iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလမွာ ရည္းစားထားခ်င္စိတ္မရွိဘဲ သူငယ္ခ်င္းေတြနဲ႔ပဲ အခ်ိန္ကုန္ခ်င္ၾကတဲ့သူေတြလည္း ရွိမွာပါ။ သင့္အေနနဲ႔ ရည္းစားမရွိလုိ႔ FA ဆိုၿပီး စိတ္ညစ္စရာလည္း မလိုပါဘူး။ သင့္သူငယ္ခ်င္းေတြနဲ႔ပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းလို႔လည္း ရပါတယ္။ သင့္သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္တာက သင့္ရည္းစားထားတာထက္ ပိုေကာင္းတယ္ဆိုတဲ့ အခ်က္ေလးေတြရွိလို႔ သင့္သူငယ္ခ်င္းေတြကို အရင္ကထက္ ပိုၿပီးခ်စ္လုိက္ပါ။

၁။သင္ရဲ႕အေၾကာင္းမွန္သမွ်အကုန္ေျပာလုိ႔ရတယ္။
တစ္ခါတစ္ေလ ကိုယ့္ရဲ႕ အေမေတြ၊ အစ္မေတြကို မေျပာျပခ်င္တဲ့ သင့္ရဲ႕ စိတ္ဖိစီးမႈေတြ၊ ေပ်ာ္ရႊင္စရာေတြကအစ သင္က ဘယ္သူ႔ကိုေတာ့ Crush မိေနပါတယ္။ အဆံုး သင့္သူငယ္ခ်င္းေတြကို အကုန္ေျပာျပလို႔ရပါတယ္။ သင့္ရည္းစားနဲ႔ အဆင္မေျပဘူးဆိုရင္လည္း သူတို႔က ေျဖရွင္းလုိ႔ရမယ့္ အႀကံဥာဏ္ေကာင္းေတြကို ေပးႏိုင္ပါတယ္။

၂။အ၀တ္အစားေတြ ၊မိတ္ကပ္ကအစ မွ်လို႔ရတယ္။
သင္တို႔ေတြက ခႏၶာကိုယ္အရြယ္အစား အတူတူဆိုရင္ အျပင္သြားဖို႔ အ၀တ္အစားမရွိေတာ့လည္း ကိုယ့္ဟာ သူယူ၀တ္၊သူ႕ဟာ ကိုယ္ယူ၀တ္ လုပ္လုိ႔ ရပါတယ္။ သင္တို႔ႏွစ္ေယာက္ရဲ႕ ဗီရိုကိုသာ ႏွစ္ဆျဖစ္ေအာင္လုပ္ပါ။ ေစ်းကိုေတာ့ တစ္၀က္ပဲ က်သင့္ေအာင္ ေ၀မွ်လုိ႔ရပါတယ္။ မိတ္ကပ္ဆုိလည္း သင့္မွာ Eyelinerကအစ Tamponsအဆံုး သူတို႔မွာ အဆင့္သင့္ရွိၿပီးသားပါ။ အေရးေပၚ သင့္မွာ မပါလာရင္ေတာင္ သင့္သူငယ္ခ်င္းေတြမွာ ပါလာမွာပါ။ ဘယ္ရည္းစားကမ်ား သင့္အတြက္လိုအပ္တ့ဲပစၥည္းေတြ အေရးေပၚေဆာင္ထားႏိုင္မွာလဲ။

၃။အေကာင္းဆံုး ေစ်း၀ယ္ထြက္ေဖာ္ေတြပါ။
သင္ဘယ္ေလာက္ပဲ ေစ်းကို ပတ္ပတ္ ေျခေညာင္းမယ့္ သူေတြမဟုတ္ၾကပါဘူး။ မိန္းကေလးေတြဆိုေတာ့ အလွအပႀကိဳက္တာတူတဲ့အျပင္ သင္နဲ႔လုိက္တယ္ မလိုက္တယ္ကို သူတို႔က ေ၀ဖန္အကဲျဖတ္ေပးႏိုင္ပါတယ္။ သင္ရဲ႕ ရည္းစားနဲ႔ အတူေစ်း၀ယ္ထြက္တဲ့အခါ  သင့္ရည္းစားက ထိုင္ဖို႔ ခံုရွာေနမွာ ျဖစ္ေပမယ့္ သင့္ BFFေတြနဲ႔ဆိုရင္ေတာ့ လိုက္တယ္မလိုက္ဘူး ျငင္းခုန္ေနရင္းနဲ႔ကို သူတို႔ပင္ပန္းရေကာင္းမွန္း သိမွာမဟုတ္ပါဘူး။

