iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသား ခ်င္းလိင္တူ ဆက္ဆံ မႈ၊ အမ်ိဳးသား ခ်င္း လက္ထပ္ အတူေနခြင့္ ေတြကို တရားဝင္ ခြင့္ျပဳ တဲ့ နိုင္ငံေတြ၊ ယာဥ္ေက်း မႈ လူမႈ ပတ္ဝန္းက်င္ သစ္ေတြ တေန႕တျခား ပိုမို မ်ားျပား လာေနပါၿပီ။ ျမန္မာနိုင္ငံ မွာေတာင္ အမ်ိဳးသားခ်င္း လိင္တူ ခ်င္း အတူ ေနၾကတဲ့ ဓေလ့ သစ္ တခု တျဖည္းျဖည္းအျမစ္တြယ္ေနတဲ့အျပင္ ဥပေဒေၾကာင္းအရ အသိအမွတ္ မျပဳေပမယ့္ လူမႈ ပတ္ဝန္းက်င္ မွာေတာ့ လက္ခံတာ မ်ိဳးေတြရွိလာပါၿပီ။ ဒါေပမယ့္ လည္း သဘာဝ တရား ကို ဆန႔္က်င္ ၿပီး လုပ္တဲ့ ကိစၥျဖစ္ တာမို႔ လိင္တူ ဆက္ဆံ တာက ဆိုးက်ိဳးမ်ား စြာရွိပါတယ္။ ဒီတပတ္ လိင္ပိုင္း ဆိုင္ရာ က်န္းမာေရး အသိပညာ ေပးမႈ အျဖစ္ အမ်ိဳးသား ခ်င္း လိင္တူ ဆက္ဆံ မယ္ဆိုရင္ ျဖစ္နိုင္တဲ့ က်န္းမာေရး ျပသနာေတြ ေဖာ္ျပ လိုက္ ပါတယ္။

အမ်ိဳးသား လိင္တူ ဆက္ဆံ မႈဆို တာ

အမ်ိဳးသား ခ်င္း လိင္တူ ဆက္ဆံ ျခင္းက အမ်ိဳးသမီး ေတြနဲ႕ လိင္ကြဲ ဆက္ဆံျခင္း ထက္ ပိုၿပီး က်န္းမာေရး အရအႏၲရာယ္ မ်ားပါ တယ္။ လိင္ ဆက္ဆံေဖာ္ မ်ားတာ ေၾကာင့္ သာမဟုတ္ဘဲ အမ်ိဳးသား ခ်င္း လိင္ ဆက္ဆံမႈ ရဲ႕ သဘာဝ ေၾကာင့္ လည္း ျဖစ္ပါ တယ္။
အမ်ိဳးသား ခ်င္း လိင္တူ ဆက္ဆံ တဲ့ အေလ့ အထက ျပဳသူ နဲ႕ အျပဳခံ သူ (ျမန္မာနိုင္ငံ မွာေတာ့ top နဲ႕ bottom လို႔ သိၾက ပါတယ္) တို႔က အမ်ား သိၾကတဲ့ နည္းလမ္း ေတြ အတိုင္း ဆက္ဆံ ၿပီး သာယာ မႈရွာေဖြတာမ်ိဳး မကေတာ့ဘဲ ရံဖန္ရံခါ မွာ ပုံမွန္ ဆိုတာ ထက္ ပိုလြန္ တာ ေတြ (ဥပမာ- လက္ သို႔မဟုတ္ အျခားပစၥည္းေတြ) အသုံးျပဳတာမ်ိဳးေတြ လုပ္တတ္ၾကတဲ့ အတြက္ အႏၲရာယ္ ပိုမ်ားလာခဲ့ပါ တယ္။ mouth-anal contact သို႔မဟုတ္ oral-anal contact လို႔ေခၚတဲ့ ပါးစပ္နဲ႕ စအို ထိေတြ႕ ဆက္ဆံျခင္းကို လုပ္ တတ္ၾက သူေတြ ကေတာ့ အႏၲရာယ္ အမ်ားဆုံး ျဖစ္ပါတယ္။

