iMyanmarHouse.com - Best Property Website for Myanmar
×

သင္တန္းမွာ၊ ေက်ာင္းမွာ၊ ဒါမွမဟုတ္ တစ္ေနရာရာမွာ သင္စိတ္၀င္စားတဲ့သူတစ္ေယာက္ေယာက္နဲ႕ ဆံုျပီး စကားစျမည္ေျပာဖူးတဲ့အထိ ခင္မင္ရင္းႏွီးသြားၾကတယ္ဆိုပါစို႕။ သူ႕ဖုန္းနံပါတ္၊ ကိုယ့္ဖုန္းနံပါတ္ေတြေပးျပီး ဖုန္းေတြဆက္၊ မတ္ေဆ့ခ်္ေတြ ပို႕ေနေပမယ့္ ခ်က္ခ်င္းရုတ္တရက္ တစ္ဖက္က ဘာမွေပးပုိ႕မလာေတာ့တာ၊ ကိုယ္ဖုန္းဆက္တဲ့အခါ မကိုင္ေတာ့တာမ်ိဳး ျဖစ္လာရင္ ငါဘာမ်ားအမွားလုပ္မိလုိ႕လဲ၊ ဒါမွမဟုတ္ သူဖုန္းမ်ားေပ်ာက္သြားတာလား ဘာညာေတြးမိႏိုင္ပါတယ္။ ဘာလုိ႕လဲဆုိေတာ့ ဘယ္သူကမွ ကိုယ့္ကိုရုတ္တရက္ ဘာမေျပာညာမေျပာနဲ႕ အဆက္အသြယ္ျဖတ္လိုက္တာမ်ိဳး မခံႏိုင္ၾကလို႕ပါပဲ။ ဒါေပမယ့္ သင္သိထားဖုိ႕က သင့္ကိုစိတ္၀င္စားသလိုလို အီစီကလီလုပ္ျပီးမွ သင့္ေဘးကေန ရုတ္တရက္ခ်က္ခ်င္းဆုိသလို ေပ်ာက္သြားတတ္တဲ့သူေတြ ရွိပါတယ္။ အဲ့ဒီလူေတြကလည္း သူတုိ႕အထင္၊ သူတုိ႕ဆံုးျဖတ္ခ်က္အတုိင္း ဒီလို သက္သက္ကိုလုပ္သြားၾကတာပါ။ အဲ့ဒီလိုလူမ်ိဳးအမ်ားစုက ဒီရာသီခြင္ (၄) မ်ိဳး ျဖစ္ေနတတ္တာမ်ားပါတယ္။

Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )

ဒီရာသီဖြားေတြဟာ ထပ္ခါထပ္ခါ လုပ္ေဆာင္ရတာေတြ၊ အခ်ိန္ဇယားေတြကို မုန္းတတ္သူေတြပါ။ ဒီေတာ့ သူတုိ႕ဟာ တျပိဳင္နက္ထဲမွာ ကိစၥေတာ္ေတာ္မ်ားမ်ားကို ျပီးေအာင္ ေဆာင္ရြက္တတ္သူေတြလို႕ေျပာရင္ မမွားပါဘူး။ သင္နဲ႕တစ္ေနရာရာမွာ သူနဲ႕ဆံုမယ္၊ ခင္မင္ရင္းနွီးသြားခ်ိန္မွာ၊ သင့္လိုပဲ သူနဲ႕တစ္ခ်ိန္တည္း ခင္မင္ရင္းနွီးသြား တဲ့သူေတြ ေလး၊ ငါးေယာက္မကရွိေနတတ္ပါတယ္။ ဒီအထဲကမွ သူက ဘယ္သူက သူနဲ႕အသင့္ေတာ္ဆံုးလဲ ဆုိတာမ်ိဳး ေရြးျပီး အဲ့ဒီတစ္ေယာက္ကုိပဲ အဆက္အသြယ္ ဆက္ျပီး လုပ္တတ္ပါတယ္။ က်န္တဲ့သူေတြကို လ်စ္လ်ဴရႈပစ္လိုက္ပါတယ္။ ဘာဖုန္းမွမကိုင္၊ ဘာမတ္ေဆ့ခ်္မွမျပန္ေတာ့ပါဘူး။ ဒီေတာ့ အဆံုးသတ္အေျခအေနက လ်စ္လ်ဴရႈပစ္ခံလိုက္ရသူေတြက သူတုိ႕အေျခအေန ဘယ္လိုျဖစ္မွန္းမသိ အူေၾကာင္ေၾကာင္ စဥ္းစားရခက္သြားတာမ်ိဳဳးေပါ့။

