iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိတဲ့သူကုိ အီစီကလီ အတင္း၀င္ လုပ္ၾကတာမ်ိဳး ႀကဳံဖူးခ်င္ ႀကဳံဖူးၾကပါလိမ့္မယ္။ တစ္ခါတေလ သိပ္ရင္းနီးတဲ့သူငယ္
ခ်င္းအခ်င္းေတာင္ ကုိယ့္ခ်စ္သူကုိ ျမႇဴတာလုိလုိ၊ အထာေပးတာလုိလုိေတြ လုပ္ေလ့ရွိတတ္ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးတုိင္းဟာ ေဖာက္ျပန္လုိတဲ့စိတ္လုိ႔ ေျပာလုိ႔မရတဲ့ ထူးျခားတဲ့ စိတ္ကေလးရွိပါတယ္။

အဲဒါကေတာ့ ကုိယ့္ကုိ လွတယ္၊ ေခ်ာတယ္၊ သေဘာက်တယ္လုိ႔ ေျပာရင္ သိသိသာသာ ေက်နပ္ၾကတာပါဘဲ။ ဒီလုိအေနအထားနဲ႔ ေကာင္ေလးတစ္ေယာက္က ကုိယ့္ေကာင္မေလးကို အီစီကလီေတြလုပ္ေနတယ္ဆုိရင္ ကုိယ္က ဘယ္လုိသေဘာထားရမလဲဆုိတာကုိ မွ်ေ၀လုိက္ပါတယ္။
(၁) ခ်စ္သူနဲ႔ ကိုယ့္ရဲ႕ ဆက္ဆံေရးကို အရင္ဆန္းစစ္ပါ(၁) ခ်စ္သူနဲ႔ ကိုယ့္ရဲ႕ ဆက္ဆံေရးကို အရင္ဆန္းစစ္ပါ

ကိုယ့္ခ်စ္သူက ကုိယ့္အေပၚ အေလးအနက္ထားမႈ ေလွ်ာ့သြားၿပီး၊ ဒီၾကားေနေကာင္ေလးတစ္ေယာက္ ၀င္လာၿပီးေနာက္
ပုိင္း ေအးတိေအးစက္ ျဖစ္သြားတာလား။ ဟက္ဟက္ပတ္ပတ္ မရွိေတာ့ဘူးလား။ ဒီလုိ ကိုယ့္အေပၚမွာ တစ္ခုခု ေျပာင္းလဲ
ေနတယ္ ခံစားရရင္ေတာ့ မေပါ့ဆသင့္ပါဘူး။ ကိုယ့္ခ်စ္သူနဲ႔ ေျဗာင္ရွင္းသင့္ ရွင္းထားရပါမယ္။ သူမနဲ႔ တစ္ျခားေကာင္ေလး
ေတြရဲ႕ ဘယ္လုိ ဆက္ဆံေရးမ်ိဳးဟာ ကုိယ့္အတြက္ေတာ့ ကသိကေအာက္ျဖစ္ေစတယ္ဆုိတာေပါ့။

(၂) အီစီကလီလုပ္တာလား၊ ေသြး႐ုိးသား႐ုိးလား ခြဲျခားတတ္ပါေစ

သ၀န္တုိတဲ့စိတ္နဲ႔ၾကည့္ေနရင္ေတာ့ အျမင္က မွန္မွာ မဟုတ္ပါဘူး။ ဒီေတာ့ အျမင္မွန္ဖုိ႔အတြက္ ျဖစ္ေနတဲ့ ျပႆနာကုိ ရွင္းရွင္းလင္းလင္း သိဖုိ႔လုိပါတယ္။ မ႐ုိးသားသူေတြကို အကဲခတ္တဲ့အခါ ပုိၿပီးသိသာပါတယ္။ ႏွစ္ေယာက္စလုံး မ႐ုိးသားရင္ ႏွစ္ေယာက္စလုံးရဲ႕ ဆက္ဆံေရးက သိသာပါတယ္။ ဒါကေတာ့ သင့္ရဲ႕လူကဲခပ္ စြမ္းရည္ေပၚ မူတည္တာ ေပါ့ဗ်ာ။

