iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္ျမင့္ဖိနပ္တစ္ရံ ဝယ္ရတာက တခါတေလ ထီထုိးရတာနဲ႔ တူပါတယ္။ အထူးသျဖင့္ ေဒါက္ဖိနပ္ေတြကုိ အြန္လိုင္းကဝယ္တဲ့အခါ စီးရတာအဆင္ေျပပါ့မလားဆုိတာ စမ္းျပီးစီးၾကည့္လို႔ မရတာေၾကာင့္ ဝယ္ျပီးမွ ေျခေထာက္ေတြကို ဆုိးဆိုးရြားရြားနာေစႏုိင္မလား၊ ေျခဖေနာင့္ေတြေပါက္တာ၊ အေၾကာေတြနာတာေတြျဖစ္ေစႏုိင္မလားဆိုတာ မသိႏုိင္ၾကပါဘူး။ တခ်ဳိ႕ရႈးအနိမ့္ေလးေတြမို႔လို႔ သက္ေတာင့္သက္တာျဖစ္မယ္ထင္ျပီး ဝယ္လုိက္ေပမဲ့ စီးၾကည့္တဲ့အခါက်မွ အဆုိးဆုံးျဖစ္ေနတာမ်ဳိးေတြလည္း ရွိတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္လို႔ ၂ စကၠန္႔ေလာက္အတြင္းမွာပဲ ေဒါက္ျမင့္ဖိနပ္တစ္ရံကိုၾကည့္ျပီး ေျခေထာက္နဲ႔အဆင္ေျပမေျပကို သိႏုိင္တဲ့နည္းကို ေျပာျပေပးပါမယ္။
 
ဒါကေတာ့ ဖိနပ္အတြင္းပုိင္းရဲ႕ထိပ္ပိုင္းကေန ေျခဖေနာင့္ေနရာၾကားအကြာအေဝးကို ၾကည့္ျပီးသိႏုိင္တာပဲ ျဖစ္ပါတယ္။ အကြာအေဝးပိုရွည္ေလ( ၃ စင္တီမီတာ သို႔မဟုတ္ ၃ စင္တီမီတာအထက္ရွိရင္) ဖိနပ္ကပိုျပီး သက္ေတာင့္သက္တာရွိေလပဲ ျဖစ္ပါတယ္။ ဒီႏွစ္ခုၾကားအကြာေဝးက ဖိနပ္အတြင္းပိုင္းရဲ႕ ေလွ်ာေစာက္ကို သတ္မွတ္ေပးပါတယ္။ အကြာအေဝးပိုတုိေလ(၂.၅ စင္တီမီတာ သို႔မဟုတ္ ၂.၅ စင္တီမီတာေအာက္ငယ္) ေလွ်ာက္ေစာက္ပိုနက္ျပီး ေျခေခ်ာင္းေတြဆီကို အေလးခ်ိန္ပိုေရာက္ကာ မသက္မသာျဖစ္ေစမွာပဲျဖစ္ပါတယ္။
 
ဒါေၾကာင့္ ဖိနပ္သစ္တစ္ရံဝယ္ေတာ့မယ္ဆုိရင္ ေပတံၾကိဳးတစ္ခုယူျပီး ဖိနပ္အတြင္းပိုင္းအကြာအေဝးကို တုိင္းၾကည့္ပါ။ ဒါဆုိရင္ ေဒါက္ျမင့္ဖိနပ္က ေျခေထာက္ကို သက္ေတာင့္သက္တာျဖစ္ေစ၊ မျဖစ္ေစႏုိင္တာကို သိႏုိင္မွာျဖစ္ပါတယ္။
သင္က အြန္လိုင္းကေနဝယ္တာျဖစ္မယ္ဆုိရင္ ေဒါက္ဖိနပ္ကို တုိက္ရုိက္တုိင္းၾကည့္လို႔မရႏုိင္ေပမဲ့ သင့္ရဲ႕ ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚမွာ ဒီဖိနပ္ကိုတုိင္းျပီး အဲ့ဒီဆုိက္ထဲကပဲ တျခားေဒါက္ျမင့္ဖိနပ္ေတြနဲ႔ ယွဥ္ၾကည့္ပါ။ ဖိနပ္အတြင္းပိုင္းထိပ္ဖ်ားကေန ေျခဖေနာင့္အထိ အကြာအေဝးပိုရွည္တဲ့ ေဒါက္ဖိနပ္က ပိုျပီးသက္ေတာင့္သက္တာရွိတဲ့အတြက္ ပိုတုိတဲ့ ဖိနပ္ေတြကို မဝယ္သင့္ပါဘူး။
 
 Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ဒေါက်မြင့်ဖိနပ်တစ်ရံ ဝယ်ရတာက တခါတလေ ထီထိုးရတာနဲ့ တူပါတယ်။ အထူးသဖြင့် ဒေါက်ဖိနပ်တွေကို အွန်လိုင်းကဝယ်တဲ့အခါ စီးရတာအဆင်ပြေပါ့မလားဆိုတာ စမ်းပြီးစီးကြည့်လို့ မရတာကြောင့် ဝယ်ပြီးမှ ခြေထောက်တွေကို ဆိုးဆိုးရွားရွားနာစေနိုင်မလား၊ ခြေဖနောင့်တွေပေါက်တာ၊ အကြောတွေနာတာတွေဖြစ်စေနိုင်မလားဆိုတာ မသိနိုင်ကြပါဘူး။ တချို့ရှုးအနိမ့်လေးတွေမို့လို့ သက်တောင့်သက်တာဖြစ်မယ်ထင်ပြီး ဝယ်လိုက်ပေမဲ့ စီးကြည့်တဲ့အခါကျမှ အဆိုးဆုံးဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်လို့ ၂ စက္ကန့်လောက်အတွင်းမှာပဲ ဒေါက်မြင့်ဖိနပ်တစ်ရံကိုကြည့်ပြီး ခြေထောက်နဲ့အဆင်ပြေမပြေကို သိနိုင်တဲ့နည်းကို ပြောပြပေးပါမယ်။

ဒါကတော့ ဖိနပ်အတွင်းပိုင်းရဲ့ထိပ်ပိုင်းကနေ ခြေဖနောင့်နေရာကြားအကွာအဝေးကို ကြည့်ပြီးသိနိုင်တာပဲ ဖြစ်ပါတယ်။ အကွာအဝေးပိုရှည်လေ( ၃ စင်တီမီတာ သို့မဟုတ် ၃ စင်တီမီတာအထက်ရှိရင်) ဖိနပ်ကပိုပြီး သက်တောင့်သက်တာရှိလေပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုကြားအကွာဝေးက ဖိနပ်အတွင်းပိုင်းရဲ့ လျှောစောက်ကို သတ်မှတ်ပေးပါတယ်။ အကွာအဝေးပိုတိုလေ(၂.၅ စင်တီမီတာ သို့မဟုတ် ၂.၅ စင်တီမီတာအောက်ငယ်) လျှောက်စောက်ပိုနက်ပြီး ခြေချောင်းတွေဆီကို အလေးချိန်ပိုရောက်ကာ မသက်မသာဖြစ်စေမှာပဲဖြစ်ပါတယ်။


ဒါကြောင့် ဖိနပ်သစ်တစ်ရံဝယ်တော့မယ်ဆိုရင် ပေတံကြိုးတစ်ခုယူပြီး ဖိနပ်အတွင်းပိုင်းအကွာအဝေးကို တိုင်းကြည့်ပါ။ ဒါဆိုရင် ဒေါက်မြင့်ဖိနပ်က ခြေထောက်ကို သက်တောင့်သက်တာဖြစ်စေ၊ မဖြစ်စေနိုင်တာကို သိနိုင်မှာဖြစ်ပါတယ်။
သင်က အွန်လိုင်းကနေဝယ်တာဖြစ်မယ်ဆိုရင် ဒေါက်ဖိနပ်ကို တိုက်ရိုက်တိုင်းကြည့်လို့မရနိုင်ပေမဲ့ သင့်ရဲ့ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ဒီဖိနပ်ကိုတိုင်းပြီး အဲ့ဒီဆိုက်ထဲကပဲ တခြားဒေါက်မြင့်ဖိနပ်တွေနဲ့ ယှဉ်ကြည့်ပါ။ ဖိနပ်အတွင်းပိုင်းထိပ်ဖျားကနေ ခြေဖနောင့်အထိ အကွာအဝေးပိုရှည်တဲ့ ဒေါက်ဖိနပ်က ပိုပြီးသက်တောင့်သက်တာရှိတဲ့အတွက် ပိုတိုတဲ့ ဖိနပ်တွေကို မဝယ်သင့်ပါဘူး။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top