Libra - တူ ရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ - ေအာက္တိုဘာလ ၂၂ ရက္ )

တူရာသီဖြားေတြဟာ ခ်ိဳသာျပီး ဆက္ဆံေရးေကာင္းလြန္းတာမို႕ တစ္ပါးသူကို ခ်က္ခ်င္းအဆက္အသြယ္ျဖတ္၊ ရက္စက္တတ္သူလို႕ ထင္စရာမရွိပါဘူး။ ဒါေပမယ့္ သူ႕ကိုအီစီကလီလုပ္ေနတဲ့သူေတြဆီက ခ်က္ခ်င္း ရုတ္တရက္ ေပ်ာက္သြားရတဲ့ အေၾကာင္းအရင္းကလည္း တူရာသီဖြားေတြရဲ႕ ေစတနာလုိ႕ေတာင္ ဆုိရပါလိမ့္မယ္။ သူတုိ႕ဒီလိုလုပ္ရျခင္းက သူတုိ႕ရဲ႕ ဆံုးျဖတ္ခ်က္တစ္ခုေၾကာင့္ပါ။ သူက ဒိတ္လုပ္ျပီး အိမ္ေရာက္တဲ့အခါ ငါသူနဲ႕အဆင္ေျပပါ့မလား အျမဲျပန္လည္သံုးသပ္ၾကည့္တတ္ပါတယ္။ အဲ့ဒီလို သံုးသပ္ၾကည့္လို႕ အဆင္မေျပႏိုင္မွန္းသိရင္ သူကခ်က္ခ်င္း အဆက္အသြယ္ ျဖတ္လိုက္ပါတယ္။ ဘာလို႕လဲဆုိေတာ့ ၾကိဳးရွည္ရွည္နဲ႕လွန္ထားရင္ တစ္ဖက္လူ ပိုခံစားရမယ္ဆုိတဲ့ စိတ္နဲ႕ပါတဲ့။

Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ - ဒီဇင္ဘာလ ၂၁ ရက္ )

ဓႏုရာသီဖြားေတြကေတာ့ သူတုိ႕လုပ္ႏိုင္တာထက္၊ တာ၀န္ယူႏိုင္တာထက္ပိုျပီး ကတိေပးတတ္တဲ့ အက်င့္ဆိုးရွိေနပါတယ္။  တစ္ခါတစ္ေလ သူ တကယ္စိတ္မ၀င္စားတဲ့သူကိုလညး္ စိတ္၀င္စားဟန္ ေျပာဆုိျပဳမူမိတာမ်ိဳးေတြ ရွိတတ္ပါတယ္။ အဲ့ဒီလို ေျပာဆိုမိလိုက္ျပီးကာမွ သူတကယ္စိတ္မ၀င္စားဘူးဆုိတာ ေသခ်ာသိလိုက္ျပီဆုိရင္ စိတ္မ၀င္စားတဲ့အေၾကာင္း အေၾကာင္းအမ်ိဳးမ်ိဳးျပ ေျပာဆုိတတ္ပါတယ္။ တစ္ဖက္လူကိုလည္း ယဥ္ယဥ္ေက်းေက်းနဲ႕ သူမဟုတ္ပဲ အျခားလူတစ္ေယာက္နဲ႕ ပိုအဆင္ေျပႏိုင္တယ္ဆုိတာ အရိပ္အျမြက္သေဘာ ေျပာတတ္ပါတယ္။ တစ္ဖက္လူက ဒါကိုသေဘာမေပါက္ပဲ သူ႕ကိုဆက္ခ်ဥ္းကပ္ေနဦးမယ္ဆုိရင္ေတာ့ ဓႏုရာသီဖြားေတြဟာ တစ္ေယာက္တညး္ ခရီးေကာက္ထြက္သြားတာမ်ိဳး၊ အားလံုးနဲ႕ အဆက္အသြယ္ျဖတ္တစ္ေယာက္တညး္ သီးသန္႕ေနတာမ်ိဳးေတြ လုပ္တတ္ပါတယ္။

Aquarius - ကံုရာသီဖြား ( ဇန္န၀ါရီလ ၂၀ ရက္ - ေဖေဖာ္၀ါရီလ ၁၈ ရက္ )