စအို အသုံးျပဳ ဆက္ဆံျခင္း


စအိုကို အသုံးျပဳၿပီးေတာ့ လိင္ ဆက္ဆံျ ခင္းက Gay အမ်ားအျပား အသုံးျပဳေနၾကနည္းလမ္းျဖစ္ပါတယ္။ ဒါေပမယ့္ စအို ဆိုတာ ခႏၶာကိုယ္ရဲ႕ သဘာဝအရ စအိုဟာလိင္ အဂၤါ မဟုတ္ပါဘူး။ အမ်ိဳးသမီး လိင္အဂၤါနဲ႕လည္း သိသိသာသာကြဲျပားပါ တယ္။ အမ်ိဳးသမီး အဂၤါမွာ သဘာဝ ေခ်ာဆီေတြရွိၿပီးေတာ့ ႂကြက္သား ကြန္ရက္ ကလည္း အေထာက္အပံ့ ေပးထားပါတယ္။ ႏွိုင္းယဥ္ ၾကည့္မယ္ဆိုရင္ စအို ဟာ ႏူးညံ့ တဲ့ ႂကြက္သားငယ္ ေလးေတြနဲ႕ ဖြဲ႕စည္းထားတဲ့ ထြက္ေပါက္ တခု၊ အျပင္ ကို အညစ္ အေၾကး စြန႔္ပစ္႐ုံ သက္သက္ သာ ျဖစ္ပါတယ္။ ထပ္ခါ တလဲလဲ ပြတ္တိုက္ျခင္း၊ ဆြဲဆန႔္ သလိုျဖစ္ျခင္းေတြေၾကာင့္ ကြင္းပုံ သ႑န္ ႂကြက္သားေတြကို ေလ်ာ့လ်ဲ ေစၿပီးေတာ့ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္နိုင္စြမ္း မရွိေတာ့ဘဲ ေနာက္ဆက္ တြဲ အေနနဲ႕ အညစ္အေၾကးေတြ မထိန္းနိုင္ဘဲ ထြက္က်ျခင္းကေနၿပီးေတာ့ နာတာရွည္ ေဝဒနာ ျဖစ္သြားတဲ့ အထိ ႀကဳံေတြ႕ ရနိုင္ပါ တယ္။

ဒီလို ကူးစက္တတ္ တဲ့ေရာဂါ ေတြဟာ လိင္တူ ဆက္ဆံ ေတြမွာသာ သီးသန႔္ ျဖစ္တတ္ တာမ်ိဳး မဟုတ္ေပမယ့္ လိင္တူ ဆက္ဆံ သူေတြၾကားမွာ အမ်ားဆုံး ေတြ႕ရ တတ္ပါတယ္။
အေမရိကန္ နိုင္ငံ ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာန (Centers for Disease Control and Prevention –CDC) က ၂၀၁၀ ခုႏွစ္ လိင္ေၾကာင့္ကူးစက္တတ္တဲ့ ေရာဂါကာကြယ္ေရးဆိုင္ရာ အမ်ိဳးသား ကြန္ဖရင့္ မွာတင္သြင္းခဲ့တဲ့ အခ်က္ အလက္ ေတြ အရ အေမရိကန္ နိုင္ငံမွာအမ်ိဳးသားခ်င္း လိင္တူဆက္ဆံသူေတြထဲမွာ HIV ေတြ႕ရွိရမႈက တျခား အမ်ိဳး သား ေတြမွာ ေတြ႕ရွိရမႈထက္ ၄၄ ဆမ်ားၿပီးေတာ့ တျခားအမ်ိဳးသမီးေတြထက္ အဆ ၄၀ မ်ားတယ္လို႔ သိရပါတယ္။ ဆစ္ ဖလစ္ ပထမအဆင့္နဲ႕ ဒုတိယအဆင့္ ေတြ႕ရွိရမႈကလည္း အမ်ိဳးသားခ်င္း လိင္တူ ဆက္ဆံ သူေတြက တျခား အမ်ိဳးသား ေတြ ထက္ ၄၆ ဆပိုၿပီးေတာ့ အမ်ိဳးသမီး ေတြထက္ ၇၁ ဆ ပိုမ်ားတယ္လို႔လဲ ဆိုပါတယ္။
၁၉၈၈ ခုႏွစ္မွာ CDC က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ အသည္းေရာင္ ဘီပိုးကူးစက္မႈ အားလုံး ရဲ႕ ၂၁ ရာခိုင္ႏႈန္းဟာ လိင္တူဆက္ ဆံမႈေၾကာင့္ ျဖစ္တယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ လိင္ကြဲ ဆက္ဆံ မႈေၾကာင့္ ကူးစက္မႈကေတာ့ ၁၈ ရာခိုင္ႏႈန္း ျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ နိုင္ငံမွာ လိင္တူ ဆက္ဆံ သူက လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းနဲ႕ ၃ ရာခိုင္ႏႈန္း အတြင္းမွာသာ ရွိေပမယ့္ ေရာဂါကူးစက္မႈမွာကေတာ့ လိင္ကြဲဆက္ဆံသူေတြထက္ သိသိသာသာကို ျမင့္မားေနတာကို ေတြ႕ရပါတယ္။စအိုကို အသုံးျပဳၿပီး ဆက္ဆံျခင္းေၾကာင့္ အမ်ိဳးသားေတြမွာ စအိုကင္ဆာျဖစ္ပြားမႈကို ျမင့္တက္ေစပါတယ္။ Human Papilloma ဗိုင္းရပ္စ္ ပုံစံကြဲ အခ်ိဳ႕ေၾကာင့္ ဒီလိုျဖစ္ရျခင္း ျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္မွာ ေကာက္ယူခဲ့တဲ့ အခ်က္အလက္ ေတြ အရ လိင္တူ ဆက္ဆံ တဲ့ အမ်ိဳးသား ေတြမွာ စအို ကင္ဆာ ျဖစ္ပြားမႈက လိင္ကြဲဆက္ဆံသူေတြမွာ ျဖစ္တာထက္ ၁၀ဆ ပိုမ်ား လာပါတယ္။ AIDS မွာလည္း လိင္တူ ဆက္ဆံ သူ အမ်ိဳးသား ေတြက ၂ ဆျဖစ္ေနပါတယ္။

