iMyanmarHouse.com - Best Property Website for Myanmar
×
















Unicode Version

ကလေးမွေးပြီး ချိန်တွင် အချင်းနှင့်ချက်ကြိုးမှ သွေး များကို သိမ်း ဆည်းထားခြင်းဖြင့် ရော ဂါအမျိုး ပေါင်း ၉၅မျိုးကျော်ကို ကု သနိုင်ကြောင်း ABC Medical Services မှ Operation Director ဒေါက်တာ ဝင်းမွန်သီက ပြောသည်။

ချက်ကြိုးသွေးဖြင့် ကုသနိုင်သော ရောဂါများ

ယင်းချက်ကြိုးသွေးကိုသွေး ကင်ဆာရောဂါ၊ ကိုယ်ခံအားနည်း ခြင်းရောဂါ ၊ ပြန်ရည်ကြောမှ ဖြစ် သောအဖု အကျိတ်ကင်ဆာရော ဂါ ၊ သွေးအကျိတ် ကင်ဆာရောဂါ၊ သွေး အားနည်းရောဂါ၊ ဆီးချို၊ သွေးချို၊ အ သက်အရွယ် အိုမင်းလာခြင်းကြောင့် ဖြစ်သော သတိမေ့ရောဂါ ၊ ဦးနှောက် အတွင်းရှိ အာရုံကြောဆဲလ်အစုအ ဝေးများအားနည်းလာသောရောဂါ၊ အာရုံကြောချွတ် ယွင်းသည့်ရောဂါ၊ ပင်မအာရုံကြောမကြီး ထိခိုက်ခြင်း ကြောင့် မသန် စွမ်းဖြစ်ခြင်း ၊ လေဖြတ် ရောဂါနှင့်မွေးကင်းစတွင်ကြွက်သား များပျော့ခွေခြင်းရော ဂါတို့ကို ကုသ နိုင်ကြောင်း သိရသည်။

”ကလေးကြီးလာလို့ ဒီလိုရော ဂါတွေဖြစ်ပွားမယ်ဆိုရင်လဲ ကုသ နိုင်သလို ကိုယ့်မိသားစုထဲကတစ် ယောက်ယောက်မှာ ရောဂါဖြစ်ပွား ခဲ့ရင်လဲ ကုသနိုင်တယ်။ ဆွေမျိုး တော်စပ်သူတွေရဲ့ ချက်ကြိုးသွေး အ ပြင် ဆွေမျိုး မတော်စပ်သူတွေရဲ့ချက် ကြိုးသွေးကိုလဲ အသုံးပြုပြီး ကုသနိုင် တယ်”ဟု ယင်းက ဆက်လက်ပြောသည်။

ချက်ကြိုးသွေးတွင် ပါဝင်သည့် ကလာပ်စည်းများ

ချက်ကြိုးသွေးတွင်ကလာပ် စည်းမျိုးစုံပါဝင်ကာရောဂါကုသရာ တွင် အသုံး ဝင်သောကလာပ်စည်း (StemCells) များပါဝင်ပြီး ယင်းက လာပ်စည်းများ သည် သန္ဓေသားနု စဉ်မှစ၍ ကိုယ်ဝန်တစ်လျှောက် လုံး ဖြစ်ပေါ် တည်ဆောက် ရသောခန္ဓာ ကိုယ်အစိတ်အပိုင်းများပြု လုပ်တည် ဆောက် ရာတွင် အသုံးပြုရသော အ ခြေခံပင်မ ကလာပ်စည်း များဖြစ်ပြီး အသည်း၊ နှလုံးနှင့်ဦးနှောက်ကဲ့သို့ အင်္ဂါများ တည်ဆောက်ရာ တွင် ပါ ဝင်ကြောင်း သိရသည်။

ဘာကြောင့်ကုသမှုတွင် အသုံးပြုနိုင်သလဲ

ရောဂါဖြစ်၍ ပျက်စီးသွားသော သွေးနှင့် သွေးဥများ၊ ကိုယ်ခံအားနှင့် ဆိုင်သည့်ကလာပ်စည်းများ၊ ရိုးတွင်း ခြင်ဆီများအတွက် အစားထိုး ကု သခြင်းကိုပြုလုပ်နိုင်ပြီး နှလုံးက လာပ်စည်း၊ အသည်းကလာပ်စည်း များ၊ သွေးအင်္ဂါများတွင် သွေးဥများ ရှိကြရာ ချက်ကြိုးသွေး ကိုအသုံးပြု ကုသခြင်းကြောင့် ၎င်းတို့ကလာပ် စည်းတစ်မျိုးစီအလိုက်ပြောင်းလဲ တိုးပွားလာကာ ပျက်စီးသွားသော နေရာ များတွင် ပြန်လည်ကြီးထွား လာပြီး ရောဂါပျောက်ကင်းစေနိုင် ကြောင်း သိရသည်။

”ဒီအချင်းဆိုတာကို အရင်က စွန့်ပစ်ကြတာပေါ့။ တကယ်တော့ ဒါဟာ လူတစ်ယောက်ရဲ့ကျန်းမာရေး အတွက် တကယ်ကို အသုံးဝင်ပါ တယ် ။ကျွန်မတို့ အရင်က ကုသလို့မပျောက် ခဲ့တဲ့ရောဂါတွေကို အခုဒီ StemCells ကိုအသုံးပြုပြီး ကုသနိုင်ပြီ။ ကိုယ့်သွေးကို ကိုယ်ပြန်လည် အသုံး ပြုတဲ့အတွက် အခြားသွေးတွေကို အသုံးပြုတာထက် ရောဂါကူးစက် မှုနည်းမယ်၊ ဓာတ်မတည့်မှုလဲ နည်း မယ်။ အခုဆိုရင်ကုသလို့ရတဲ့ရောဂါ ပေါင်း ၉၅မျိုးကျော်နေပါပြီ”ဟု ဒေါက်တာဝင်းမွန်သီက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် ချက်ကြိုးသွေး သိမ်းဆည်းခြင်းကို အနုပညာရှင်များ နှင့် အချို့သောမိသားစုများမှ ပြုလုပ် ကြပြီး ABC Medical Services မှ မြန်မာ နိုင်ငံရှိကလေး ၁၂ဝကျော် ၏ချက်ကြိုးသွေးကို ထိုင်းနိုင်ငံရှိ သွေး ဘဏ် တစ်ခုဖြစ်သော Cryoviva Thailand Co.,Ltd တွင် ဆက်သွယ် သိမ်း ဆည်းပေး ထားကာ ငွေကြေး အားဖြင့် ကန်ဒေါ်လာ ၄၆၀၀ မှ ၉၁၀ဝ အထိရှိကြောင်း သိရသည်။


Credit:MTZ – Democracytoday‬



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top