၄။သင့္ရဲ႕ ဆိုရွယ္မီဒီယာမွာလည္း ဟာသေတြနဲ႔ ျပည့္ႏွက္ေနမွာျဖစ္ပါတယ္။
သူတို႔အေနနဲ႔ သင့္ရဲ႕ဆုိရွယ္မီဒီယာမွာ  ဟာသေတြပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႔ သက္ဆုိင္တာေတြပဲျဖစ္ျဖစ္ Tagလုပ္တာေတြ ၊Mentionတာေတြ အၿမဲလုပ္မွာ ျဖစ္ၿပီးတစ္ခါတစ္ေလ အျပန္အလွန္စေနာက္တဲ့ Post ေတြ၊Comment ေတြနဲ႔ သင့္ကို ေပ်ာ္ရႊင္ေစမွာ ျဖစ္ပါတယ္။

၅။သင့္ေျပာခ်င္သမွ် အေၾကာင္းအရာေတြကို ဒိုင္ခံနားေထာင္ေပးတယ္။
သင့္အေနနဲ႔ အလွအပေရးရာအေၾကာင္းပဲေျပာေျပာ၊သင္ၾကည့္မရတဲ့ သူအေၾကာင္း အတင္းပဲတုပ္တုပ္ သူတို႔က ပ်င္းမသြားဘဲ တက္တက္ၾကြၾကြ နားေထာင္ေပးမယ့္အျပင္ တစ္ခါတစ္ေလမွာ ၀ိုင္းၿပီး အတင္းတုပ္ေပးမယ့္အေဖာ္ေတြဆိုလည္း မမွားပါဘူး။

၆။အတြင္းသိ အစင္းသိေတြပါ။
သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္ေနတာလဲဆိုတာက အစ သူတို႔နဲ႔ သင့္ၾကားမွာ ဖံုးကြယ္ထားရမယ့္အခ်က္ လံုး၀ကို မရွိၾကတဲ့အျပင္ သင္အ၀တ္အစားလဲေတာင္ ဘာမွကို ထူးဆန္းမွာမဟုတ္ပါဘူး။ သင့္ရည္းစားနဲ႔သင္ ဘယ္ႏွႀကိမ္အတူေနဖူးတာကအစ သင္နဲ႔ေရအတူတူခ်ိဳးၿပီး ေျခသလံုးေမႊး ဘယ္ႏွစ္ပင္ရွိတယ္ဆုိတာမ်ိဳးအထိကို သိေနတဲ့အတြင္းသိ အစင္းသိေတြေပါ့။

၇။အလွျပင္ဆုိင္လည္း အတူသြားလို႔ရတယ္။
ေယာက်ာ္းေလးအမ်ားစုက ဆံပင္ညွပ္ဆိုင္မွာ နာရီနဲ႔ခ်ီၿပီး ထုိင္ေစာင့္ဖို႔ စိတ္ညစ္ၾကပါတယ္။သင့္ရည္းစားလည္း ေယာက်ာ္းေလးေတြထဲကတစ္ေယာက္ဆုိေတာ့ မိန္းကေလးအမ်ားႀကီး ရွိေနမယ့္ ဆလြန္းေတြ၊အလွျပင္ဆိုင္ေတြမွာ သင့္ကို ေစာင့္ရင္း အခ်ိန္ကုန္ခ်င္မွာ မဟုတ္ပါဘူး။ အဲဒီအခ်ိန္မွာ တစ္ေန႔လံုး အခ်ိန္ကုန္သြားမယ့္ ဆံပင္ေျဖာင့္တာ၊ေပါင္းတင္တာေတြလုပ္ခ်င္သေလာက္လုပ္ သင့္ BFFေတြက ေနာက္က ပါလာၿပီးသားပါပဲ။