(၃) ေဒါသမထြက္ပဲ ေျဖရွင္းဖုိ႔ ႀကိဳးစားပါ

တကယ္လုိ႔ ေသခ်ာတဲ့ မ႐ုိးသားမႈကုိေတြ႕ရင္ေတာ့ ကိုယ္က ေဒါသေပါက္ကြဲဖုိ႔ မလုိပါဘူး။ ဒီလုိအေျခအေနမွာ ေပါက္ကြဲရင္ ပြဲလန္႔တုန္း ဖ်ာ တကယ္အခင္းခံရတတ္ပါတယ္။ ဒီေတာ့ ခ်စ္သူကိုလည္း ေကာင္းေကာင္းကန္းကန္း ရွင္းျပပါ။ ေနာက္ အီစီကလီလုပ္ဖုိ႔ ႀကိဳးစားတဲ့ ေကာင္ေလးကုိလည္း ေအးေအးေဆးေဆး ရင္ဆုိင္ေျဖရွင္းဖုိ႔ ႀကိဳးစားပါ။ တစ္ခ်ိဳ႕ျပႆနာရပ္
ဟာ ဒီအေျခအေနနဲ႔တင္ ၿပီးသြားတတ္ပါတယ္။

(၄) ခ်စ္သူနဲ႔ တုိင္တုိင္ပင္ပင္ ျပဳလုပ္ပါ

ဒီကိစၥမ်ိဳးဆုိတာ ေပါက္ကြဲဖုိ႔မသင့္ဘူးလုိ႔ ေျပာခဲ့တာက အခုလုိ ႏွစ္ဦးတုိင္တုိင္ပင္ပင္ ေျဖရွင္းတဲ့အခါမွာ အသုံး၀င္ပါတယ္။ ကုိယ့္ဘက္က သေဘာထားႀကီးသလုိ ေနျပမွ သူလည္း မွားမွန္းသိၿပီး၊ ဆင္ျခင္ဖုိ႔ ႀကိဳးစားမွာပါ။ ဒီေတာ့ အရင္ဆုံး ကိုယ့္အ
ခ်င္းခ်င္း စိတ္၀မ္းကြဲဖုိ႔ ဦးစားေပးပါ။ ေႏွာက္ယွက္ေနတဲ့လူကုိ လူမႈေရးအရ ေရွာင္ရွားဖုိ႔ တုိင္ပင္ပါ။

(၄) ေနာက္ဆုံးအဆင့္

ဘယ္လုိမွာ တားဆီးမရေတာ့ဘူးဆုိရင္ ျပတ္ျပတ္သားသား ေမးပါ။ သူတုိ႔ခ်င္း ပတ္သက္မႈကို ရပ္တန္႔မလား၊ သင္တုိ႔ရဲ႕ ဆက္ဆံေရးကို အဆုံးသတ္မလား၊ ကိုယ့္ဘက္က ဒီေလာက္ သေဘာထားႀကီးႀကီး ရွင္းျပတာေတာင္မွ သူတုိ႔က ဆက္ကဲမယ္ဆုိရင္ေတာ့ သင့္ဘက္ကလည္း သူၾကင္မွကိုယ္ၾကင္မယ္ဆုိတဲ့ စိတ္မ်ိဳးထားလုိက္ၿပီး၊ one goes two come လုပ္လုိက္ပါ။

Credit:(Shwemom)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူရှိတဲ့သူကို အီစီကလီ အတင်းဝင် လုပ်ကြတာမျိုး ကြုံဖူးချင် ကြုံဖူးကြပါလိမ့်မယ်။ တစ်ခါတလေ သိပ်ရင်းနီးတဲ့သူငယ်
ချင်းအချင်းတောင် ကိုယ့်ချစ်သူကို မြှူတာလိုလို၊ အထာပေးတာလိုလိုတွေ လုပ်လေ့ရှိတတ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတိုင်းဟာ ဖောက်ပြန်လိုတဲ့စိတ်လို့ ပြောလို့မရတဲ့ ထူးခြားတဲ့ စိတ်ကလေးရှိပါတယ်။

အဲဒါကတော့ ကိုယ့်ကို လှတယ်၊ ချောတယ်၊ သဘောကျတယ်လို့ ပြောရင် သိသိသာသာ ကျေနပ်ကြတာပါဘဲ။ ဒီလိုအနေအထားနဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကောင်မလေးကို အီစီကလီတွေလုပ်နေတယ်ဆိုရင် ကိုယ်က ဘယ်လိုသဘောထားရမလဲဆိုတာကို မျှဝေလိုက်ပါတယ်။
(၁) ချစ်သူနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို အရင်ဆန်းစစ်ပါ(၁) ချစ်သူနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကို အရင်ဆန်းစစ်ပါ

