iMyanmarHouse.com - Best Property Website for Myanmar
×

သင္႔ကိုအေပ်ာ္တြဲေနသူ ေကာင္မေလးနဲ႔ သင္႔ကိုဘ၀လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ထားသူ မိန္းကေလးတို႔ၾကားက ကြာျခားခ်က္ေလးအခ်ိဳ႕ကို ႏိႈင္းယွဥ္ၾကည္႔ၾကရေအာင္။

၁ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးက သင္႔ရဲ႕မိတ္ေဆြသူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ေတြ႔လိုစိတ္မရွိေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္႔ရဲ႕ အေပါင္းအသင္းေတြ မိသားစုေတြနဲ႔ ေတြ႔ဆံုၿပီး သူတို႔ေတြနဲ႔လည္း ခင္မင္ရင္းႏွီးလိုတယ္။

၂ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးက သူ႔ရဲ႕လက္သည္းနီအေရာင္ေတြ၊ မိတ္ကပ္လွမလွေတြေပၚမွာသာ စိုးရိမ္ေနတတ္ေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္ႏွစ္သက္တဲ႔ ပံုစံေလးျဖစ္ေအာင္ အၿမဲျပင္ဆင္ေနထိုင္တယ္။

၃ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးက သူ႔ရဲ႕အလုပ္ သူ႔ရဲ႕၀ါသနာေတြအေပၚပဲ ဦးတည္စိတ္၀င္စားေနေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္႔ရဲ႕ရည္မွန္းခ်က္ေတြ အနာဂါတ္ေတြအေပၚ စိတ္၀င္စားၿပီး ေနာက္ကြယ္ကေန အေထာက္အပံ႔ေပးေနမယ္။

၄ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးက သင္႔ကိုသူရဲ႕လွ်ိဳ၀ွက္ခ်က္ေတြ ထုတ္ေဖာ္ျပသဖို႔ မ၀ံ႔မရဲျဖစ္ေနတတ္ေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သူ႔ရဲ႕ခံစားမႈေတြ၊ လွ်ိဳ႕၀ွက္ခ်က္ေတြ အားလံုးကို မခြ်င္းမခ်န္ သင္႔ကိုေျပာျပလိမ္႔မယ္။
၅ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးကေတာ႔ သင္နဲ႔လက္ထပ္ဖို႔စကားကို စိတ္၀င္တစား ေျပာခ်င္စိတ္ရွိလိမ္႔မွာ မဟုတ္ေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္နဲ႔လက္ထပ္ဖို႔ အေၾကာင္းေလးေတြ ေျပာရင္းနဲ႔ ရင္ေတြခုန္ေနတတ္မယ္။

၆ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးကေတာ႔ သင္႔ကိုလိုအပ္တဲ႔ အခ်ိန္မွသာ သတိရတတ္ေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္႔ကိုအခ်ိန္တိုင္းသတိတရရွိၿပီး ဂရုစိုက္မႈေတြ အၿမဲေပးေနမယ္။

၇ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးကေတာ႔ တျခားေယာက္်ားေလးေတြနဲ႔ ပေရာ္ပရီေျပာတတ္ ေနထိုင္တတ္ေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္႔တစ္ေယာက္ထဲကိုသာ သစၥာရွိရွိ ခ်စ္ေနမယ္။

၈ – သင္႔ကိုအေပ်ာ္ႀကံသူ မိန္းကေလးကေတာ႔ သင္႔ကိုသူ႔ရဲ႕ရည္းစားေဟာင္းေတြ၊ တျခားေယာက္်ားေလးေတြနဲ႔ အၿမဲႏိႈင္းယွဥ္ေ၀ဖန္တတ္ၾကေပမယ္႔ အတည္ႀကံသူ မိန္းကေလးကေတာ႔ သင္ျဖစ္တည္ေနတဲ႔ ပံုစံေလးကိုပဲ ခ်စ္ေနမိမယ္။
Credit: MOMOLAY

