iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္လိမ္းျခယ္လိုက္တဲ့အခါ ဘယ္လိုပဲ အေကာင္းစားမိတ္ကပ္အမ်ိဳးအစားေတြပဲ သံုးသံုး၊ ေအာက္ခံအသားအေရက မၾကည္လင္ေနဘူးဆိုရင္ မ်က္ႏွာေလးက ဝင္းပစိုေျပၿပီး ၾကည္ေတာက္မေနေတာ့ပါဘူး။ နဂို သင့္ မ်က္ႏွာအသားအေရက လန္းလန္းဆန္းဆန္းရွိေနမယ္၊ ဝက္ၿခံနဲ႔ အျခားအစက္အေျပာက္ေတြ ကင္းစင္ေနမယ္ဆိုရင္ ပိုလို႔ေတာင္ ၾကည့္လို႔ လွသြားမွာပါ။

မ်က္ႏွာအသားအေရကို ၾကည္လင္ေအာင္ သန္႔စင္ေပးတဲ့ skincare ေတြ အမ်ားႀကီးရွိတာေၾကာင့္ ဘယ္အမ်ိဳးအစားက ေကာင္းတာလဲဆိုတာေတာင္ လိုက္မေရြးႏိုင္ေတာ့ပါဘူး။ သဘာဝ သစ္သီးသစ္ဖုေတြ၊ အသီးအႏွံေတြက ေပးတဲ့ ဗီတာမင္ဓာတ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြထက္ ပိုေကာင္းတာပဲ ရွိႏိုင္ပါ့မလား။ skincare ေတြမွာ ပါဝင္တဲ့ ဓာတ္ေတြက သစ္သီးသစ္ဖုေတြက ေပးစြမ္းတဲ့ အာနိသင္အတိုင္း ရေအာင္ ဓာတုေဗဒပစၥည္းေတြနဲ႔ ဖန္တီးထားတဲ့ ဓာတုျဒပ္ေပါင္းေတြသာ ျဖစ္ပါတယ္။ အသားအေရၾကည္လင္ခ်င္တယ္ဆိုရင္ အေရျပားကို ကာကြယ္ထိန္းသိမ္းေပးမယ့္ လိုးရွင္းနဲ႔ ခရင္မ္ေတြႀကီး လိမ္းေနရုံနဲ႔ မရပါဘူး။ ခႏၶာကိုယ္အတြင္းမွာ ရွိတဲ့ ဆဲလ္ေတြကို အားျဖည့္ေပးမယ့္ အစားအစာေတြနဲ႔ သစ္သီးဝလံေတြကို စားေသာက္ေပးဖို႔လည္း လိုအပ္ပါတယ္။

လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခႏၶာကိုယ္ဖဲြ႕စည္းပံုျခင္း မတူသလို ကိုယ္စီပိုင္ဆိုင္ထားတဲ့ အေရျပား အမ်ိဳးအစားေတြကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္မတူပဲ ကဲြျပားၾကပါတယ္။ ကိုယ့္အေရျပားအမ်ိဳးအစားနဲ႔ သင့္ေတာ္မယ့္ skincare၊ လိုက္ဖက္မယ့္ cosmetic products ေတြ ေသခ်ာေရြးခ်ယ္ဝယ္ယူမယ့္အစား အေရျပား အမ်ိဳးအစား အားလံုးအတြက္ သင့္ေတာ္တဲ့ ေဖ်ာ္ရည္တစ္မ်ိဳးေသာက္လို႔ ရပါတယ္။ အသားအေရ ၾကည္လင္သန္႔စင္ေစဖို႔ မနက္တိုင္း ကိုက္လန္ေဖ်ာ္ရည္ကို ေသာက္ေပးပါလို႔ အေရျပားအထူးကု ေရခ်ယ္ နာဇာရီရန္ (dermatologist Rachel Nazarian M.D.) က ေျပာျပခဲ့ပါတယ္။

ကုိက္လန္ေဖ်ာ္ရည္မွာ ဗီတာမင္ ေအ (Vitamin A) ဓာတ္အျပင္ အိုမင္းရင့္္ေရာ္ျခင္းကို ကာကြယ္ေပးတဲ့ ခရင္မ္ေတြမွာ ေတြ႕ရေလ့ရွိတဲ့ ရယ္တီေနာ (Retinol) ဓာတ္လည္း ပါဝင္ပါတယ္။ ဗီတာမင္ စီနဲ႔ ေကာ့ပါး (copper) ဓာတ္ေတြလည္း ပါဝင္တာမို႔ ကိုက္လန္ေဖ်ာ္ရည္ေသာက္မယ္ဆိုရင္ အေရျပားဆဲလ္ေတြကို ျပန္လည္တင္းရင္းေစၿပီး ဆဲလ္သစ္ေတြရဲ့ ႀကီးထြားမႈႏႈန္းကို ျမန္ဆန္ေစပါတယ္။ မနက္ျဖန္ကစၿပီး ကိုက္လန္ေဖ်ာ္ရည္ကို ေသာက္ေတာ့မယ္လို႔ ၾကံစည္ထားသူမ်ားအတြက္ ကိုက္လန္ေဖ်ာ္ရည္ ေဖ်ာ္နည္းကိုပါ ေဖာ္ျပေပးလိုက္ပါတယ္။