၈။သူတို႔မိဘေတြနဲ႔ အဆင္ေျပေအာင္ အရမ္းႀကိဳးစားဖို႔မလိုပါဘူး။
သင့္ေကာင္ေလးရဲ႕ မိဘေတြနဲ႔ အဆင္ေျပေအာင္က မျဖစ္မေန ႀကိဳးစားမွာ ျဖစ္ေပမယ့္ သင့္BFFေတြရဲ႕ မိဘေတြနဲ႔ ကၽြမ္း၀င္ဖို႔ အထူးတလည္ လုပ္စရာမလိုပါဘူး။ သင့္သူငယ္ခ်င္းေတြရဲ႕တစ္ေန႔တာ အျဖစ္အပ်က္ေတြထဲမွာ သင္က ပါေနမွာ ျဖစ္တဲ့အတြက္ မျမင္ဖူးရင္ေတာင္ သင့္နာမည္နဲ႔ သင့္ရဲ႕အမူအရာေတြက သူတို႔နဲ႔ ရင္းႏွီးေနမွာပါ။ အျပင္မွာ ရင္းႏွီးတယ္ဆိုရင္လည္း သင့္ကို ကိုယ့္သားသမီးလို ဆက္ဆံေပးမွာ အေသအခ်ာပါပဲ။

၉။သင့္ကို ဘယ္ေတာ့မွ ပစ္သြားမွာ မဟုတ္ပါဘူး။
သမီးရည္းစားဘ၀မွာ အဆင္မေျပရင္ ျပတ္သြားႏိုင္ၾကေပမယ့္ သင့္သူငယ္ခ်င္းေတြကေတာ့ သင့္ကို ဘယ္ေတာ့မွ ျပတ္သြားမွာ၊ ပစ္သြားမွာ မဟုတ္ပါဘူး။သင့္အေနနဲ႔ မွားေနရင္ေတာင္ သူတို႔က ျပဳျပင္ေပးၿပီး သင္ရဲ႕ အခက္အခဲေတြကို နားလည္ေပးႏိုင္မွာပါ။ သင္ေပ်ာ္တဲ့အခါ ေပ်ာ္ရႊင္မႈေတြကို ေ၀မွ်ခံစားေပးႏိုင္ၿပီး သင္၀မ္းနည္းတဲ့အခါ ငိုဖို႔၊မွီဖို႔ ပခံုးတစ္ဖက္ ငွားေပးမယ့္ BFFေတြပါ။
Credit :Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်လေမှာ ရည်းစားထားချင်စိတ်မရှိဘဲ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ချင်ကြတဲ့သူတွေလည်း ရှိမှာပါ။ သင့်အနေနဲ့ ရည်းစားမရှိလို့ FA ဆိုပြီး စိတ်ညစ်စရာလည်း မလိုပါဘူး။ သင့်သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့လည်း ရပါတယ်။ သင့်သူငယ်ချင်းတွေနဲ့ အချိန်ကုန်တာက သင့်ရည်းစားထားတာထက် ပိုကောင်းတယ်ဆိုတဲ့ အချက်လေးတွေရှိလို့ သင့်သူငယ်ချင်းတွေကို အရင်ကထက် ပိုပြီးချစ်လိုက်ပါ။

၁။သင်ရဲ့အကြောင်းမှန်သမျှအကုန်ပြောလို့ရတယ်။
တစ်ခါတစ်လေ ကိုယ့်ရဲ့ အမေတွေ၊ အစ်မတွေကို မပြောပြချင်တဲ့ သင့်ရဲ့ စိတ်ဖိစီးမှုတွေ၊ ပျော်ရွှင်စရာတွေကအစ သင်က ဘယ်သူ့ကိုတော့ Crush မိနေပါတယ်။ အဆုံး သင့်သူငယ်ချင်းတွေကို အကုန်ပြောပြလို့ရပါတယ်။ သင့်ရည်းစားနဲ့ အဆင်မပြေဘူးဆိုရင်လည်း သူတို့က ဖြေရှင်းလို့ရမယ့် အကြံဉာဏ်ကောင်းတွေကို ပေးနိုင်ပါတယ်။