ပါးစပ္-စအို ဆက္ဆံျခင္း

လိင္တူ ဆက္ဆံ တဲ့ အမ်ိဳးသား ေတြမွာ ကပ္ပါးပိုးနဲ႕ အူလမ္းေၾကာင္းအတြင္း ေရာဂါျဖစ္ပြားမႈႏႈန္းျမင့္မားေစတာက oral-anal contact ေၾကာင့္ျဖစ္ပါတယ္။ အကာအကြယ္ မပါဘဲ စအို ကို ဆက္ဆံ တဲ့ အျပင္ စအို လွ်ာႏွင့္လ်က္ျခင္း ဒါမွ မဟုတ္ အမ်ိဳး သား လိင္ အဂၤါ ကို ပါးစပ္နဲ႕ ဆက္ဆံ ေပးျခင္းေတြ သူေတြ ထဲမွာ Gay bowel syndrome လို႔ေခၚတဲ့ ဒီလို ေရာဂါမ်ိဳးေတြ ျဖစ္ ပြားမႈကို ပိုမိုေတြ႕ရွိရပါတယ္။ အမ်ိဳးသမီး အခ်ိဳ႕မွာလည္း ေတြ႕ရတတ္ေပမယ့္ အမ်ားဆုံး ေသာ လူနာ ေတြကေတာ့ အမ်ိဳး သားခ်င္း လိင္တူဆက္ဆံသူေတြျဖစ္ၾကပါတယ္။
အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာနက ၁၉၉၁ မွာထုတ္ျပန္တဲ့ အခ်က္ေတြအရ နယူးေယာက္ၿမိဳ႕က အသည္းေရာင္ ေအပိုး ရွိသူ အမ်ိဳးသား ေတြကို စစ္တမ္းေကာက္ ယူၾကည့္တဲ့ အခါမွာ ေျဖဆိုေပးသူေတြထဲက ၇၈ ရာခိုင္ႏႈန္းက သူတို႔ဟာ လိင္တူ ဆက္ဆံသူ သို႔မဟုတ္ လိင္တူ လိင္ကြဲဆက္ဆံသူေတြ ျဖစ္တဲ့ အေၾကာင္း ဝန္ခံခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။
အေမရိကန္ နိုင္ငံက အမ်ိဳးသားခ်င္းလိင္တူဆက္ဆံသူေတြဆီမွာ Human Herpes Virus 8 (HHV-8) ကိုေတြ႕ရပါတယ္။ နယူးအဂၤလန္ ေဆးပညာဂ်ာနယ္မွာေဖာ္ျပထားခ်က္အရ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း လိင္တူဆက္ဆံမႈျပဳခဲ့တယ္ဆိုတဲ့ အမ်ိဳး သားေတြရဲ႕ ၃၈ ရာခိုင္ႏႈန္းမွာ ဒီပိုးကို ေတြ႕ရတယ္လို႔ သိရပါတယ္။ HIV သို႔မဟုတ္ HHV-8 ပိုးရွိသူ တဝက္ေလာက္ဟာ ေနာက္လာမယ့္ ၁၀ ႏွစ္အတြင္းမွာ ကင္ဆာေရာဂါျဖစ္လာနိုင္မယ္လို႔လည္း သူတို႔က ခန႔္မွန္းခဲ့ပါတယ္။