ကံုရာသီဖြားေတြက်ေတာ့ လူတစ္ေယာက္နဲ႕လြယ္လြယ္မတြဲခ်င္တတ္ၾကပါဘူး။ လူတစ္ေယာက္ကို တစ္ပတ္၊ ႏွစ္ပတ္ေလာက္ ေသခ်ာေလ့လာျပီး အဲ့ဒီလူနဲ႕ဆို ဘယ္လိုဆက္ဆံေရးမ်ိဳးျဖစ္လိမ့္မလဲ သံုးသပ္တတ္ပါတယ္။ ကတိေတြဘာေတြေပးတာမ်ိဳးလည္း မလုပ္တတ္ၾကပါဘူး။ ဒါကိုမွ တစ္ဖက္က အေလးအနက္ထားလာျပီဆုိရင္ေတာ့ ကံုရာသီဖြားေတြက ခ်က္ခ်င္းဆုိသလို အဲ့ဒီဆက္ဆံေရးကို အဆံုးသတ္ပစ္တတ္ၾကပါတယ္။ တစ္ဖက္လူကို ကိုယ္စိတ္မ၀င္စားဘူဆုိတာ သိသာေစဖုိ႕ ဘာမဆုိလုပ္ျပဖုိ႕ ၀န္မေလးသူေတြပါ။
Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သင်တန်းမှာ၊ ကျောင်းမှာ၊ ဒါမှမဟုတ် တစ်နေရာရာမှာ သင်စိတ်ဝင်စားတဲ့သူတစ်ယောက်ယောက်နဲ့ ဆုံပြီး စကားစမြည်ပြောဖူးတဲ့အထိ ခင်မင်ရင်းနှီးသွားကြတယ်ဆိုပါစို့။ သူ့ဖုန်းနံပါတ်၊ ကိုယ့်ဖုန်းနံပါတ်တွေပေးပြီး ဖုန်းတွေဆက်၊ မတ်ဆေ့ချ်တွေ ပို့နေပေမယ့် ချက်ချင်းရုတ်တရက် တစ်ဖက်က ဘာမှပေးပို့မလာတော့တာ၊ ကိုယ်ဖုန်းဆက်တဲ့အခါ မကိုင်တော့တာမျိုး ဖြစ်လာရင် ငါဘာများအမှားလုပ်မိလို့လဲ၊ ဒါမှမဟုတ် သူဖုန်းများပျောက်သွားတာလား ဘာညာတွေးမိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ကိုယ့်ကိုရုတ်တရက် ဘာမပြောညာမပြောနဲ့ အဆက်အသွယ်ဖြတ်လိုက်တာမျိုး မခံနိုင်ကြလို့ပါပဲ။ ဒါပေမယ့် သင်သိထားဖို့က သင့်ကိုစိတ်ဝင်စားသလိုလို အီစီကလီလုပ်ပြီးမှ သင့်ဘေးကနေ ရုတ်တရက်ချက်ချင်းဆိုသလို ပျောက်သွားတတ်တဲ့သူတွေ ရှိပါတယ်။ အဲ့ဒီလူတွေကလည်း သူတို့အထင်၊ သူတို့ဆုံးဖြတ်ချက်အတိုင်း ဒီလို သက်သက်ကိုလုပ်သွားကြတာပါ။ အဲ့ဒီလိုလူမျိုးအများစုက ဒီရာသီခွင် (၄) မျိုး ဖြစ်နေတတ်တာများပါတယ်။


Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )


ဒီရာသီဖွားတွေဟာ ထပ်ခါထပ်ခါ လုပ်ဆောင်ရတာတွေ၊ အချိန်ဇယားတွေကို မုန်းတတ်သူတွေပါ။ ဒီတော့ သူတို့ဟာ တပြိုင်နက်ထဲမှာ ကိစ္စတော်တော်များများကို ပြီးအောင် ဆောင်ရွက်တတ်သူတွေလို့ပြောရင် မမှားပါဘူး။ သင်နဲ့တစ်နေရာရာမှာ သူနဲ့ဆုံမယ်၊ ခင်မင်ရင်းနှီးသွားချိန်မှာ၊ သင့်လိုပဲ သူနဲ့တစ်ချိန်တည်း ခင်မင်ရင်းနှီးသွား တဲ့သူတွေ လေး၊ ငါးယောက်မကရှိနေတတ်ပါတယ်။ ဒီအထဲကမှ သူက ဘယ်သူက သူနဲ့အသင့်တော်ဆုံးလဲ ဆိုတာမျိုး ရွေးပြီး အဲ့ဒီတစ်ယောက်ကိုပဲ အဆက်အသွယ် ဆက်ပြီး လုပ်တတ်ပါတယ်။ ကျန်တဲ့သူတွေကို လျစ်လျူရှုပစ်လိုက်ပါတယ်။ ဘာဖုန်းမှမကိုင်၊ ဘာမတ်ဆေ့ချ်မှမပြန်တော့ပါဘူး။ ဒီတော့ အဆုံးသတ်အခြေအနေက လျစ်လျူရှုပစ်ခံလိုက်ရသူတွေက သူတို့အခြေအနေ ဘယ်လိုဖြစ်မှန်းမသိ အူကြောင်ကြောင် စဉ်းစားရခက်သွားတာမျိုုးပေါ့။


Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )


တူရာသီဖွားတွေဟာ ချိုသာပြီး ဆက်ဆံရေးကောင်းလွန်းတာမို့ တစ်ပါးသူကို ချက်ချင်းအဆက်အသွယ်ဖြတ်၊ ရက်စက်တတ်သူလို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် သူ့ကိုအီစီကလီလုပ်နေတဲ့သူတွေဆီက ချက်ချင်း ရုတ်တရက် ပျောက်သွားရတဲ့ အကြောင်းအရင်းကလည်း တူရာသီဖွားတွေရဲ့ စေတနာလို့တောင် ဆိုရပါလိမ့်မယ်။ သူတို့ဒီလိုလုပ်ရခြင်းက သူတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့်ပါ။ သူက ဒိတ်လုပ်ပြီး အိမ်ရောက်တဲ့အခါ ငါသူနဲ့အဆင်ပြေပါ့မလား အမြဲပြန်လည်သုံးသပ်ကြည့်တတ်ပါတယ်။ အဲ့ဒီလို သုံးသပ်ကြည့်လို့ အဆင်မပြေနိုင်မှန်းသိရင် သူကချက်ချင်း အဆက်အသွယ် ဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ကြိုးရှည်ရှည်နဲ့လှန်ထားရင် တစ်ဖက်လူ ပိုခံစားရမယ်ဆိုတဲ့ စိတ်နဲ့ပါတဲ့။


Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )


ဓနုရာသီဖွားတွေကတော့ သူတို့လုပ်နိုင်တာထက်၊ တာဝန်ယူနိုင်တာထက်ပိုပြီး ကတိပေးတတ်တဲ့ အကျင့်ဆိုးရှိနေပါတယ်။  တစ်ခါတစ်လေ သူ တကယ်စိတ်မဝင်စားတဲ့သူကိုလည်း စိတ်ဝင်စားဟန် ပြောဆိုပြုမူမိတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလို ပြောဆိုမိလိုက်ပြီးကာမှ သူတကယ်စိတ်မဝင်စားဘူးဆိုတာ သေချာသိလိုက်ပြီဆိုရင် စိတ်မဝင်စားတဲ့အကြောင်း အကြောင်းအမျိုးမျိုးပြ ပြောဆိုတတ်ပါတယ်။ တစ်ဖက်လူကိုလည်း ယဉ်ယဉ်ကျေးကျေးနဲ့ သူမဟုတ်ပဲ အခြားလူတစ်ယောက်နဲ့ ပိုအဆင်ပြေနိုင်တယ်ဆိုတာ အရိပ်အမြွက်သဘော ပြောတတ်ပါတယ်။ တစ်ဖက်လူက ဒါကိုသဘောမပေါက်ပဲ သူ့ကိုဆက်ချဉ်းကပ်နေဦးမယ်ဆိုရင်တော့ ဓနုရာသီဖွားတွေဟာ တစ်ယောက်တည်း ခရီးကောက်ထွက်သွားတာမျိုး၊ အားလုံးနဲ့ အဆက်အသွယ်ဖြတ်တစ်ယောက်တည်း သီးသန့်နေတာမျိုးတွေ လုပ်တတ်ပါတယ်။


Aquarius - ကုံရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )


ကုံရာသီဖွားတွေကျတော့ လူတစ်ယောက်နဲ့လွယ်လွယ်မတွဲချင်တတ်ကြပါဘူး။ လူတစ်ယောက်ကို တစ်ပတ်၊ နှစ်ပတ်လောက် သေချာလေ့လာပြီး အဲ့ဒီလူနဲ့ဆို ဘယ်လိုဆက်ဆံရေးမျိုးဖြစ်လိမ့်မလဲ သုံးသပ်တတ်ပါတယ်။ ကတိတွေဘာတွေပေးတာမျိုးလည်း မလုပ်တတ်ကြပါဘူး။ ဒါကိုမှ တစ်ဖက်က အလေးအနက်ထားလာပြီဆိုရင်တော့ ကုံရာသီဖွားတွေက ချက်ချင်းဆိုသလို အဲ့ဒီဆက်ဆံရေးကို အဆုံးသတ်ပစ်တတ်ကြပါတယ်။ တစ်ဖက်လူကို ကိုယ်စိတ်မဝင်စားဘူဆိုတာ သိသာစေဖို့ ဘာမဆိုလုပ်ပြဖို့ ဝန်မလေးသူတွေပါ။

Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top