၂။အဝတ်အစားတွေ ၊မိတ်ကပ်ကအစ မျှလို့ရတယ်။
သင်တို့တွေက ခန္ဓာကိုယ်အရွယ်အစား အတူတူဆိုရင် အပြင်သွားဖို့ အဝတ်အစားမရှိတော့လည်း ကိုယ့်ဟာ သူယူဝတ်၊သူ့ဟာ ကိုယ်ယူဝတ် လုပ်လို့ ရပါတယ်။ သင်တို့နှစ်ယောက်ရဲ့ ဗီရိုကိုသာ နှစ်ဆဖြစ်အောင်လုပ်ပါ။ ဈေးကိုတော့ တစ်ဝက်ပဲ ကျသင့်အောင် ဝေမျှလို့ရပါတယ်။ မိတ်ကပ်ဆိုလည်း သင့်မှာ Eyelinerကအစ Tamponsအဆုံး သူတို့မှာ အဆင့်သင့်ရှိပြီးသားပါ။ အရေးပေါ် သင့်မှာ မပါလာရင်တောင် သင့်သူငယ်ချင်းတွေမှာ ပါလာမှာပါ။ ဘယ်ရည်းစားကများ သင့်အတွက်လိုအပ်တဲ့ပစ္စည်းတွေ အရေးပေါ်ဆောင်ထားနိုင်မှာလဲ။

၃။အကောင်းဆုံး ဈေးဝယ်ထွက်ဖော်တွေပါ။
သင်ဘယ်လောက်ပဲ ဈေးကို ပတ်ပတ် ခြေညောင်းမယ့် သူတွေမဟုတ်ကြပါဘူး။ မိန်းကလေးတွေဆိုတော့ အလှအပကြိုက်တာတူတဲ့အပြင် သင်နဲ့လိုက်တယ် မလိုက်တယ်ကို သူတို့က ဝေဖန်အကဲဖြတ်ပေးနိုင်ပါတယ်။ သင်ရဲ့ ရည်းစားနဲ့ အတူဈေးဝယ်ထွက်တဲ့အခါ  သင့်ရည်းစားက ထိုင်ဖို့ ခုံရှာနေမှာ ဖြစ်ပေမယ့် သင့် BFFတွေနဲ့ဆိုရင်တော့ လိုက်တယ်မလိုက်ဘူး ငြင်းခုန်နေရင်းနဲ့ကို သူတို့ပင်ပန်းရကောင်းမှန်း သိမှာမဟုတ်ပါဘူး။

၄။သင့်ရဲ့ ဆိုရှယ်မီဒီယာမှာလည်း ဟာသတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်။
သူတို့အနေနဲ့ သင့်ရဲ့ဆိုရှယ်မီဒီယာမှာ  ဟာသတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ သက်ဆိုင်တာတွေပဲဖြစ်ဖြစ် Tagလုပ်တာတွေ ၊Mentionတာတွေ အမြဲလုပ်မှာ ဖြစ်ပြီးတစ်ခါတစ်လေ အပြန်အလှန်စနောက်တဲ့ Post တွေ၊Comment တွေနဲ့ သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

၅။သင့်ပြောချင်သမျှ အကြောင်းအရာတွေကို ဒိုင်ခံနားထောင်ပေးတယ်။
သင့်အနေနဲ့ အလှအပရေးရာအကြောင်းပဲပြောပြော၊သင်ကြည့်မရတဲ့ သူအကြောင်း အတင်းပဲတုပ်တုပ် သူတို့က ပျင်းမသွားဘဲ တက်တက်ကြွကြွ နားထောင်ပေးမယ့်အပြင် တစ်ခါတစ်လေမှာ ဝိုင်းပြီး အတင်းတုပ်ပေးမယ့်အဖော်တွေဆိုလည်း မမှားပါဘူး။