စအို တြင္းသို႔ လက္ထိုး သြင္းျခင္း

ထိုးသြင္းျခင္း ဆိုတာကေတာ့ လက္ကို စအိုအတြင္း ကိုသြင္းတာျဖစ္ၿပီးေတာ့ စအိုကိုဆက္ဆံတာထက္ပိုၿပီး ထိခိုက္မႈရွိပါ တယ္။ ေပါက္ၿပဲမႈေတြျဖစ္နိုင္သလို ေရာဂါပိုးကူးစက္ျပန႔္ပြားတာလည္း ျဖစ္နိုင္ပါတယ္။ စစ္တမ္းေကာက္ယူေလ့လာမႈတခု အရ လိင္တူ ဆက္ဆံသူေတြရဲ႕ ၂၂ ရာခိုင္ႏႈန္းေလာက္က ဒီလိုလုပ္ခဲ့ဖူးေၾကာင္း ဝန္ခံခဲ့ၾကပါတယ္။
လိင္တူဆက္ဆံျခင္းရဲ႕ ေနာက္ဆက္တြဲအေနနဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္းကို သိသိသာသာ ေျပာင္းလဲေစခဲ့ပါ တယ္။ မေမွ်ာ္လင့္ထားတဲ့ ေနရာေတြမွာ လိင္ေၾကာင့္ကူးစက္တတ္တဲ့ ေရာဂါေတြ႕ရွိမႈေတြတိုးလာခဲ့ပါတယ္။ လည္ေခ်ာင္း နာတာ ေလာက္ကို
သာမန္ကိစၥတခုလို သေဘာထားလို႔ မရေတာ့ပါဘူး။ ဆရာဝန္ေတြလည္း သူတို႔လူနာေတြရဲ႕ ေမးခြန္း ေတြကို ေျဖၾကားေနရသလို ေရာဂါမွားယြင္းသတ္မွတ္ျခင္းမျပဳမိေအာင္လည္း ဂ႐ုစိုက္ေနၾကရပါတယ္။ လည္ေခ်ာင္း နာ တဲ့ သူတေယာက္ ကို သူတို႔ရဲ႕ လိင္ ကိစၥနဲ႕ ပတ္သက္ တဲ့ေမးခြန္းေတြ ေမးေနရပါၿပီ။ လိပ္ေခါင္းေရာဂါ ဆိုတာ သာမန္ ခြဲစိတ္ကု ေရာဂါ တခု လို႔ သတ္မွတ္ လို႔ မ ရေတာ့ပါဘူး။ လိင္ ဆက္ဆံတဲ့ အေလ့အထ ကိုပါ ထည့္သြင္း စဥ္းစားေနရၿပီ ျဖစ္ပါတယ္။ လိင္တူ ဆက္ဆံ မႈေၾကာင့္ ျဖစ္ရတဲ့ အခ်ိဳ႕ေသာေရာဂါေတြရဲ႕ အျပင္ပန္း အသြင္ အျပင္ က သာမန္ ဒူလာ လိပ္ေခါင္း ေရာဂါ တခု လိုမ်ိဳး ရွိေနတတ္လို႔ပါပဲ။