ကိုက္လန္ေဖ်ာ္ရည္ ေဖ်ာ္နည္း

ေရဖန္ခြက္ တစ္ဝက္

ကိုက္လန္ရြက္ကို ႀကိတ္ေျခထားတဲ့အရည္ (၂) ခြက္

ပန္းသီးအစိမ္း (၂) လံုး  (အခြံႏႊာထား စိပ္ထားၿပီး)

နံနံပင္ လက္တစ္ဆုပ္  (ႏုပ္ႏုပ္စဥ္း)

သခြားသီး မႀကီးမေသးအရြယ္ တစ္ဝက္  (ႏုပ္ႏုပ္စဥ္း)

တရုတ္နံနံပင္ (၃) (၄) ပင္ (ႏုပ္ႏုပ္စဥ္း)

ဂ်င္းတစ္တက္ တစ္လက္မအရြယ္ (အခြံႏႊာထားၿပီး)

ကိုက္လန္ေဖ်ာ္ရည္ ေဖ်ာ္နည္း

သံပုယိုရည္ စားပဲြတင္ဇြန္း (၂) ဇြန္း

အရြက္ေတြ အကုန္လံုးကို ႏုပ္ႏုပ္စဥ္းၿပီး Blender ထဲ ထည့္ၿပီး ႀကိတ္လိုက္ပါ။ အရည္အပ်စ္အက်ဲကို သင့္စိတ္ႀကိဳက္ ရေအာင္ ေရခဲတံုးမ်ားထည့္ေပးၿပီး ထပ္ႀကိတ္လို႔ ရပါတယ္။ ႀကိတ္ထားတဲ့ ေဖ်ာ္ရည္အႏွစ္ကို ဒီတိုင္းေသာက္လို႔ ရသလို ဇကာေလးနဲ႔ စစ္ၿပီး အဖတ္ေတြ မပါဘဲ အရည္ပဲ ေသာက္လို႔လည္း ရပါတယ္။ ဒီကိုက္လန္ေဖ်ာ္ရည္ကို မနက္တိုင္း မပ်က္မကြက္ ေသာက္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို ၾကည္ေတာက္လာေစမယ့္အျပင္ ကယ္လိုရီ လံုးဝမပါတာေၾကာင့္ ဝိတ္က်ေစႏိုင္ပါေသးတယ္။

Credit : Duwun



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


မိတ်ကပ်လိမ်းခြယ်လိုက်တဲ့အခါ ဘယ်လိုပဲ အကောင်းစားမိတ်ကပ်အမျိုးအစားတွေပဲ သုံးသုံး၊ အောက်ခံအသားအရေက မကြည်လင်နေဘူးဆိုရင် မျက်နှာလေးက ဝင်းပစိုပြေပြီး ကြည်တောက်မနေတော့ပါဘူး။ နဂို သင့် မျက်နှာအသားအရေက လန်းလန်းဆန်းဆန်းရှိနေမယ်၊ ဝက်ခြံနဲ့ အခြားအစက်အပြောက်တွေ ကင်းစင်နေမယ်ဆိုရင် ပိုလို့တောင် ကြည့်လို့ လှသွားမှာပါ။