၆။အတွင်းသိ အစင်းသိတွေပါ။
သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေတာလဲဆိုတာက အစ သူတို့နဲ့ သင့်ကြားမှာ ဖုံးကွယ်ထားရမယ့်အချက် လုံးဝကို မရှိကြတဲ့အပြင် သင်အဝတ်အစားလဲတောင် ဘာမှကို ထူးဆန်းမှာမဟုတ်ပါဘူး။ သင့်ရည်းစားနဲ့သင် ဘယ်နှကြိမ်အတူနေဖူးတာကအစ သင်နဲ့ရေအတူတူချိုးပြီး ခြေသလုံးမွှေး ဘယ်နှစ်ပင်ရှိတယ်ဆိုတာမျိုးအထိကို သိနေတဲ့အတွင်းသိ အစင်းသိတွေပေါ့။

၇။အလှပြင်ဆိုင်လည်း အတူသွားလို့ရတယ်။
ယောကျာ်းလေးအများစုက ဆံပင်ညှပ်ဆိုင်မှာ နာရီနဲ့ချီပြီး ထိုင်စောင့်ဖို့ စိတ်ညစ်ကြပါတယ်။သင့်ရည်းစားလည်း ယောကျာ်းလေးတွေထဲကတစ်ယောက်ဆိုတော့ မိန်းကလေးအများကြီး ရှိနေမယ့် ဆလွန်းတွေ၊အလှပြင်ဆိုင်တွေမှာ သင့်ကို စောင့်ရင်း အချိန်ကုန်ချင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ တစ်နေ့လုံး အချိန်ကုန်သွားမယ့် ဆံပင်ဖြောင့်တာ၊ပေါင်းတင်တာတွေလုပ်ချင်သလောက်လုပ် သင့် BFFတွေက နောက်က ပါလာပြီးသားပါပဲ။

၈။သူတို့မိဘတွေနဲ့ အဆင်ပြေအောင် အရမ်းကြိုးစားဖို့မလိုပါဘူး။
သင့်ကောင်လေးရဲ့ မိဘတွေနဲ့ အဆင်ပြေအောင်က မဖြစ်မနေ ကြိုးစားမှာ ဖြစ်ပေမယ့် သင့်BFFတွေရဲ့ မိဘတွေနဲ့ ကျွမ်းဝင်ဖို့ အထူးတလည် လုပ်စရာမလိုပါဘူး။ သင့်သူငယ်ချင်းတွေရဲ့တစ်နေ့တာ အဖြစ်အပျက်တွေထဲမှာ သင်က ပါနေမှာ ဖြစ်တဲ့အတွက် မမြင်ဖူးရင်တောင် သင့်နာမည်နဲ့ သင့်ရဲ့အမူအရာတွေက သူတို့နဲ့ ရင်းနှီးနေမှာပါ။ အပြင်မှာ ရင်းနှီးတယ်ဆိုရင်လည်း သင့်ကို ကိုယ့်သားသမီးလို ဆက်ဆံပေးမှာ အသေအချာပါပဲ။

၉။သင့်ကို ဘယ်တော့မှ ပစ်သွားမှာ မဟုတ်ပါဘူး။
သမီးရည်းစားဘဝမှာ အဆင်မပြေရင် ပြတ်သွားနိုင်ကြပေမယ့် သင့်သူငယ်ချင်းတွေကတော့ သင့်ကို ဘယ်တော့မှ ပြတ်သွားမှာ၊ ပစ်သွားမှာ မဟုတ်ပါဘူး။သင့်အနေနဲ့ မှားနေရင်တောင် သူတို့က ပြုပြင်ပေးပြီး သင်ရဲ့ အခက်အခဲတွေကို နားလည်ပေးနိုင်မှာပါ။ သင်ပျော်တဲ့အခါ ပျော်ရွှင်မှုတွေကို ဝေမျှခံစားပေးနိုင်ပြီး သင်ဝမ်းနည်းတဲ့အခါ ငိုဖို့၊မှီဖို့ ပခုံးတစ်ဖက် ငှားပေးမယ့် BFFတွေပါ။

Credit :Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top