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ကိုအပျော်တွဲနေသူ ကောင်မလေးနဲ့ သင့်ကိုဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ထားသူ မိန်းကလေးတို့ကြားက ကွာခြားချက်လေးအချို့ကို နှိုင်းယှဉ်ကြည့်ကြရအောင်။

၁ – သင့်ကိုအပျော်ကြံသူ မိန်းကလေးက သင့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့လိုစိတ်မရှိပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင့်ရဲ့ အပေါင်းအသင်းတွေ မိသားစုတွေနဲ့ တွေ့ဆုံပြီး သူတို့တွေနဲ့လည်း ခင်မင်ရင်းနှီးလိုတယ်။

၂ – သင့်ကိုအပျော်ကြံသူ မိန်းကလေးက သူ့ရဲ့လက်သည်းနီအရောင်တွေ၊ မိတ်ကပ်လှမလှတွေပေါ်မှာသာ စိုးရိမ်နေတတ်ပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင်နှစ်သက်တဲ့ ပုံစံလေးဖြစ်အောင် အမြဲပြင်ဆင်နေထိုင်တယ်။

၃ – သင့်ကိုအပျော်ကြံသူ မိန်းကလေးက သူ့ရဲ့အလုပ် သူ့ရဲ့ဝါသနာတွေအပေါ်ပဲ ဦးတည်စိတ်ဝင်စားနေပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင့်ရဲ့ရည်မှန်းချက်တွေ အနာဂါတ်တွေအပေါ် စိတ်ဝင်စားပြီး နောက်ကွယ်ကနေ အထောက်အပံ့ပေးနေမယ်။

၄ – သင့်ကိုအပျော်ကြံသူ မိန်းကလေးက သင့်ကိုသူရဲ့လျှိုဝှက်ချက်တွေ ထုတ်ဖော်ပြသဖို့ မဝံ့မရဲဖြစ်နေတတ်ပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သူ့ရဲ့ခံစားမှုတွေ၊ လျှို့ဝှက်ချက်တွေ အားလုံးကို မချွင်းမချန် သင့်ကိုပြောပြလိမ့်မယ်။
၅ – သင့်ကိုအပျော်ကြံသူ မိန်းကလေးကတော့ သင်နဲ့လက်ထပ်ဖို့စကားကို စိတ်ဝင်တစား ပြောချင်စိတ်ရှိလိမ့်မှာ မဟုတ်ပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင်နဲ့လက်ထပ်ဖို့ အကြောင်းလေးတွေ ပြောရင်းနဲ့ ရင်တွေခုန်နေတတ်မယ်။

၆ – သင့်ကိုအပျော်ကြံသူ မိန်းကလေးကတော့ သင့်ကိုလိုအပ်တဲ့ အချိန်မှသာ သတိရတတ်ပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင့်ကိုအချိန်တိုင်းသတိတရရှိပြီး ဂရုစိုက်မှုတွေ အမြဲပေးနေမယ်။

၇ – သင့်ကိုအပျော်ကြံသူ မိန်းကလေးကတော့ တခြားယောက်ျားလေးတွေနဲ့ ပရော်ပရီပြောတတ် နေထိုင်တတ်ပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင့်တစ်ယောက်ထဲကိုသာ သစ္စာရှိရှိ ချစ်နေမယ်။

၈ – သင့်ကိုအပျော်ကြံသူ မိန်းကလေးကတော့ သင့်ကိုသူ့ရဲ့ရည်းစားဟောင်းတွေ၊ တခြားယောက်ျားလေးတွေနဲ့ အမြဲနှိုင်းယှဉ်ဝေဖန်တတ်ကြပေမယ့် အတည်ကြံသူ မိန်းကလေးကတော့ သင်ဖြစ်တည်နေတဲ့ ပုံစံလေးကိုပဲ ချစ်နေမိမယ်။
Credit: MOMOLAY



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top