ကိုယ့်ချစ်သူက ကိုယ့်အပေါ် အလေးအနက်ထားမှု လျှော့သွားပြီး၊ ဒီကြားနေကောင်လေးတစ်ယောက် ဝင်လာပြီးနောက်
ပိုင်း အေးတိအေးစက် ဖြစ်သွားတာလား။ ဟက်ဟက်ပတ်ပတ် မရှိတော့ဘူးလား။ ဒီလို ကိုယ့်အပေါ်မှာ တစ်ခုခု ပြောင်းလဲ
နေတယ် ခံစားရရင်တော့ မပေါ့ဆသင့်ပါဘူး။ ကိုယ့်ချစ်သူနဲ့ ဗြောင်ရှင်းသင့် ရှင်းထားရပါမယ်။ သူမနဲ့ တစ်ခြားကောင်လေး
တွေရဲ့ ဘယ်လို ဆက်ဆံရေးမျိုးဟာ ကိုယ့်အတွက်တော့ ကသိကအောက်ဖြစ်စေတယ်ဆိုတာပေါ့။

(၂) အီစီကလီလုပ်တာလား၊ သွေးရိုးသားရိုးလား ခွဲခြားတတ်ပါစေ

သဝန်တိုတဲ့စိတ်နဲ့ကြည့်နေရင်တော့ အမြင်က မှန်မှာ မဟုတ်ပါဘူး။ ဒီတော့ အမြင်မှန်ဖို့အတွက် ဖြစ်နေတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ မရိုးသားသူတွေကို အကဲခတ်တဲ့အခါ ပိုပြီးသိသာပါတယ်။ နှစ်ယောက်စလုံး မရိုးသားရင် နှစ်ယောက်စလုံးရဲ့ ဆက်ဆံရေးက သိသာပါတယ်။ ဒါကတော့ သင့်ရဲ့လူကဲခပ် စွမ်းရည်ပေါ် မူတည်တာ ပေါ့ဗျာ။

(၃) ဒေါသမထွက်ပဲ ဖြေရှင်းဖို့ ကြိုးစားပါ

တကယ်လို့ သေချာတဲ့ မရိုးသားမှုကိုတွေ့ရင်တော့ ကိုယ်က ဒေါသပေါက်ကွဲဖို့ မလိုပါဘူး။ ဒီလိုအခြေအနေမှာ ပေါက်ကွဲရင် ပွဲလန့်တုန်း ဖျာ တကယ်အခင်းခံရတတ်ပါတယ်။ ဒီတော့ ချစ်သူကိုလည်း ကောင်းကောင်းကန်းကန်း ရှင်းပြပါ။ နောက် အီစီကလီလုပ်ဖို့ ကြိုးစားတဲ့ ကောင်လေးကိုလည်း အေးအေးဆေးဆေး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါ။ တစ်ချို့ပြဿနာရပ်
ဟာ ဒီအခြေအနေနဲ့တင် ပြီးသွားတတ်ပါတယ်။

(၄) ချစ်သူနဲ့ တိုင်တိုင်ပင်ပင် ပြုလုပ်ပါ

ဒီကိစ္စမျိုးဆိုတာ ပေါက်ကွဲဖို့မသင့်ဘူးလို့ ပြောခဲ့တာက အခုလို နှစ်ဦးတိုင်တိုင်ပင်ပင် ဖြေရှင်းတဲ့အခါမှာ အသုံးဝင်ပါတယ်။ ကိုယ့်ဘက်က သဘောထားကြီးသလို နေပြမှ သူလည်း မှားမှန်းသိပြီး၊ ဆင်ခြင်ဖို့ ကြိုးစားမှာပါ။ ဒီတော့ အရင်ဆုံး ကိုယ့်အ
ချင်းချင်း စိတ်ဝမ်းကွဲဖို့ ဦးစားပေးပါ။ နှောက်ယှက်နေတဲ့လူကို လူမှုရေးအရ ရှောင်ရှားဖို့ တိုင်ပင်ပါ။

(၄) နောက်ဆုံးအဆင့်

ဘယ်လိုမှာ တားဆီးမရတော့ဘူးဆိုရင် ပြတ်ပြတ်သားသား မေးပါ။ သူတို့ချင်း ပတ်သက်မှုကို ရပ်တန့်မလား၊ သင်တို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်မလား၊ ကိုယ့်ဘက်က ဒီလောက် သဘောထားကြီးကြီး ရှင်းပြတာတောင်မှ သူတို့က ဆက်ကဲမယ်ဆိုရင်တော့ သင့်ဘက်ကလည်း သူကြင်မှကိုယ်ကြင်မယ်ဆိုတဲ့ စိတ်မျိုးထားလိုက်ပြီး၊ one goes two come လုပ်လိုက်ပါ။


Credit:(Shwemom)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top