Credit:Burma.irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသား ချင်းလိင်တူ ဆက်ဆံ မှု၊ အမျိုးသား ချင်း လက်ထပ် အတူနေခွင့် တွေကို တရားဝင် ခွင့်ပြု တဲ့ နိုင်ငံတွေ၊ ယာဉ်ကျေး မှု လူမှု ပတ်ဝန်းကျင် သစ်တွေ တနေ့တခြား ပိုမို များပြား လာနေပါပြီ။ မြန်မာနိုင်ငံ မှာတောင် အမျိုးသားချင်း လိင်တူ ချင်း အတူ နေကြတဲ့ ဓလေ့ သစ် တခု တဖြည်းဖြည်းအမြစ်တွယ်နေတဲ့အပြင် ဥပဒေကြောင်းအရ အသိအမှတ် မပြုပေမယ့် လူမှု ပတ်ဝန်းကျင် မှာတော့ လက်ခံတာ မျိုးတွေရှိလာပါပြီ။ ဒါပေမယ့် လည်း သဘာဝ တရား ကို ဆန့်ကျင် ပြီး လုပ်တဲ့ ကိစ္စဖြစ် တာမို့ လိင်တူ ဆက်ဆံ တာက ဆိုးကျိုးများ စွာရှိပါတယ်။ ဒီတပတ် လိင်ပိုင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ ပေးမှု အဖြစ် အမျိုးသား ချင်း လိင်တူ ဆက်ဆံ မယ်ဆိုရင် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြသနာတွေ ဖော်ပြ လိုက် ပါတယ်။

အမျိုးသား လိင်တူ ဆက်ဆံ မှုဆို တာ

အမျိုးသား ချင်း လိင်တူ ဆက်ဆံ ခြင်းက အမျိုးသမီး တွေနဲ့ လိင်ကွဲ ဆက်ဆံခြင်း ထက် ပိုပြီး ကျန်းမာရေး အရအန္တရာယ် များပါ တယ်။ လိင် ဆက်ဆံဖော် များတာ ကြောင့် သာမဟုတ်ဘဲ အမျိုးသား ချင်း လိင် ဆက်ဆံမှု ရဲ့ သဘာဝ ကြောင့် လည်း ဖြစ်ပါ တယ်။
အမျိုးသား ချင်း လိင်တူ ဆက်ဆံ တဲ့ အလေ့ အထက ပြုသူ နဲ့ အပြုခံ သူ (မြန်မာနိုင်ငံ မှာတော့ top နဲ့ bottom လို့ သိကြ ပါတယ်) တို့က အများ သိကြတဲ့ နည်းလမ်း တွေ အတိုင်း ဆက်ဆံ ပြီး သာယာ မှုရှာဖွေတာမျိုး မကတော့ဘဲ ရံဖန်ရံခါ မှာ ပုံမှန် ဆိုတာ ထက် ပိုလွန် တာ တွေ (ဥပမာ- လက် သို့မဟုတ် အခြားပစ္စည်းတွေ) အသုံးပြုတာမျိုးတွေ လုပ်တတ်ကြတဲ့ အတွက် အန္တရာယ် ပိုများလာခဲ့ပါ တယ်။ mouth-anal contact သို့မဟုတ် oral-anal contact လို့ခေါ်တဲ့ ပါးစပ်နဲ့ စအို ထိတွေ့ ဆက်ဆံခြင်းကို လုပ် တတ်ကြ သူတွေ ကတော့ အန္တရာယ် အများဆုံး ဖြစ်ပါတယ်။

စအို အသုံးပြု ဆက်ဆံခြင်း

စအိုကို အသုံးပြုပြီးတော့ လိင် ဆက်ဆံြ ခင်းက Gay အများအပြား အသုံးပြုနေကြနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် စအို ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝအရ စအိုဟာလိင် အင်္ဂါ မဟုတ်ပါဘူး။ အမျိုးသမီး လိင်အင်္ဂါနဲ့လည်း သိသိသာသာကွဲပြားပါ တယ်။ အမျိုးသမီး အင်္ဂါမှာ သဘာဝ ချောဆီတွေရှိပြီးတော့ ကြွက်သား ကွန်ရက် ကလည်း အထောက်အပံ့ ပေးထားပါတယ်။ နှိုင်းယဉ် ကြည့်မယ်ဆိုရင် စအို ဟာ နူးညံ့ တဲ့ ကြွက်သားငယ် လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ထွက်ပေါက် တခု၊ အပြင် ကို အညစ် အကြေး စွန့်ပစ်ရုံ သက်သက် သာ ဖြစ်ပါတယ်။ ထပ်ခါ တလဲလဲ ပွတ်တိုက်ခြင်း၊ ဆွဲဆန့် သလိုဖြစ်ခြင်းတွေကြောင့် ကွင်းပုံ သဏ္ဍန် ကြွက်သားတွေကို လျော့လျဲ စေပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက် တွဲ အနေနဲ့ အညစ်အကြေးတွေ မထိန်းနိုင်ဘဲ ထွက်ကျခြင်းကနေပြီးတော့ နာတာရှည် ဝေဒနာ ဖြစ်သွားတဲ့ အထိ ကြုံတွေ့ ရနိုင်ပါ တယ်။