မျက်နှာအသားအရေကို ကြည်လင်အောင် သန့်စင်ပေးတဲ့ skincare တွေ အများကြီးရှိတာကြောင့် ဘယ်အမျိုးအစားက ကောင်းတာလဲဆိုတာတောင် လိုက်မရွေးနိုင်တော့ပါဘူး။ သဘာဝ သစ်သီးသစ်ဖုတွေ၊ အသီးအနှံတွေက ပေးတဲ့ ဗီတာမင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေထက် ပိုကောင်းတာပဲ ရှိနိုင်ပါ့မလား။ skincare တွေမှာ ပါဝင်တဲ့ ဓာတ်တွေက သစ်သီးသစ်ဖုတွေက ပေးစွမ်းတဲ့ အာနိသင်အတိုင်း ရအောင် ဓာတုဗေဒပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ ဓာတုဒြပ်ပေါင်းတွေသာ ဖြစ်ပါတယ်။ အသားအရေကြည်လင်ချင်တယ်ဆိုရင် အရေပြားကို ကာကွယ်ထိန်းသိမ်းပေးမယ့် လိုးရှင်းနဲ့ ခရင်မ်တွေကြီး လိမ်းနေရုံနဲ့ မရပါဘူး။ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ဆဲလ်တွေကို အားဖြည့်ပေးမယ့် အစားအစာတွေနဲ့ သစ်သီးဝလံတွေကို စားသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်း မတူသလို ကိုယ်စီပိုင်ဆိုင်ထားတဲ့ အရေပြား အမျိုးအစားတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူပဲ ကွဲပြားကြပါတယ်။ ကိုယ့်အရေပြားအမျိုးအစားနဲ့ သင့်တော်မယ့် skincare၊ လိုက်ဖက်မယ့် cosmetic products တွေ သေချာရွေးချယ်ဝယ်ယူမယ့်အစား အရေပြား အမျိုးအစား အားလုံးအတွက် သင့်တော်တဲ့ ဖျော်ရည်တစ်မျိုးသောက်လို့ ရပါတယ်။ အသားအရေ ကြည်လင်သန့်စင်စေဖို့ မနက်တိုင်း ကိုက်လန်ဖျော်ရည်ကို သောက်ပေးပါလို့ အရေပြားအထူးကု ရေချယ် နာဇာရီရန် (dermatologist Rachel Nazarian M.D.) က ပြောပြခဲ့ပါတယ်။

ကိုက်လန်ဖျော်ရည်မှာ ဗီတာမင် အေ (Vitamin A) ဓာတ်အပြင် အိုမင်းရင့််ရော်ခြင်းကို ကာကွယ်ပေးတဲ့ ခရင်မ်တွေမှာ တွေ့ရလေ့ရှိတဲ့ ရယ်တီနော (Retinol) ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင် စီနဲ့ ကော့ပါး (copper) ဓာတ်တွေလည်း ပါဝင်တာမို့ ကိုက်လန်ဖျော်ရည်သောက်မယ်ဆိုရင် အရေပြားဆဲလ်တွေကို ပြန်လည်တင်းရင်းစေပြီး ဆဲလ်သစ်တွေရဲ့ ကြီးထွားမှုနှုန်းကို မြန်ဆန်စေပါတယ်။ မနက်ဖြန်ကစပြီး ကိုက်လန်ဖျော်ရည်ကို သောက်တော့မယ်လို့ ကြံစည်ထားသူများအတွက် ကိုက်လန်ဖျော်ရည် ဖျော်နည်းကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ကိုက်လန်ဖျော်ရည် ဖျော်နည်း

ရေဖန်ခွက် တစ်ဝက်

ကိုက်လန်ရွက်ကို ကြိတ်ခြေထားတဲ့အရည် (၂) ခွက်

ပန်းသီးအစိမ်း (၂) လုံး  (အခွံနွှာထား စိပ်ထားပြီး)

နံနံပင် လက်တစ်ဆုပ်  (နုပ်နုပ်စဉ်း)

သခွားသီး မကြီးမသေးအရွယ် တစ်ဝက်  (နုပ်နုပ်စဉ်း)

တရုတ်နံနံပင် (၃) (၄) ပင် (နုပ်နုပ်စဉ်း)

ဂျင်းတစ်တက် တစ်လက်မအရွယ် (အခွံနွှာထားပြီး)

ကိုက်လန်ဖျော်ရည် ဖျော်နည်း

သံပုယိုရည် စားပွဲတင်ဇွန်း (၂) ဇွန်း

အရွက်တွေ အကုန်လုံးကို နုပ်နုပ်စဉ်းပြီး Blender ထဲ ထည့်ပြီး ကြိတ်လိုက်ပါ။ အရည်အပျစ်အကျဲကို သင့်စိတ်ကြိုက် ရအောင် ရေခဲတုံးများထည့်ပေးပြီး ထပ်ကြိတ်လို့ ရပါတယ်။ ကြိတ်ထားတဲ့ ဖျော်ရည်အနှစ်ကို ဒီတိုင်းသောက်လို့ ရသလို ဇကာလေးနဲ့ စစ်ပြီး အဖတ်တွေ မပါဘဲ အရည်ပဲ သောက်လို့လည်း ရပါတယ်။ ဒီကိုက်လန်ဖျော်ရည်ကို မနက်တိုင်း မပျက်မကွက် သောက်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်တောက်လာစေမယ့်အပြင် ကယ်လိုရီ လုံးဝမပါတာကြောင့် ဝိတ်ကျစေနိုင်ပါသေးတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top