iMyanmarHouse.com - Best Property Website for Myanmar
×


မျက်နှာဆေးခြင်း





Credit:မိုမိုလေး




Unicode Version

နွားနို့ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သောက်စရာတစ်မျိုးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ တကယ်တော့ နွားနို့မှာ ကျန်းမာရေးအပြင် အလှအပဆိုင်ရာ ဆံပင်နဲ့ မျက်နှာအသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အသုံးဝင်ပါတယ်။ နွားနို့အစိမ်းကို ဘယ်လိုပြုလုပ်ရင် အလှအပအတွက် ကောင်းမလဲဆိုတာ ဖတ်ကြည့်ရအောင်…

မျက်နှာဆေးခြင်း

မျက်နှာသစ်ဆပ်ပြာတွေ မသုံးဘဲ မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် နွားနို့ကို အသုံးပြုလို့ ရပါတယ်။ နွားနို့အစိမ်းကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ လိမ်းပေးပါ။ ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

မျက်နှာစိုပြည်စေခြင်း

နွားနို့အစိမ်းကို ခွက်တစ်ခုထဲ ထည့်ပါ။ ပြီးရင် ငှက်ပျောသီးတစ်လုံးကို ထည့်ပြီး ကျေညက်အောင် မွှေပါ။ ငှက်ပျောသီးနွားနို့ ခပ်ပျစ်ပျစ်လေး ဖြစ်လာပြီဆိုရင် မျက်နှာမှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါမှ ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါဆိုရင် မျက်နှာကြည်လင်ရုံသာမက စိုပြည်ဝင်းမွတ်နေမှာ အသေအချာပါပဲ။


Credit:မိုမိုလေး




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top