ဒီလို ကူးစက်တတ် တဲ့ရောဂါ တွေဟာ လိင်တူ ဆက်ဆံ တွေမှာသာ သီးသန့် ဖြစ်တတ် တာမျိုး မဟုတ်ပေမယ့် လိင်တူ ဆက်ဆံ သူတွေကြားမှာ အများဆုံး တွေ့ရ တတ်ပါတယ်။
အမေရိကန် နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (Centers for Disease Control and Prevention –CDC) က ၂၀၁၀ ခုနှစ် လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ အမျိုးသား ကွန်ဖရင့် မှာတင်သွင်းခဲ့တဲ့ အချက် အလက် တွေ အရ အမေရိကန် နိုင်ငံမှာအမျိုးသားချင်း လိင်တူဆက်ဆံသူတွေထဲမှာ HIV တွေ့ရှိရမှုက တခြား အမျိုး သား တွေမှာ တွေ့ရှိရမှုထက် ၄၄ ဆများပြီးတော့ တခြားအမျိုးသမီးတွေထက် အဆ ၄၀ များတယ်လို့ သိရပါတယ်။ ဆစ် ဖလစ် ပထမအဆင့်နဲ့ ဒုတိယအဆင့် တွေ့ရှိရမှုကလည်း အမျိုးသားချင်း လိင်တူ ဆက်ဆံ သူတွေက တခြား အမျိုးသား တွေ ထက် ၄၆ ဆပိုပြီးတော့ အမျိုးသမီး တွေထက် ၇၁ ဆ ပိုများတယ်လို့လဲ ဆိုပါတယ်။
၁၉၈၈ ခုနှစ်မှာ CDC က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အသည်းရောင် ဘီပိုးကူးစက်မှု အားလုံး ရဲ့ ၂၁ ရာခိုင်နှုန်းဟာ လိင်တူဆက် ဆံမှုကြောင့် ဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လိင်ကွဲ ဆက်ဆံ မှုကြောင့် ကူးစက်မှုကတော့ ၁၈ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန် နိုင်ငံမှာ လိင်တူ ဆက်ဆံ သူက လူဦးရေရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၃ ရာခိုင်နှုန်း အတွင်းမှာသာ ရှိပေမယ့် ရောဂါကူးစက်မှုမှာကတော့ လိင်ကွဲဆက်ဆံသူတွေထက် သိသိသာသာကို မြင့်မားနေတာကို တွေ့ရပါတယ်။စအိုကို အသုံးပြုပြီး ဆက်ဆံခြင်းကြောင့် အမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။ Human Papilloma ဗိုင်းရပ်စ် ပုံစံကွဲ အချို့ကြောင့် ဒီလိုဖြစ်ရခြင်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အချက်အလက် တွေ အရ လိင်တူ ဆက်ဆံ တဲ့ အမျိုးသား တွေမှာ စအို ကင်ဆာ ဖြစ်ပွားမှုက လိင်ကွဲဆက်ဆံသူတွေမှာ ဖြစ်တာထက် ၁၀ဆ ပိုများ လာပါတယ်။ AIDS မှာလည်း လိင်တူ ဆက်ဆံ သူ အမျိုးသား တွေက ၂ ဆဖြစ်နေပါတယ်။

