚေစပါတယ္။

ဒီေလ႔လာမႈဟာ ပိုးေကာင္ေတြကို ေလ႔လာခဲ႔တာဆိုေပမဲ႔၊ သူတို႔ရဲ႕ ဇီဝျဖစ္စဥ္က ကြ်န္ေတာ္တို႔ ဇီဝျဖစ္စဥ္နဲ႔ အလားသ႑ာန္တူပါတယ္။ ဒီေလ႔လာမႈကတဆင္႔ လူေတြအပါအဝင္ တျခားသတၱဝါေတြရဲ႕ ကာမဆိုင္ရာ အျပဳအမူေတြကို သိျမင္လာေစႏုိင္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။

ပိုးေကာင္ေတြကို ေလ႔လာတဲ႔အခါမွာ အထီး (male) နဲ႔ အထီးမဟုတ္၊ အမ မဟုတ္ (Hermaphrodites)  ႏွစ္မ်ိဳးစလံုးကို ေလ႔လာမႈျပဳခဲ႔ပါတယ္။ Hermaphrodites မွာမေတြ႔ရတဲ႔ ဦးေႏွာက္ဆဲလ္ႏွစ္ခုက Male ေတြမွာ ပါေနပါတယ္။ ဒါကို အထီးေတြရဲ႕ ဆန္းၾကယ္ဆဲလ္ လို႔ သိၾကပါတယ္။ ဆားငံရည္ကို သူတို႔က ခံႏိုင္ရည္ သိပ္မရွိၾကပါဘူး။ ဆားငံရည္နဲ႔ အစာငတ္ခံထားၿပီး သူတို႔ကို ေလ႔က်င္႔ေပးခဲ႔ပါတယ္။ မတူညီတဲ႔ ဆားေပ်ာ္ရည္ပါဝင္မႈရွိတဲ႔ ပန္းကန္ထဲကို ထည္႔လိုက္တဲ႔အခါ ဆားနဲ႔ေဝးရာကို သြားၾကပါတယ္။ ဒါကို လိင္ႏွစ္မ်ိဳးစလံုးက သိပါတယ္။ ကာမနဲ႔မွ်ားၿပီးထားတဲ႔အခါမွာေတာ႔ Male ေတြက ေပ်ာ္ရည္ႏွစ္ခုရဲ႕အလယ္မွာ ေနၾကပါတယ္။ ဒါဟာ အစားထက္၊ ကာမကို ဦးစားေပးတယ္ဆိုတာကို ျပသတာပါ။ Hermaphrodites ေတြကေတာ႔ ဆားကို ဆက္ၿပီးေရွာင္ျမဲေရွာင္ေနၾကပါတယ္။

Male ေတြဟာ အရာရာနဲ႔ယွဥ္ရင္ အခ်စ္ေရးကို ဦးစားေပးတဲ႔သေဘာလို႔ သုေတသီေတြက သံုးသပ္ၾကပါတယ္။


Credit :Thithtoolwin


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ယောကျာ်းတွေဟာ ကာမအကြောင်းကို ၆ စက္ကန့်တိုင်းမှာ တွေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ယောကျာ်းတွေရဲ့ ဦးနှောက်ထဲမှာ ကာမ က တကယ်ရှိကြောင်းကို သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။
ယောကျာ်းတွေဟာ ဦးနှောက်ဆဲလ်အပိုနှစ်ခု ပိုင်ဆိုင်ထားကြောင်း ဖောက်ထွင်းမြင်ရပြီး အလွန်သေးငယ်တဲ့ ပိုးကောင်တွေကို လေ့လာပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ဦးနှောက်ဆဲလ်အပိုနှစ်ခု ရှိတဲ့အတွက် ကာမကို ရှာဖွေနေတာ ဖြစ်ပါတယ်။

တကယ့်ကိုပဲ၊ အဲဒီ့ဆဲလ်တွေမှာ အားကောင်းတဲ့ ဆွဲငင်မှုရှိပြီး အစားထက် ကာမကို ပိုဦးစားပေးစေမှုကို ဖြစ်ပေါ်စေပါတယ်။

ဒီလေ့လာမှုဟာ ပိုးကောင်တွေကို လေ့လာခဲ့တာဆိုပေမဲ့၊ သူတို့ရဲ့ ဇီဝဖြစ်စဉ်က ကျွန်တော်တို့ ဇီဝဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒီလေ့လာမှုကတဆင့် လူတွေအပါအဝင် တခြားသတ္တဝါတွေရဲ့ ကာမဆိုင်ရာ အပြုအမူတွေကို သိမြင်လာစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပိုးကောင်တွေကို လေ့လာတဲ့အခါမှာ အထီး (male) နဲ့ အထီးမဟုတ်၊ အမ မဟုတ် (Hermaphrodites)  နှစ်မျိုးစလုံးကို လေ့လာမှုပြုခဲ့ပါတယ်။ Hermaphrodites မှာမတွေ့ရတဲ့ ဦးနှောက်ဆဲလ်နှစ်ခုက Male တွေမှာ ပါနေပါတယ်။ ဒါကို အထီးတွေရဲ့ ဆန်းကြယ်ဆဲလ် လို့ သိကြပါတယ်။ ဆားငံရည်ကို သူတို့က ခံနိုင်ရည် သိပ်မရှိကြပါဘူး။ ဆားငံရည်နဲ့ အစာငတ်ခံထားပြီး သူတို့ကို လေ့ကျင့်ပေးခဲ့ပါတယ်။ မတူညီတဲ့ ဆားပျော်ရည်ပါဝင်မှုရှိတဲ့ ပန်းကန်ထဲကို ထည့်လိုက်တဲ့အခါ ဆားနဲ့ဝေးရာကို သွားကြပါတယ်။ ဒါကို လိင်နှစ်မျိုးစလုံးက သိပါတယ်။ ကာမနဲ့မျှားပြီးထားတဲ့အခါမှာတော့ Male တွေက ပျော်ရည်နှစ်ခုရဲ့အလယ်မှာ နေကြပါတယ်။ ဒါဟာ အစားထက်၊ ကာမကို ဦးစားပေးတယ်ဆိုတာကို ပြသတာပါ။ Hermaphrodites တွေကတော့ ဆားကို ဆက်ပြီးရှောင်မြဲရှောင်နေကြပါတယ်။

Male တွေဟာ အရာရာနဲ့ယှဉ်ရင် အချစ်ရေးကို ဦးစားပေးတဲ့သဘောလို့ သုတေသီတွေက သုံးသပ်ကြပါတယ်။


Credit :Thithtoolwin


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top