iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ပုံမွန္အစားအေသာက္ သုိ႔မဟုတ္ ကုိယ္ကာယေလ့က်င့္မႈမရိွဘဲ ၀ိတ္က်ခ်င္သူေတြအတြက္ကေတာ့ အိပ္မက္ထဲမွာပဲ ဒီလိုအေျခအေနျဖစ္ႏိုင္လိမ့္မယ္လုိ႕ အေျပာခံရပါလိမ့္မယ္။ ဒါေပမယ့္ ခုနအရာေတြ မလုပ္ပဲ တကယ္လက္ေတြ႔ျဖစ္ႏုိင္ျပီလုိ႔ ေျပာရင္ သင္ယံုၾကည္လိမ့္မလား။ ညတြင္းခ်င္း ၁၀ ေပါင္ က်ခ်င္မွက်ပါလိမ့္မယ္။ ဒါေပမယ့္ ပ်င္းရိပ်င္းတြဲထုိင္ေနရင္း ဒီရုိးရွင္းအခ်က္တခ်ဳိ႕ကို လုပ္ေေပးျခင္းက သင္လုိခ်င္တဲ့ ျပားခ်ပ္ခ်ပ္ဗုိက္သားနဲ႔ ပိုမိုနီးစပ္ေစႏုိင္ပါတယ္။ 

စလုပ္ဖုိ႔ ေကာင္းတဲ့အခ်က္က အစားအေသာက္ျဖည္းျဖည္းစားျပီး ညက္ညက္ေၾကေအာင္ ဝါးစားဖုိ႔ပဲ ျဖစ္ပါတယ္။ ထမင္းကို ေသခ်ာဝါးစားတာက ထမင္းစားခ်ိန္ပိုၾကာေစျပီး အစားပိုနည္းျခင္း၊ ဗုိက္ပုိျပည့္ျခင္းနဲ႔ ထမင္းသက္သာျခင္းတုိ႔နဲ႔ ဆက္စပ္ေၾကာင္း အာဟာရေဗဒပညာရွင္ Hrefna Palsdottir ရဲ႕ အဆုိအရ သိရပါတယ္။

ထမင္းစား ဘယ္ေလာက္ျမန္လဲဆုိတာက ကုိယ္အေလးခ်ိန္ေပၚ အက်ဳိးသက္ေရာက္ႏုိင္ပါတယ္။ ဒါေၾကာင့္ ျဖည္းျဖည္းနဲ႔ တစ္လုတ္ခ်င္း အရသာခံျပီး စားပါ။ အေရးၾကီးဆုံးအခ်က္က ေရပုံမွန္ေသာက္ပါ။ ေရေသာက္တာက အထူးသျဖင့္ ထမင္းစားခါနီးေသာက္ရင္ အစားပိုနည္းေစျပီး ဝိတ္က်ေစပါတယ္။ အခ်ဳိရည္၊ ဆုိဒါတုိ႔လုိ ခ်ဳိတဲ့ေသာက္ဖြယ္တုိ႔ကုိ ေမ့ထားျပီး ေရအစားထုိးေသာက္ပါက ပိုမိုၾကီးမားတဲ့ အက်ဳိးသက္ေရာက္မႈ ခံစားရႏုိင္ပါတယ္။ ေနာက္ ဆိုဖာခုံေပၚထုိင္ရင္ ေရဘူးတစ္ဘူး ေဘးမွာ ေဆာင္ထားပါ။ ဆုိဖာထုိင္ခုံေပၚကေန မထဘဲနဲ႔လည္း ဗုိက္သားျပားခ်ပ္ေစႏိုင္ေၾကာင္း သက္ေသျပလုိက္ပါ။
Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့စဉ်ပုံမှန်အစားအသောက် သို့မဟုတ် ကိုယ်ကာယလေ့ကျင့်မှုမရှိဘဲ ဝိတ်ကျချင်သူတွေအတွက်ကတော့ အိပ်မက်ထဲမှာပဲ ဒီလိုအခြေအနေဖြစ်နိုင်လိမ့်မယ်လို့ အပြောခံရပါလိမ့်မယ်။ ဒါပေမယ့် ခုနအရာတွေ မလုပ်ပဲ တကယ်လက်တွေ့ဖြစ်နိုင်ပြီလို့ ပြောရင် သင်ယုံကြည်လိမ့်မလား။ ညတွင်းချင်း ၁၀ ပေါင် ကျချင်မှကျပါလိမ့်မယ်။ ဒါပေမယ့် ပျင်းရိပျင်းတွဲထိုင်နေရင်း ဒီရိုးရှင်းအချက်တချို့ကို လုပ်ေပေးခြင်းက သင်လိုချင်တဲ့ ပြားချပ်ချပ်ဗိုက်သားနဲ့ ပိုမိုနီးစပ်စေနိုင်ပါတယ်။

စလုပ်ဖို့ ကောင်းတဲ့အချက်က အစားအသောက်ဖြည်းဖြည်းစားပြီး ညက်ညက်ကြေအောင် ဝါးစားဖို့ပဲ ဖြစ်ပါတယ်။ ထမင်းကို သေချာဝါးစားတာက ထမင်းစားချိန်ပိုကြာစေပြီး အစားပိုနည်းခြင်း၊ ဗိုက်ပိုပြည့်ခြင်းနဲ့ ထမင်းသက်သာခြင်းတို့နဲ့ ဆက်စပ်ကြောင်း အာဟာရဗေဒပညာရှင် Hrefna Palsdottir ရဲ့ အဆိုအရ သိရပါတယ်။

ထမင်းစား ဘယ်လောက်မြန်လဲဆိုတာက ကိုယ်အလေးချိန်ပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းနဲ့ တစ်လုတ်ချင်း အရသာခံပြီး စားပါ။ အရေးကြီးဆုံးအချက်က ရေပုံမှန်သောက်ပါ။ ရေသောက်တာက အထူးသဖြင့် ထမင်းစားခါနီးသောက်ရင် အစားပိုနည်းစေပြီး ဝိတ်ကျစေပါတယ်။ အချိုရည်၊ ဆိုဒါတို့လို ချိုတဲ့သောက်ဖွယ်တို့ကို မေ့ထားပြီး ရေအစားထိုးသောက်ပါက ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ခံစားရနိုင်ပါတယ်။ နောက် ဆိုဖာခုံပေါ်ထိုင်ရင် ရေဘူးတစ်ဘူး ဘေးမှာ ဆောင်ထားပါ။ ဆိုဖာထိုင်ခုံပေါ်ကနေ မထဘဲနဲ့လည်း ဗိုက်သားပြားချပ်စေနိုင်ကြောင်း သက်သေပြလိုက်ပါ။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top