ပါးစပ်-စအို ဆက်ဆံခြင်း

လိင်တူ ဆက်ဆံ တဲ့ အမျိုးသား တွေမှာ ကပ်ပါးပိုးနဲ့ အူလမ်းကြောင်းအတွင်း ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားစေတာက oral-anal contact ကြောင့်ဖြစ်ပါတယ်။ အကာအကွယ် မပါဘဲ စအို ကို ဆက်ဆံ တဲ့ အပြင် စအို လျှာနှင့်လျက်ခြင်း ဒါမှ မဟုတ် အမျိုး သား လိင် အင်္ဂါ ကို ပါးစပ်နဲ့ ဆက်ဆံ ပေးခြင်းတွေ သူတွေ ထဲမှာ Gay bowel syndrome လို့ခေါ်တဲ့ ဒီလို ရောဂါမျိုးတွေ ဖြစ် ပွားမှုကို ပိုမိုတွေ့ရှိရပါတယ်။ အမျိုးသမီး အချို့မှာလည်း တွေ့ရတတ်ပေမယ့် အများဆုံး သော လူနာ တွေကတော့ အမျိုး သားချင်း လိင်တူဆက်ဆံသူတွေဖြစ်ကြပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ၁၉၉၁ မှာထုတ်ပြန်တဲ့ အချက်တွေအရ နယူးယောက်မြို့က အသည်းရောင် အေပိုး ရှိသူ အမျိုးသား တွေကို စစ်တမ်းကောက် ယူကြည့်တဲ့ အခါမှာ ဖြေဆိုပေးသူတွေထဲက ၇၈ ရာခိုင်နှုန်းက သူတို့ဟာ လိင်တူ ဆက်ဆံသူ သို့မဟုတ် လိင်တူ လိင်ကွဲဆက်ဆံသူတွေ ဖြစ်တဲ့ အကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံက အမျိုးသားချင်းလိင်တူဆက်ဆံသူတွေဆီမှာ Human Herpes Virus 8 (HHV-8) ကိုတွေ့ရပါတယ်။ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လိင်တူဆက်ဆံမှုပြုခဲ့တယ်ဆိုတဲ့ အမျိုး သားတွေရဲ့ ၃၈ ရာခိုင်နှုန်းမှာ ဒီပိုးကို တွေ့ရတယ်လို့ သိရပါတယ်။ HIV သို့မဟုတ် HHV-8 ပိုးရှိသူ တဝက်လောက်ဟာ နောက်လာမယ့် ၁၀ နှစ်အတွင်းမှာ ကင်ဆာရောဂါဖြစ်လာနိုင်မယ်လို့လည်း သူတို့က ခန့်မှန်းခဲ့ပါတယ်။

စအို တွင်းသို့ လက်ထိုး သွင်းခြင်း

ထိုးသွင်းခြင်း ဆိုတာကတော့ လက်ကို စအိုအတွင်း ကိုသွင်းတာဖြစ်ပြီးတော့ စအိုကိုဆက်ဆံတာထက်ပိုပြီး ထိခိုက်မှုရှိပါ တယ်။ ပေါက်ပြဲမှုတွေဖြစ်နိုင်သလို ရောဂါပိုးကူးစက်ပြန့်ပွားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်တမ်းကောက်ယူလေ့လာမှုတခု အရ လိင်တူ ဆက်ဆံသူတွေရဲ့ ၂၂ ရာခိုင်နှုန်းလောက်က ဒီလိုလုပ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ကြပါတယ်။
လိင်တူဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သိသိသာသာ ပြောင်းလဲစေခဲ့ပါ တယ်။ မမျှော်လင့်ထားတဲ့ နေရာတွေမှာ လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ့ရှိမှုတွေတိုးလာခဲ့ပါတယ်။ လည်ချောင်း နာတာ လောက်ကို
သာမန်ကိစ္စတခုလို သဘောထားလို့ မရတော့ပါဘူး။ ဆရာဝန်တွေလည်း သူတို့လူနာတွေရဲ့ မေးခွန်း တွေကို ဖြေကြားနေရသလို ရောဂါမှားယွင်းသတ်မှတ်ခြင်းမပြုမိအောင်လည်း ဂရုစိုက်နေကြရပါတယ်။ လည်ချောင်း နာ တဲ့ သူတယောက် ကို သူတို့ရဲ့ လိင် ကိစ္စနဲ့ ပတ်သက် တဲ့မေးခွန်းတွေ မေးနေရပါပြီ။ လိပ်ခေါင်းရောဂါ ဆိုတာ သာမန် ခွဲစိတ်ကု ရောဂါ တခု လို့ သတ်မှတ် လို့ မ ရတော့ပါဘူး။ လိင် ဆက်ဆံတဲ့ အလေ့အထ ကိုပါ ထည့်သွင်း စဉ်းစားနေရပြီ ဖြစ်ပါတယ်။ လိင်တူ ဆက်ဆံ မှုကြောင့် ဖြစ်ရတဲ့ အချို့သောရောဂါတွေရဲ့ အပြင်ပန်း အသွင် အပြင် က သာမန် ဒူလာ လိပ်ခေါင်း ရောဂါ တခု လိုမျိုး ရှိနေတတ်လို့ပါပဲ။


Credit:Burma.irrawaddy



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top